799 Shares 3005 Views

Oppo Find X ရဲ့ Display တွေ စွန်းမိုက်နေရတဲ့အကြောင်းရင်းက??

Jun 28, 2018
799 3005

[Zawgyi]








[Unicode]

Samsung က OPPO Find X စမတ်ဖုန်းတွေမှာ သူ့ရဲ့ Y-OCTA display တွေထောက်ပံ့ပေးထားတယ်လို့ ETNews က ဆိုထားပါတယ်။ တကယ်သာမှန်ရင်တော့ Samsung အနေနဲ့ သူ့ရဲ့ဖုန်းမဟုတ်တဲ့ တခြား Flagship ဖုန်းမှာ Y-OCTA Display တွေကို ပထမဆုံးသုံးပေးလိုက်ခြင်းပါပဲ။

Samsung ရဲ့ Y-OCTA Display တွေကို ပထမဆုံးသုံးလိုက်တဲ့ဖုန်းက Galaxy Note 7 ဖုန်းတွေပါ။ အဲ့နောက်ပိုင်းကစပြီး Galaxy S8, S9 နဲ့ S9 Plus တွေမှာဆက်သုံးခဲ့ပေမယ့် Galaxy S8 Plus နဲ့ Note 8 တွေမှာတော့ မသုံးထားပါဘူး။

Y-OCTA display တွေမှာက Display အလွှာမှာကို Touch layer ထည့်သွင်းထားပြီးသားဖြစ်လို့ Touch Screen Panel သက်သက်ထပ်ထည့်စရာမလိုပါဘူး။ သူ့ရဲ့အားသာချက်ကတော့ အရင် Display တွေထက် ပိုပါးလွှာ ပိုပေါ့ပါးပြီး ပိုလည်းဈေးသက်သာပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကင်းအောင် သူ့ရဲ့ကိုယ်ပိုင်စမတ်ဖုန်းတွေအတွက်ပဲသုံးလာခဲ့တာဖြစ်ကြောင်း ETNews ကဆိုထားပါတယ်။

Image result for oppo find x display

ကိုယ့်ဖုန်းတွေအတွက်ပဲသုံးရင်းက ဘာလို့တခြားကိုရောင်းချသလဲဆိုတာကတော့ iPhone X ရောင်းအားတွေကျလာလို့ Apple က OLED panel မှာယူမှုလျှော့ချလိုက်လို့ တခြားဈေးကွက်ရှာတယ်လို့ပဲ ပြောရမလား??

ဘယ်လိုပဲနေနေ Oppo Find X ကတော့ 6.42 inch Y-OCTA Display နဲ့ တော်တော်မိုက်နေပါတယ်။ ဘေးဘောင်တွေကို ခုံးထားတာကလည်း မကြာသေးခင်ထွက်ခဲ့တဲ့ Samsung Flagship ဖုန်းတွေလိုပါပဲ။ Screen-to-body ratio က ရှိပြီးသား Samsung ဖုန်းတွေထက်တောင် ပိုများတဲ့ 93.8% နဲ့ထုတ်ထားတာပါ။

Samsung အနေနဲ့လည်း နောက်နှစ်ထွက်မယ့် Galaxy S10 Plus တွေမှာ Oppo Find X ရဲ့ Display အရွယ်အစားအတိုင်းသုံးသွားမယ်လို့သတင်းတွေထွက်နေပါတယ်။ Oppo Find X မှာတောင် ဒီလောက်စွန်းမိုက်နေရင် သူ့ရဲ့ကိုယ်ပိုင်စမတ်ဖုန်းမှာဆို ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းနေပါပြီ။

You may be interested

Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
115 shares55 views

Android ကို Pro လို သုံးနိုင်မယ့် Tips များ

Ko Thuya - Nov 19, 2018

Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…

Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views

Instagram မှ User များရဲ့ Password များ ပေါက်ကြား

Ko Thuya - Nov 19, 2018

Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
96 shares27 views

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်

Ko Thuya - Nov 19, 2018

ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…

Leave a Comment

Most from this category