142 Shares 50 Views

SpaceX က စက္ရုပ္ အာကာသယာဥ္မွဴးကို အာကာသလႊတ္မည္

Jun 29, 2018
142 50

SpaceX က နာဆာအတြက္ ႏုိင္ငံတကာ အာကာသစခန္းသို႔ ၁၅ ႀကိမ္ေျမာက္အျဖစ္ ကုန္တင္ အာကာသယာဥ္ကို ေစလႊတ္မွာ ျဖစ္ပါတယ္။ အဲဒီ ကုန္တင္ အာကာသယာဥ္မွာ အေလးခ်ိန္ ေပါင္ ၆၀၀၀ ရွိတဲ့ စားနပ္ရိကၡာနဲ႔ ပစၥည္းမ်ား ပါရွိၾကမွာ ျဖစ္ပါတယ္။ အာကာသစခန္းမွ အာကာသယာဥ္မွဴး ၆ ဦးအတြက္ အစားအစာနဲ႔ ေရမ်ားပါ၀င္ပါတယ္။ ဒါ့အျပင္ အာကာသမွာ စမ္းသပ္မယ့္ နည္းပညာ အသစ္မ်ားအတြက္ ကိရိယာမ်ားလည္း ပါပါတယ္။ ထူးျခားတာကေတာ့ ပထမဆံုး အေနနဲ႔ ဥာဏ္ရည္တု နည္းပညာပါတဲ့ စက္ရုပ္ အာကာသယာဥ္မွဴးတစ္ဦးကို ေစလႊတ္မွာ ျဖစ္ပါတယ္။

စက္ရုပ္ရဲ႕ အမည္မွာ CIMON ျဖစ္ၿပီး သူဟာ ေဘာ္လီေဘာ ပံုသ႑ာန္ ျဖစ္ပါတယ္။ သူ႔မွာ ကြန္ျပဴတာ စကရင္လည္း တပ္ဆင္ထားပါတယ္။ စကရင္မွာ ကာတြန္းမ်က္ႏွာကို ျပသထားၿပီး အာကာသစခန္းမွ ယာဥ္မွဴးမ်ားနဲ႔ ေျပာဆိုဆက္ဆံမွာ ျဖစ္ပါတယ္။ သူဟာ အာကာသယာဥ္ထဲမွာ လူေတြလိုပဲ ေပါေလာေပၚၿပီး သြားလာႏုိင္ပါတယ္။ သူ႔အမည္ေခၚတဲ့ ယာဥ္မွဴးမ်ားအနားကို လာၿပီး အကူအညီမ်ား ေပးႏုိင္ပါတယ္။

Airbus က ဂ်ာမနီ အမ်ိဳးသား အာကာသ ေအဂ်င္စီအတြက္ CIMON ကို တီထြင္ခဲ့တာ ျဖစ္ၿပီး ရည္ရြယ္ခ်က္ကေတာ့ အာကာသမွာ ယာဥ္မွဴးမ်ားနဲ႔ အလုပ္အတူတူ လုပ္ႏုိင္မယ့္ စက္ရုပ္ကို ဖန္တီးဖို႔ ျဖစ္ပါတယ္။ စက္ရုပ္ကို ကမာၻေျမေပၚမွာေတာ့ အႀကိမ္ အနည္းငယ္ စမ္းသပ္ၿပီး ျဖစ္ပါတယ္။ စက္ရုပ္မွာ မိုက္ကရိုဖုန္းနဲ႔ ကင္မရာမ်ား ပါၿပီး လူမ်ားရဲ႕ မ်က္ႏွာနဲ႔ အသံမ်ားကို နားလည္ပါတယ္။ သူ႔မွာ ဥာဏ္ရည္တု နည္းပညာပါၿပီး သူ႔ကို လူမ်ားက ပါးစပ္ကေန ခုိင္းေစႏုိင္ပါတယ္။

စက္ရုပ္က အာကာသယာဥ္မွာ ေလ့လာစမ္းသပ္မႈမ်ား ျပဳလုပ္ရာမွာ ကူညီေပးမွာ ျဖစ္ပါတယ္။ ေသာၾကာေန႔မွာ စက္ရုပ္နဲ႔ စားနပ္ရိကၡာမ်ားကို ပို႔ေဆာင္မွာ ျဖစ္ပါတယ္။

Ref : theverge

unicode

SpaceX က စက်ရုပ် အာကာသယာဉ်မှူးကို အာကာသလွှတ်မည်

SpaceX က နာဆာအတွက် နိုင်ငံတကာ အာကာသစခန်းသို့ ၁၅ ကြိမ်မြောက်အဖြစ် ကုန်တင် အာကာသယာဉ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ အဲဒီ ကုန်တင် အာကာသယာဉ်မှာ အလေးချိန် ပေါင် ၆၀၀၀ ရှိတဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းများ ပါရှိကြမှာ ဖြစ်ပါတယ်။ အာကာသစခန်းမှ အာကာသယာဉ်မှူး ၆ ဦးအတွက် အစားအစာနဲ့ ရေများပါဝင်ပါတယ်။ ဒါ့အပြင် အာကာသမှာ စမ်းသပ်မယ့် နည်းပညာ အသစ်များအတွက် ကိရိယာများလည်း ပါပါတယ်။ ထူးခြားတာကတော့ ပထမဆုံး အနေနဲ့ ဉာဏ်ရည်တု နည်းပညာပါတဲ့ စက်ရုပ် အာကာသယာဉ်မှူးတစ်ဦးကို စေလွှတ်မှာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ အမည်မှာ CIMON ဖြစ်ပြီး သူဟာ ဘော်လီဘော ပုံသဏ္ဍာန် ဖြစ်ပါတယ်။ သူ့မှာ ကွန်ပြူတာ စကရင်လည်း တပ်ဆင်ထားပါတယ်။ စကရင်မှာ ကာတွန်းမျက်နှာကို ပြသထားပြီး အာကာသစခန်းမှ ယာဉ်မှူးများနဲ့ ပြောဆိုဆက်ဆံမှာ ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်ထဲမှာ လူတွေလိုပဲ ပေါလောပေါ်ပြီး သွားလာနိုင်ပါတယ်။ သူ့အမည်ခေါ်တဲ့ ယာဉ်မှူးများအနားကို လာပြီး အကူအညီများ ပေးနိုင်ပါတယ်။

Airbus က ဂျာမနီ အမျိုးသား အာကာသ အေဂျင်စီအတွက် CIMON ကို တီထွင်ခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အာကာသမှာ ယာဉ်မှူးများနဲ့ အလုပ်အတူတူ လုပ်နိုင်မယ့် စက်ရုပ်ကို ဖန်တီးဖို့ ဖြစ်ပါတယ်။ စက်ရုပ်ကို ကမ္ဘာမြေပေါ်မှာတော့ အကြိမ် အနည်းငယ် စမ်းသပ်ပြီး ဖြစ်ပါတယ်။ စက်ရုပ်မှာ မိုက်ကရိုဖုန်းနဲ့ ကင်မရာများ ပါပြီး လူများရဲ့ မျက်နှာနဲ့ အသံများကို နားလည်ပါတယ်။ သူ့မှာ ဉာဏ်ရည်တု နည်းပညာပါပြီး သူ့ကို လူများက ပါးစပ်ကနေ ခိုင်းစေနိုင်ပါတယ်။

စက်ရုပ်က အာကာသယာဉ်မှာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရာမှာ ကူညီပေးမှာ ဖြစ်ပါတယ်။ သောကြာနေ့မှာ စက်ရုပ်နဲ့ စားနပ်ရိက္ခာများကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ
NEWS, Softwares & Application
0 shares0 views

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အျပင္ Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈကိုလည္း အိႏၵိယမွာ ယေန႔ မိတ္ဆက္ခဲ့ပါတယ္။ Xiaomi ဟာ Mi Play ကို တ႐ုတ္ျပည္တြင္းမွာ ၂၀၁၆ ခုႏွစ္က စတင္ ထုတ္ေပးခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယမွာ…

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လြန္ခဲ့တဲ့လမွာ Galaxy A10, A30 နဲ႔ A50 ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ A စီးရီးအသစ္ျဖစ္တဲ့ Galaxy A20 ကို ထပ္မံ မိတ္ဆက္လိုက္ျပန္ပါတယ္။ Samsung Galaxy A20 မွာ Galaxy…

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ

Ko Thuya - Mar 19, 2019

Honor က အိႏၵိယမွာ Honor 10 Lite ရဲ႕ ေမာ္ဒယ္အသစ္ကို ေၾကညာလိုက္ပါတယ္။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။ မူလေမာ္ဒယ္မွာ 4GB RAM , 64GB…

Leave a Comment

Most from this category