Huawei က ၂၀၁၉ ခုနှစ်မှာ 5G Chips နဲ့ Phone ကို ရောင်းမည်

ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ MWC ပွဲမှာ စမတ်ဖုန်း ကုမ္ပဏီများ တက်ရောက်နေကြပါတယ်။ အဲဒီ ပွဲမှာ စမတ်ဖုန်း အသစ်များကို ကြေညာခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာများကို ကြေညာခဲ့ကြပါတယ်။ ဟွာဝေးကလည်း ၂၀၁၉ ခုနှစ် မတ်လမှာ 5G Chips နဲ ဇွန်လမှာ 5G Phone များကို မိတ်ဆက်မယ်လို့ ပြောပါတယ်။

လက်ရှိမှာ 5G ဟာ ဈေးကွက်ထဲကို မရောက်ရှိသေးပါဘူး။ ကုမ္ပဏီများက သူတို့ရဲ့ 5G Device များကို ရောင်းချမယ့် အစီအစဉ်များကို ကြေညာနေကြပါတယ်။ ဟွာဝေးက အခြား ကုမ္ပဏီများမှ စမတ်ဖုန်းများမှာလည်း သူ့ရဲ့ 5G Modems များကို ထည့်သွင်းထားကြမယ်လို့ ပြောပါတယ်။ ဟွာဝေးက သူ့ရဲ့ 5G Chip ရဲ့ အမည်နဲ့ သတင်းအချက်အလက်များကိုတော့ မပြောကြားသေးပါဘူး။ ဟွာဝေးက Mobile World Congress 2018 မှာ မိတ်ဆက်ခဲ့တဲ့ Balong 5G01 Chip ဟာ 5G Chip ဖြစ်လာနိုင်ပါတယ်။

ဟွာဝေးရဲ့ စမတ်ဖုန်းများကို ရောင်းချတဲ့ အချိန်ဇယားအရ ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်မှာ Mate 30 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဟွာဝေးရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်လာနိုင်ပါတယ်။ ဟွာဝေးက 5G Chip များကို ကိုယ်တိုင် ထုတ်လုပ်မှာ သေချာပါတယ်။ လက်ရှိမှာ သူတို့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။ လာမယ့်လများအတွင်းမှာ သူတို့ရဲ့ အကြောင်းကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

unicode

Huawei က ၂၀၁၉ ခုနှစ်မှာ 5G Chips နဲ့ Phone ကို ရောင်းမည်

%d bloggers like this: