0 Shares 92 Views

Feature စုံ၊ မြန်နှုန်းမြင့်တဲ့ web browser အသစ် Vivaldi

Apr 08, 2016
0 92

Feature တွေ အစုံအလင်ပါရှိပြီး၊ မြန်နှုန်းမြင့်တဲ့ browser ကို သုံးချင်သူတွေအတွက် Vivaldi ဆိုတဲ့ web browser အသစ်တစ်ခု ထွက်ပေါ်လာပါပြီ။

Vivaldi browser ဟာ Opera CEO ဟောင်းဖြစ်သူကိုယ်တိုင် ထုတ်လုပ်လိုက်တဲ့ broweser အသစ် ဖြစ်ပြီး၊ browser ကို ကိုယ်တိုင်ပြင်ဆင်ချင်သူ user တွေနဲ့ မြန်နှုန်းမြင့်တာကိုမှ သဘောကျတဲ့သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

၁၄ လကြာ beta ဗားရှင်းအနေနဲ့ ထွက်ရှိခဲ့ပြီးနောက်မှာ၊ မနေ့က Vivaldi browser v1.0 စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

Vivaldi ဟာ Chrome browser မှာ အသုံးပြုထားတဲ့ Blink rendering အင်ဂျင်နဲ့ပဲ လည်ပတ်တာဖြစ်ပြီး၊ Chrome အတွက် ဒီဇိုင်းဆွဲထားတဲ့ extension တွေကို Vivaldi မှာလည်း install လုပ်သုံးလို့ရပါတယ်။ Vivaldi ရဲ့ မူလရှာဖွေရေးအင်ဂျင်က Microsoft ရဲ့ Bing အင်ဂျင်ဖြစ်ပြီး၊ browser မှာ လူကြည့်များတဲ့ website တွေကို တပါတည်း bookmark လုပ်ပေးထားတယ်လို့ သိရပါတယ်။

“ ဒီလို bookmark တွေ လုပ်ပေးထားပေမယ့် ကျနော်တို့ အကျိုးအမြတ်မယူထားပါဘူး။ ကိုယ်ကြိုက်တဲ့ search အင်ဂျင်ကို ပြန်ပြောင်းနိုင်သလို၊ ကျနော်တို့ ထည့်ပေးထားတဲ့ bookmark တွေကိုလည်း အလွယ်ဖျက်ပစ်နိုင်ပါတယ်” လို့ von Tetzchner က ရှင်းပြခဲ့ပါတယ်။

Vivaldi ဘရောက်ဆာရဲ့ ဖန်ရှင်တွေကတော့ လက်ရှိဖွင့်ထားတဲ့ website tab တွေအကုန်လုံးကို နောက်ပိုင်းပြန်ကြည့်ဖို့အတွက် ဆက်ရှင် save လုပ်နိုင်တာ၊ ‘Web Panels’ လို့ ခေါ်တဲ့ website တစ်ခုဖွင့်ထားတုန်း တခြား ဆိုက်တစ်ခုကို side view အနေနဲ့ သုံးနိုင်တာ၊ ကိုယ်အရင်ဆုံးဖွင့်ထားတဲ့ page ကို super Back ခလုတ်နဲ့ ချက်ချင်းပြန်သွားနိုင်တာစတဲ့ စွမ်းဆောင်ရည်တွေ မျိုးစုံပါဝင်ပါတယ်။

လက်ရှိမှာ Vivaldi ဘရောက်ဆာကို Windows ၊ OS X ၊ Linux တို့မှာ သုံးစွဲနိုင်ကာ၊ မိုဘိုင်းအတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref: The Verge

 

 

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category