အမိုက်စား ထိပ်တန်းတရုတ်စမတ်ဖုန်း ၅ လုံး

တရုတ်ဖုန်းတွေကို အရင်ကတော့ iPhone ဒီဇိုင်းကိုလိုက်ကူးကြတဲ့ iPhone Clone တွေအနေနဲ့ မြင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ လမ်းကြောင်းပြောင်းသွားပါပြီ။ ပိုဆန်းသစ်၊စွဲဆောင်မှုရှိတဲ့ ကိုယ်တိုင်တီထွင်ဆန်းသစ်ထားတဲ့ဒီဇိုင်းတွေနဲ့ မိုဘိုင်းလ်ဖုန်းလောကမှာ ခြေဆန့်ဝင်အောင်လုပ်နေကြပါပြီ။

ဒီထဲကတစ်ချို့ဖုန်းတွေဆိုရင် Android ဖြစ်ပေမယ့်လည်း Google Service တွေမရတဲ့အတွက် တော်တော်တိုင်ပတ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်တရုတ်ဖုန်းတွေကတော့ ဘယ်လိုအလန်းစားဒီဇိုင်းတွေနဲ့ ထိပ်တန်းစမတ်ဖုန်းတွေဖြစ်နေလဲ ကြည့်လိုက်ရအောင်…

Vivo NEX S

Mobile World Congress မှာတုန်းကတွေ့ခဲ့ရတဲ့ Apex လို့ခေါ်တဲ့ Concept ဖုန်းကို အခု Vivo Nex စီးရီးစမတ်ဖုန်းအနေနဲ့ မိတ်ဆက်လိုက်ပါပြီ။ သူ့ရဲ့စွဲဆောင်နိုင်ဆုံးတစ်ချက်က ကင်မရာနေရာအတွက် Notch မလိုဘဲ ရိုက်မယ့်အချိန်မှထွက်လာတဲ့ Pop-Up ဆယ်လ်ဖီကင်မရာလေးပါ။

vivo nex s

သူ့ရဲ့ Screen Size က ၆.၆လက်မဖြစ်ပြီး အောက်ဘက်ဘောင်ကလည်း သေးသေးလေးပဲကျန်ပါတော့တယ်။ လက်မတစ်ထောက်စာ In-Display Fingerprint Sensor နဲ့ ဒီဇိုင်းစိပ်စိပ်ဖော်ထားတဲ့ ကျောဘက်ဖန်ကိုယ်ထည်တွေကလည်း သမားရိုးကျဆန်တဲ့ဒီဇိုင်ကနေ ခွဲထွက်နေပါတယ်။ သုံးရတာ ခေတ်ရှေ့ပြေးနေတဲ့ခံစားချက်မျိုးရစေမယ့် ဖုန်းတစ်လုံးလို့ပြောရမလားပါပဲ။

OPPO FIND X

Oppo ကလည်း Nex S လိုမျိုး Notch ထည့်စရာမလိုတဲ့ဒီဇိုင်းနဲ့ Flagship ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ ကင်မရာလေးတင်ထွက်လာတာမဟုတ်ဘဲ ဆယ်လ်ဖီရိုက်တော့မယ် 3D Face Scan လုပ်တော့မယ်ဆိုတိုင်း ဖုန်းရဲ့ထိပ်ပိုင်းတစ်ခုလုံးက Screen ကိုကျော်ပြီးထွက်လာပါတယ်။

Image result for Oppo

Fingerprint လော့ခ်မဟုတ်ဘဲ iPhone X လို 3D Face Unlock ဖြစ်တဲ့အတွက် လော့ခ်တစ်ခါဖွင့်မယ်ဆိုတိုင်း ကင်မရာတစ်ခါတက်လာမှာပါ။ Nex S တုန်းကတော့ Selfie တွေ Video Call တွေမှ ကင်မရာထွက်လာပေမယ့် Find X ကျတော့ အခြေခံသုံး ဥပမာ ဖုန်းသုံးဖို့လော့ခ်လေးတစ်ခါဖွင့်ဖို့ကအစ သူ့ရဲ့ကင်မရာတစ်ခါထွက်လာရတဲ့အတွက် ကြာကြာသုံးရင် ပျက်နိုင်ချေများလားမများလားကတော့ အချိန်ကပဲ စကားပြောသွားမှာပါ။ ဈေးနှုန်းကလည်း ခန့်မှန်း $1160 လောက်ပါတဲ့။

Xiaomi Mi Mix 2S

ဒီနှစ်ထဲမှာ Xiaomi ရဲ့ဘောင်မဲ့ဖုန်းတွေထဲက High-End အဖြစ်ဆုံးဖုန်းတစ်လုံးကတော့ Mi Mix 2S ဖုန်းတွေပါ။ ထွက်ခဲ့သမျှ Mi Mix တွေထဲမှာအကောင်းဆုံးလို့ပြောရင်လည်းမှန်ပါလိမ့်မယ်။ ကြိုးမဲ့အားသွင်းစနစ်၊ Dual-Camera, Qualcomm ရဲ့အမြန်ဆုံးပရိုဆက်ဆာဖြစ်တဲ့ Snapdragon 845 တွေအပြင် ခုခေတ်ဖုန်းတွေရဲ့အသည်းစွဲဖြစ်နေတဲ့ Notch လည်းမပါပါဘူး။ သူ့မှာတော့ ဆယ်လ်ဖီကင်မရာက Screen ရဲ့ အောက်ဘက်ဘောင်မှာရှိနေတဲ့အတွက် ဗီဒီယိုကော ဘာညာပြောချင်ရင် ပြောင်းပြန်ထောင်ပြီးရိုက်တာပိုအဆင်ပြေပါလိမ့်မယ်။ 😛 အောက်မှာရှိနေတာကိုသဘောမကျဘူးဆိုရင်တော့ အရင်လိုသာဆိုရွေးချယ်စရာမရှိပေမယ့် အခု Nex S တို့ Find X တို့ဆို ပိုတောင်မိုက်သေးတယ်လို့ပြောရမှာပါ။

Huawei P20 Pro

သူလည်း ၂၀၁၈ ရဲ့အကောင်းဆုံးဖုန်းတွေထဲကတစ်လုံးပါ။ တောက်ပစွဲဆောင်မှုရှိတဲ့ဒီဇိုင်း ကျောဘက်ကင်မရာ၃လုံးစတာတွေကတော့ သူ့ရဲ့အဓိက Feature တွေပေါ့။ ဒါပေမယ့် သူ့ရဲ့ EMUI ဆော့ဖ်ဝဲလ်က iOS ဒီဇိုင်းကိုတုပထားပေမယ့် ကြည့်ရသိပ်မမိုက်ပါဘူး။ သူ့ထက်စာရင် Oppo တို့ Xiaomi တို့ကမှ သူ့ Skin နဲ့သူ သပ်သပ်ရပ်ရပ်လေးလှနေတယ်လို့ပြောလို့ရပါသေးတယ်။

ခုဆို Huawei က Hardware ဒီဇိုင်းပိုင်းကိုပိုအလေးပေးနေပြီး စွမ်းဆောင်ရည်တွေပိုကောင်းဖို့လည်း သူ့ကိုယ်ပိုင်ပရိုဆက်ဆာတွေကိုထုတ်လုပ်ဆဲပါပဲ။ ဒါကတော့သတင်းကောင်းလို့ပဲပြောရမလား ??

Xiaomi Mi 8

Xiaomi ကနေမကြာသေးခင်ကမှ ပူပူနွေးနွေးမိတ်ဆက်ထားတဲ့ဖုန်းက Mi 8 တွေဖြစ်ပြီး Xiaomi ရဲ့ ပထမဆုံး Notch ပါတဲ့ဖုန်းလည်းဖြစ်ပါတယ်။ သူ့ထက်ပိုမိုက် ပိုစွဲဆောင်နိုင်လွန်းတာကတော့ ကျောဘက်ဖောက်ထွင်းမြင်နိုင်တဲ့ဒီဇိုင်းနဲ့ “Explorer Edition” ဖုန်းပါ။

xiaomi mi8

Xiaomi Mi ဖုန်းတွေနာမည်ကြီးရခြင်းအကြောင်းရင်းက ပစ္စည်းကောင်းတွေသုံးထားပြီး တန်လွန်းတဲ့ဈေးနဲ့ရနေလို့ပါ။ Mi 8 လည်းထိုနည်းလည်းကောင်းပါပဲ Snapdragon 845 ကိုမှ ဒေါ်လာ ၄၂၀ လောက်နဲ့ရတယ်ဆိုတာ တန်တယ်ဆိုတဲ့ OnePlus 6 ထက်ကိုပိုတန်သွားပါပြီ။

သူ့ရဲ့ Special Edition အနေနဲ့ထုတ်လိုက်တဲ့ Mi 8 SE မှာတော့ Snapdragon 710 ပရိုဆက်ဆာကိုသုံးထားပြီး $280 ဆိုတော့ ဒီခေတ်ဒီကာလ ဈေးတွေခေါင်ခိုက်နေတဲ့စမတ်ဖုန်းတွေကြားထဲမှာ လူတွေအများဆုံးရွေးချယ်လာနိုင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာပါလိမ့်မယ်။

နောက်ထပ်လည်း ရှိပါသေးတယ်။ ကျန်တဲ့ ထိပ်တန်းတရုတ်စမတ်ဖုန်းတွေကိုတော့ နောက်ရက်မှဆက်ရအောင်…:)

%d bloggers like this: