အူရီဒူးနှင့် ဖုန်းငွေဖြည့်ပြီး နေ့စဉ် ၁၀၀%အထိ အပိုလက်ဆောင်များရယူနိုင်သော အထူးအစီအစဉ်

အူရီဒူး၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုအနေဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများ နှင့် အထူးအစီအစဉ်များကို ၎င်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများတွက် ပေးအပ်လိုပါသည်။ နောက်ထပ် ပိုမိုကောင်းမွန်သော ခြေလှမ်းအနေဖြင့် ၁၀၀% အထိ အပိုလက်ဆောင် ရရှိနိုင်သော အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

ယခုအခါတွင် အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် နေ့စဉ် ဖုန်းငွေဖြည့်တိုင်းတွင် ၁၀၀%အထိ အပိုလက်ဆောင်ရယူနိုင်ရန်အတွက် ခဲခြစ်ငွေဖြည့်ကတ်၊ E-TopUp နှင့် My Ooredoo App ကိုအသုံးပြု၍ ဖုန်းငွေဖြည့်ခြင်းစသည့်  ဖုန်းငွေဖြည့်နည်းအားလုံးထဲမှ မိမိအဆင်ပြေကြိုက်နှစ်သက်သည့် ဖုန်းငွေဖြည့်နည်းကို အသုံးပြုနိုင်ပါသည်။ ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိခြင်းအတွက် *234# ကို ဖုန်းခေါ်ဆိုပြီး စစ်ဆေးကြည့်ရှူနိုင်ပါသည်။

အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ရရှိသော ဖုန်းငွေဖြည့်လက်ဆောင်ကို သုံးသလောက်ပေး အင်တာနက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ Ookla’s Speedtest Intelligence® ၏ ၂၁၀၈ခုနှစ် ပထမသုံးလပတ် စစ်တမ်းအရ အူရီဒူးမြန်မာ၏ 3G နှင့် 4G ကွန်ရက်ကို မြန်မာနိုင်ငံတွင် အမြန်ဆုံးသော ကွန်ရက်အဖြစ်အသိအမှတ်ပြုထားသည့်အတွက် မိုဘိုင်းအင်တာနက်အသုံးပြုသူများအနေဖြင့် အူရီဒူး၏ ကွန်ရက်ကို အသုံးပြုပြီး အကောင်ဆုံးဒေတာအကြုံကို ရရှိမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ “အူရီဒူးရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူများရဲ့ ပံ့ပိုးမှုကို အထူးအလေးထားပါတယ်။ ဒါကြောင့် ဘယ်ဖုန်းငွေဖြည့်နည်းကိုမဆို အသုံးပြုပြီး နေ့စဉ် ဖုန်းငွေဖြည့်လိုက်တိုင်း ၁၀၀% အထိရရှိနိုင်မယ့် ငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ဒါငွေဖြည့်အပိုလက်ဆောင်ကို အသုံးပြုပြီး ကမ္ဘာဖလားဘောလုံးပွဲ ၂၀၁၈ ကို My Ooredoo App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှဖြစ်သလို သူတို့တွေရဲ့ မိတ်ဆွေတွေ မိသားစုတွေနဲ့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။”

အူရီဒူးမှ ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဆန်းသစ်သော ထုတ်ကုန်များဖြင့် သုံးစွဲသူများအား အတွေ့အကြုံကောင်းကို ပေးအပ်နိုင်ရန်အတွက် သုံးစွဲသူများ၏ အသံကို အမြဲနားထောင်လျှက်ရှိပါသည်။

%d bloggers like this: