0 Shares 93 Views

Samsung ၏ အဆံုးအစမဲ့မ်က္ႏွာျပင္ ႏွင့္ Dual Camera ပါဝင္ေသာ Galaxy စမတ္ဖုန္းအသစ္ A8 Star အား ျမန္မာႏိုင္ငံတြင္ မိတ္ဆက္

Jun 30, 2018
0 93

[Zawgyi]

ရန္ကုန္၊ ျမန္မာ ဇြန္လ၂၇ရက္၊၂၀၁၈ ခုႏွစ္ – အဆံုးအစမဲ့ ၆.၃ လက္မ FHD+ sAMOLED ဖုန္းမ်က္ႏွာျပင္ႏွင့္ စြမ္းေဆာင္ရည္ျမင့္ Dual Camera ပါဝင္သည့္ ေနာက္ဆံုးေပၚ Galaxy A8 Star စမတ္ဖုန္းအသစ္အား ျမန္မာႏိုင္ငံတြင္ စတင္ဝယ္ယူရ႐ွိႏိုင္ၿပီျဖစ္ေၾကာင္း Samsung Myanmar မွ ဇြန္လ ၂၇ရက္ေန႔က သတင္းထုတ္ျပန္ေၾကညာလိုက္သည္။ Galaxy A8 Star စမတ္ဖုန္းအသစ္ကို ပါးလႊာေသသပ္ေသာဒီဇိုင္းႏွင့္ အခ်ိဳးက်ေသာေဘးေဘာင္မ်ားႏွင့္ ဖန္တီးထားေသာေၾကာင့္ လက္အတြင္း ၿမဲၿမံစြာကိုင္တြယ္ႏိုင္မည္ျဖစ္သည္။  အဆိုပါ ပါးလႊာ၍ ေသသပ္ေက်ာ့႐ွင္းေသာ ဒီဇိုင္းပါဝင္သည့္ စမတ္ဖုန္းအားအသံုးျပဳ၍ Samsung ခ်စ္သူမ်ားအေနျဖင့္ ၎တို႔၏ ေန႔စဥ္လူမႈဘဝတြင္ စတိုင္က်က် ျဖတ္သန္းႏိုင္မည္ ျဖစ္သည္။

အခုမိတ္ဆက္လုိက္တဲ့ Galaxy A8 Star မွာ ၆.၃ လက္မရွိတဲ့ Full HD+ sAMOLED အဆံုးအစမဲ့ မ်က္ႏွာျပင္ ပါရွိတဲ့အတြက္ သံုးစြဲသူေတြအေနနဲ႔ တကယ့္ကိုေကာင္းမြန္တဲ့ ၾကည့္ရႈမႈ  အေတြ႔အၾကံဳကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။ f2.0 အသံုးျပဳထားတဲ့ 24MP အေရွ႕ကင္မရာနဲ႔ f1.7 အသံုးျပဳထားတဲ့ 16MP + 24MP အေနာက္ကင္မရာေတြက အလင္းေရာင္အားနည္းတဲ့ အခ်ိန္ေတြမွာေတာင္ ၾကည္လင္ျပတ္သားတဲ့ အရည္အေသြးျမင့္ ဓာတ္ပံုေတြကို ရိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္သူ ကိုဇာနည္ဝင္းထက္မွ ေျပာၾကားခဲ့သည္။ “ဒီဖုန္းဟာ ဓာတ္ပံုေတြကို ေသေသသပ္သပ္နဲ႔လွလွပပ ႐ိုက္ရတာကိုႀကိဳက္တဲ့လူေတြနဲ႔ ႐ုပ္ရွင္ၾကည့္တဲ့အခ်ိန္ ဒါမွမဟုတ္ ဂိမ္းကစားတဲ့အခ်ိန္ေတြမွာ အေကာင္းဆံုးျမင္ကြင္း အေတြ႔အႀကံဳကို ခံစားခ်င္တဲ့လူေတြအတြက္ တကယ့္ကိုသင့္ေတာ္ပါတယ္” ဟု ျဖည့္စြက္ေျပာၾကားခဲ့သည္။

စြမ္းေဆာင္ရည္ျမင့္ လုပ္ေဆာင္ခ်က္မ်ား ပါဝင္ေသာ စမတ္ဖုန္းတစ္လံုးျဖစ္သည့္ Galaxy A8 Star တြင္ အေကာင္းမြန္ဆံုး အဆံုးစမဲ့ ဖန္သားမ်က္ႏွာျပင္ ႏွင့္ ကင္မရာတို႔အား ထည့္သြင္းေပးထားသည္။ အဆိုိပါ ထိပ္တန္းလုပ္ေဆာင္ခ်က္မ်ားအား သံုးစြဲသူမ်ား စြဲမက္ႏွစ္သက္မည္ျဖစ္ၿပီး အေကာင္းမြန္ဆံုးေသာ ေဖ်ာ္ေျဖေရးဆိုင္ရာ ၾကည့္႐ႈမႈအေတြ႕အႀကံဳႏွင့္ ထင္႐ွားျပတ္သားေသာ ႐ုပ္ပံုမ်ားအား Galaxy A8 Star ကိုအသံုးျပဳ၍ ခံစားၾကည့္႐ႈႏိုင္မည္ ျဖစ္သည္။

Galaxy A8 Star မိတ္ဆက္ျခင္းႏွင့္အတူ Samsung Myanmar မွ တယ္လီေနာျမန္မာႏွင့္ ပူးေပါင္း၍ အပိုထပ္ေဆာင္း ေဒတာမ်ားအား ၀ယ္ယူအားေပးသူမ်ားသို႔ ေပးအပ္သြားမည္ျဖစ္သည္။ တယ္လီေနာသည္ ယခုအခါ ျမန္မာႏိုင္ငံရွိ အသံုးျပဳသူမ်ားအား ေနာက္ဆံုးေပၚ ေခတ္မီ ကြန္ရက္မ်ားျဖင့္ အလ်င္ျမန္္ဆံုး 4G ျမန္ႏႈန္းျမင့္လိုင္းအား ၂၄နာရီ ၇ရက္ပတ္လံုး ေပးအပ္လ်က္ရွိသည္။

Samsung Myanmar ရဲ႕ အခု Galaxy A8 Star မိတ္ဆက္ျခင္းနဲ႔အတူ တယ္လီေနာအေနနဲ႕ စမတ္ဖုန္းသံုးစြဲသူေတြကို ပိုမိုေကာင္းမြန္တဲ့ အင္တာနက္သံုးစြဲရမႈ အေတြ႔အၾကံဳေတြရရွိေစလိုတဲ့ဆႏၵနဲ႕ အလြယ္တကူရယူႏိုင္မယ့္ ေဒတာ ထပ္ေဆာင္း အစီအစဥ္ကို ေပးအပ္ ထားတာျဖစ္ပါတယ္။ A8 Star စမတ္ဖုန္းေတြကို ၀ယ္ယူသူတိုင္းအေနနဲ႕ လစဥ္ ၃,၀၀၀၊ ၅,၀၀၀ (သို႕) ၁၀,၀၀၀ က်ပ္ ေငြျဖည့္ယံုနဲ႕ လတိုင္း ၅၀၀ မဂၢါဘိုက္ ကေန ၂ ဂစ္ဂါဘိုက္ အထိကို တစ္ႏွစ္တိတိရရွိမွာ ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာ Head of Device ျဖစ္သူ Colin Tanက ေျပာၾကားသည္။

ထုိ႔ျပင္ ျမန္မာႏိုင္ငံမွသံုးစြဲမ်ားအားလံုးအတြက္ Samsung Myanmar သည္ ျမန္မာႏိုင္ငံသားမ်ားဘဏ္ႏွင့္ ပူးေပါင္းျပီး Galaxy A8 Star စမတ္ဖုန္းသစ္အျပင္ အျခားေသာ Samsung စမတ္ဖုန္းမ်ားအား မည္သူမဆို အရစ္က်ေငြေပးေခ်စနစ္ျဖင့္ အလြယ္တကူဝယ္ယူႏိုင္ေစရန္ ပူးေပါင္းစီစဥ္ထားသည္။ အဆိုပါအစီအစဥ္ေၾကာင့္ သံုးစြဲသူမ်ားအေနျဖင့္ Galaxy A8 Star ဖုန္းအသစ္ႏွင့္ အျခား Samsung စမတ္ဖုန္းမ်ားအားလံုးကို လစဥ္အရစ္က်ေငြေပးေခ်စနစ္ျဖင့္ တစ္လလွ်င္ အသက္သာဆံုးေသာ အတိုးႏွဳန္း ၁.၀၈% ျဖင့္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

Samsung Galaxy A8 Star အား ျမန္မာႏိုင္ငံတြင္ ဇူလိုင္လ ၁၀ ရက္ေန႔မွ စတင္၍ ၇၈၉,၀၀၀ က်ပ္ျဖင့္ အျဖဴေရာင္ ႏွင့္ အနက္ေရာင္ အေရာင္ ႏွစ္မ်ိဳးျဖင့္ ဝယ္ယူရ႐ွိႏိုင္မည္ ျဖစ္သည္။

[Unicode]

Samsung ၏ အဆုံးအစမဲ့မျက်နှာပြင် နှင့် Dual Camera ပါဝင်သော Galaxy စမတ်ဖုန်းအသစ်
A8 Star အား မြန်မာနိုင်ငံတွင် မိတ်ဆက်

ရန်ကုန်၊ မြန်မာ ဇွန်လ၂၇ရက်၊၂၀၁၈ ခုနှစ် – အဆုံးအစမဲ့ ၆.၃ လက်မ FHD+ sAMOLED ဖုန်းမျက်နှာပြင်နှင့် စွမ်းဆောင်ရည်မြင့် Dual Camera ပါဝင်သည့် နောက်ဆုံးပေါ် Galaxy A8 Star စမတ်ဖုန်းအသစ်အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Samsung Myanmar မှ ဇွန်လ ၂၇ရက်နေ့က သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Galaxy A8 Star စမတ်ဖုန်းအသစ်ကို ပါးလွှာသေသပ်သောဒီဇိုင်းနှင့် အချိုးကျသောဘေးဘောင်များနှင့် ဖန်တီးထားသောကြောင့် လက်အတွင်း မြဲမြံစွာကိုင်တွယ်နိုင်မည်ဖြစ်သည်။ အဆိုပါ ပါးလွှာ၍ သေသပ်ကျော့ရှင်းသော ဒီဇိုင်းပါဝင်သည့် စမတ်ဖုန်းအားအသုံးပြု၍ Samsung ချစ်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုဘဝတွင် စတိုင်ကျကျ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

“အခုမိတ်ဆက်လိုက်တဲ့ Galaxy A8 Star မှာ ၆.၃ လက်မရှိတဲ့ Full HD+ sAMOLED အဆုံးအစမဲ့ မျက်နှာပြင် ပါရှိတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ တကယ့်ကိုကောင်းမွန်တဲ့ ကြည့်ရှုမှု အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ f2.0 အသုံးပြုထားတဲ့ 24MP အရှေ့ကင်မရာနဲ့ f1.7 အသုံးပြုထားတဲ့ 16MP + 24MP အနောက်ကင်မရာတွေက အလင်းရောင်အားနည်းတဲ့ အချိန်တွေမှာတောင် ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ “ဒီဖုန်းဟာ ဓာတ်ပုံတွေကို သေသေသပ်သပ်နဲ့လှလှပပ ရိုက်ရတာကိုကြိုက်တဲ့လူတွေနဲ့ ရုပ်ရှင်ကြည့်တဲ့အချိန် ဒါမှမဟုတ် ဂိမ်းကစားတဲ့အချိန်တွေမှာ အကောင်းဆုံးမြင်ကွင်း အတွေ့အကြုံကို ခံစားချင်တဲ့လူတွေအတွက် တကယ့်ကိုသင့်တော်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါဝင်သော စမတ်ဖုန်းတစ်လုံးဖြစ်သည့် Galaxy A8 Star တွင် အကောင်းမွန်ဆုံး အဆုံးစမဲ့ ဖန်သားမျက်နှာပြင် နှင့် ကင်မရာတို့အား ထည့်သွင်းပေးထားသည်။ အဆိုပါ ထိပ်တန်းလုပ်ဆောင်ချက်များအား သုံးစွဲသူများ စွဲမက်နှစ်သက်မည်ဖြစ်ပြီး အကောင်းမွန်ဆုံးသော ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံနှင့် ထင်ရှားပြတ်သားသော ရုပ်ပုံများအား Galaxy A8 Star ကိုအသုံးပြု၍ ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။

Galaxy A8 Star မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar မှ တယ်လီနောမြန်မာနှင့် ပူးပေါင်း၍ အပိုထပ်ဆောင်း ဒေတာများအား ဝယ်ယူအားပေးသူများသို့ ပေးအပ်သွားမည်ဖြစ်သည်။ တယ်လီနောသည် ယခုအခါ မြန်မာနိုင်ငံရှိ အသုံးပြုသူများအား နောက်ဆုံးပေါ် ခေတ်မီ ကွန်ရက်များဖြင့် အလျင်မြန်ဆုံး 4G မြန်နှုန်းမြင့်လိုင်းအား ၂၄နာရီ ၇ရက်ပတ်လုံး ပေးအပ်လျက်ရှိသည်။

“Samsung Myanmar ရဲ့ အခု Galaxy A8 Star မိတ်ဆက်ခြင်းနဲ့အတူ တယ်လီနောအနေနဲ့ စမတ်ဖုန်းသုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ အင်တာနက်သုံးစွဲရမှု အတွေ့အကြုံတွေရရှိစေလိုတဲ့ဆန္ဒနဲ့ အလွယ်တကူရယူနိုင်မယ့် ဒေတာ ထပ်ဆောင်း အစီအစဉ်ကို ပေးအပ် ထားတာဖြစ်ပါတယ်။ A8 Star စမတ်ဖုန်းတွေကို ဝယ်ယူသူတိုင်းအနေနဲ့ လစဉ် ၃,၀၀၀၊ ၅,၀၀၀ (သို့) ၁၀,၀၀၀ ကျပ် ငွေဖြည့်ယုံနဲ့ လတိုင်း ၅၀၀ မဂ္ဂါဘိုက် ကနေ ၂ ဂစ်ဂါဘိုက် အထိကို တစ်နှစ်တိတိရရှိမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ Head of Device ဖြစ်သူ Colin Tanက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှသုံးစွဲများအားလုံးအတွက် Samsung Myanmar သည် မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းပြီး Galaxy A8 Star စမတ်ဖုန်းသစ်အပြင် အခြားသော Samsung စမတ်ဖုန်းများအား မည်သူမဆို အရစ်ကျငွေပေးချေစနစ်ဖြင့် အလွယ်တကူဝယ်ယူနိုင်စေရန် ပူးပေါင်းစီစဉ်ထားသည်။ အဆိုပါအစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် Galaxy A8 Star ဖုန်းအသစ်နှင့် အခြား Samsung စမတ်ဖုန်းများအားလုံးကို လစဉ်အရစ်ကျငွေပေးချေစနစ်ဖြင့် တစ်လလျှင် အသက်သာဆုံးသော အတိုးနှုန်း ၁.၀၈% ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Samsung Galaxy A8 Star အား မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ၇၈၉,၀၀၀ ကျပ်ဖြင့် အဖြူရောင် နှင့် အနက်ရောင် အရောင် နှစ်မျိုးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

You may be interested

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ႕ Face Unlock ကို ဓါတ္ပံုအတုမ်ားနဲ႔ လွည့္စားလို႔ရတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီအတြက္ မ်က္ႏွာအာရံုခံ စနစ္ဟာ ရာႏႈန္းျပည့္ မလံုျခံဳပါဘူး။ အဲဒါေၾကာင့္ သူ႕ထက္ လံုျခံဳတဲ့ နည္းပညာတစ္ခုကို Apple က…

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
73 shares216 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

Leave a Comment

Most from this category