2524 Shares 14173 Views

အမိုက္စား ထိပ္တန္းတရုတ္စမတ္ဖုန္း ၅ လံုး

Jun 28, 2018
2524 14173

တရုတ္ဖုန္းေတြကို အရင္ကေတာ့ iPhone ဒီဇုိင္းကိုလုိက္ကူးၾကတဲ့ iPhone Clone ေတြအေနနဲ႔ ျမင္ခဲ့ေပမယ့္ ဒီေနာက္ပိုင္းမွာ လမ္းေၾကာင္းေျပာင္းသြားပါျပီ။ ပိုဆန္းသစ္၊စြဲေဆာင္မႈရိွတဲ့ ကိုယ္တိုင္တီထြင္ဆန္းသစ္ထားတဲ့ဒီဇုိင္းေတြနဲ႔ မုိဘုိင္းလ္ဖုန္းေလာကမွာ ေျခဆန္႔ဝင္ေအာင္လုပ္ေနၾကပါျပီ။

ဒီထဲကတစ္ခ်ိဳ႕ဖုန္းေတြဆိုရင္ Android ျဖစ္ေပမယ့္လည္း Google Service ေတြမရတဲ့အတြက္ ေတာ္ေတာ္တုိင္ပတ္ပါတယ္။ ဒါေပမယ့္လည္း ဘယ္တရုတ္ဖုန္းေတြကေတာ့ ဘယ္လိုအလန္းစားဒီဇုိင္းေတြနဲ႔ ထိပ္တန္းစမတ္ဖုန္းေတြျဖစ္ေနလဲ ၾကည့္လိုက္ရေအာင္…

Vivo NEX S

Mobile World Congress မွာတုန္းကေတြ႔ခဲ့ရတဲ့ Apex လို႔ေခၚတဲ့ Concept ဖုန္းကို အခု Vivo Nex စီးရီးစမတ္ဖုန္းအေနနဲ႔ မိတ္ဆက္လိုက္ပါျပီ။ သူ႔ရဲ႕စြဲေဆာင္ႏုိင္ဆုံးတစ္ခ်က္က ကင္မရာေနရာအတြက္ Notch မလုိဘဲ ရိုက္မယ့္အခ်ိန္မွထြက္လာတဲ့ Pop-Up ဆယ္လ္ဖီကင္မရာေလးပါ။

vivo nex s

သူ႔ရဲ႕ Screen Size က ၆.၆လက္မျဖစ္ျပီး ေအာက္ဘက္ေဘာင္ကလည္း ေသးေသးေလးပဲက်န္ပါေတာ့တယ္။ လက္မတစ္ေထာက္စာ In-Display Fingerprint Sensor နဲ႔ ဒီဇုိင္းစိပ္စိပ္ေဖာ္ထားတဲ့ ေက်ာဘက္ဖန္ကိုယ္ထည္ေတြကလည္း သမားရိုးက်ဆန္တဲ့ဒီဇုိင္ကေန ခြဲထြက္ေနပါတယ္။ သံုးရတာ ေခတ္ေရွ႕ေျပးေနတဲ့ခံစားခ်က္မ်ိဳးရေစမယ့္ ဖုန္းတစ္လံုးလို႔ေျပာရမလားပါပဲ။

OPPO FIND X

Oppo ကလည္း Nex S လိုမ်ိဳး Notch ထည့္စရာမလိုတဲ့ဒီဇိုင္းနဲ႔ Flagship ဖုန္းသစ္ေတြကို မိတ္ဆက္လိုက္ပါတယ္။ သူကေတာ့ ကင္မရာေလးတင္ထြက္လာတာမဟုတ္ဘဲ ဆယ္လ္ဖီရိုက္ေတာ့မယ္ 3D Face Scan လုပ္ေတာ့မယ္ဆိုတိုင္း ဖုန္းရဲ႕ထိပ္ပိုင္းတစ္ခုလံုးက Screen ကိုေက်ာ္ျပီးထြက္လာပါတယ္။

Image result for Oppo

Fingerprint ေလာ့ခ္မဟုတ္ဘဲ iPhone X လို 3D Face Unlock ျဖစ္တဲ့အတြက္ ေလာ့ခ္တစ္ခါဖြင့္မယ္ဆိုတုိင္း ကင္မရာတစ္ခါတက္လာမွာပါ။ Nex S တုန္းကေတာ့ Selfie ေတြ Video Call ေတြမွ ကင္မရာထြက္လာေပမယ့္ Find X က်ေတာ့ အေျခခံသံုး ဥပမာ ဖုန္းသံုးဖို႔ေလာ့ခ္ေလးတစ္ခါဖြင့္ဖို႔ကအစ သူ႔ရဲ႕ကင္မရာတစ္ခါထြက္လာရတဲ့အတြက္ ၾကာၾကာသံုးရင္ ပ်က္ႏုိင္ေခ်မ်ားလားမမ်ားလားကေတာ့ အခ်ိန္ကပဲ စကားေျပာသြားမွာပါ။ ေစ်းႏႈန္းကလည္း ခန္႔မွန္း $1160 ေလာက္ပါတဲ့။

Xiaomi Mi Mix 2S

ဒီႏွစ္ထဲမွာ Xiaomi ရဲ႕ေဘာင္မဲ့ဖုန္းေတြထဲက High-End အျဖစ္ဆံုးဖုန္းတစ္လံုးကေတာ့ Mi Mix 2S ဖုန္းေတြပါ။ ထြက္ခဲ့သမွ် Mi Mix ေတြထဲမွာအေကာင္းဆံုးလုိ႔ေျပာရင္လည္းမွန္ပါလိမ့္မယ္။ ၾကိဳးမဲ့အားသြင္းစနစ္၊ Dual-Camera, Qualcomm ရဲ႕အျမန္ဆံုးပရိုဆက္ဆာျဖစ္တဲ့ Snapdragon 845 ေတြအျပင္ ခုေခတ္ဖုန္းေတြရဲ႕အသည္းစြဲျဖစ္ေနတဲ့ Notch လည္းမပါပါဘူး။ သူ႔မွာေတာ့ ဆယ္လ္ဖီကင္မရာက Screen ရဲ႕ ေအာက္ဘက္ေဘာင္မွာရိွေနတဲ့အတြက္ ဗီဒီယိုေကာ ဘာညာေျပာခ်င္ရင္ ေျပာင္းျပန္ေထာင္ျပီးရိုက္တာပိုအဆင္ေျပပါလိမ့္မယ္။ 😛 ေအာက္မွာရိွေနတာကိုသေဘာမက်ဘူးဆိုရင္ေတာ့ အရင္လိုသာဆိုေရြးခ်ယ္စရာမရိွေပမယ့္ အခု Nex S တို႔ Find X တုိ႔ဆို ပုိေတာင္မိုက္ေသးတယ္လို႔ေျပာရမွာပါ။

Huawei P20 Pro

သူလည္း ၂၀၁၈ ရဲ႕အေကာင္းဆံုးဖုန္းေတြထဲကတစ္လံုးပါ။ ေတာက္ပစြဲေဆာင္မႈရိွတဲ့ဒီဇိုင္း ေက်ာဘက္ကင္မ၇ာ၃လံုးစတာေတြကေတာ့ သူ႔ရဲ႕အဓိက Feature ေတြေပါ့။ ဒါေပမယ့္ သူ႔ရဲ႕ EMUI ေဆာ့ဖ္ဝဲလ္က iOS ဒီဇုိင္းကိုတုပထားေပမယ့္ ၾကည့္ရသိပ္မမိုက္ပါဘူး။ သူ႔ထက္စာရင္ Oppo တို႔ Xiaomi တို႔ကမွ သူ႔ Skin နဲ႔သူ သပ္သပ္ရပ္ရပ္ေလးလွေနတယ္လို႔ေျပာလို႔ရပါေသးတယ္။

ခုဆို Huawei က Hardware ဒီဇုိင္းပိုင္းကိုပိုအေလးေပးေနျပီး စြမ္းေဆာင္ရည္ေတြပိုေကာင္းဖို႔လည္း သူ႔ကိုယ္ပုိင္ပရိုဆက္ဆာေတြကိုထုတ္လုပ္ဆဲပါပဲ။ ဒါကေတာ့သတင္းေကာင္းလို႔ပဲေျပာရမလား ??

Xiaomi Mi 8

Xiaomi ကေနမၾကာေသးခင္ကမွ ပူပူေႏြးေႏြးမိတ္ဆက္ထားတဲ့ဖုန္းက Mi 8 ေတြျဖစ္ျပီး Xiaomi ရဲ႕ ပထမဆံုး Notch ပါတဲ့ဖုန္းလည္းျဖစ္ပါတယ္။ သူ႔ထက္ပိုမိုက္ ပိုစြဲေဆာင္ႏုိင္လြန္းတာကေတာ့ ေက်ာဘက္ေဖာက္ထြင္းျမင္ႏုိင္တဲ့ဒီဇုိင္းနဲ႔ “Explorer Edition” ဖုန္းပါ။

xiaomi mi8

Xiaomi Mi ဖုန္းေတြနာမည္ၾကီးရျခင္းအေၾကာင္းရင္းက ပစၥည္းေကာင္းေတြသံုးထားျပီး တန္လြန္းတဲ့ေစ်းနဲ႔ရေနလို႔ပါ။ Mi 8 လည္းထုိနည္းလည္းေကာင္းပါပဲ Snapdragon 845 ကိုမွ ေဒၚလာ ၄၂၀ ေလာက္နဲ႔ရတယ္ဆိုတာ တန္တယ္ဆိုတဲ့ OnePlus 6 ထက္ကိုပိုတန္သြားပါျပီ။

သူ႔ရဲ႕ Special Edition အေနနဲ႔ထုတ္လုိက္တဲ့ Mi 8 SE မွာေတာ့ Snapdragon 710 ပရိုဆက္ဆာကုိသံုးထားျပီး $280 ဆိုေတာ့ ဒီေခတ္ဒီကာလ ေစ်းေတြေခါင္ခိုက္ေနတဲ့စမတ္ဖုန္းေတြၾကားထဲမွာ လူေတြအမ်ားဆံုးေရြးခ်ယ္လာနုိင္တဲ့စမတ္ဖုန္းတစ္လံုးျဖစ္လာပါလိမ့္မယ္။

ေနာက္ထပ္လည္း ရိွပါေသးတယ္။ က်န္တဲ့ ထိပ္တန္းတရုတ္စမတ္ဖုန္းေတြကိုေတာ့ ေနာက္ရက္မွဆက္ရေအာင္…:)

[Unicode]

တရုတ်ဖုန်းတွေကို အရင်ကတော့ iPhone ဒီဇိုင်းကိုလိုက်ကူးကြတဲ့ iPhone Clone တွေအနေနဲ့ မြင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ လမ်းကြောင်းပြောင်းသွားပါပြီ။ ပိုဆန်းသစ်၊စွဲဆောင်မှုရှိတဲ့ ကိုယ်တိုင်တီထွင်ဆန်းသစ်ထားတဲ့ဒီဇိုင်းတွေနဲ့ မိုဘိုင်းလ်ဖုန်းလောကမှာ ခြေဆန့်ဝင်အောင်လုပ်နေကြပါပြီ။

ဒီထဲကတစ်ချို့ဖုန်းတွေဆိုရင် Android ဖြစ်ပေမယ့်လည်း Google Service တွေမရတဲ့အတွက် တော်တော်တိုင်ပတ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်တရုတ်ဖုန်းတွေကတော့ ဘယ်လိုအလန်းစားဒီဇိုင်းတွေနဲ့ ထိပ်တန်းစမတ်ဖုန်းတွေဖြစ်နေလဲ ကြည့်လိုက်ရအောင်…

Vivo NEX S

Mobile World Congress မှာတုန်းကတွေ့ခဲ့ရတဲ့ Apex လို့ခေါ်တဲ့ Concept ဖုန်းကို အခု Vivo Nex စီးရီးစမတ်ဖုန်းအနေနဲ့ မိတ်ဆက်လိုက်ပါပြီ။ သူ့ရဲ့စွဲဆောင်နိုင်ဆုံးတစ်ချက်က ကင်မရာနေရာအတွက် Notch မလိုဘဲ ရိုက်မယ့်အချိန်မှထွက်လာတဲ့ Pop-Up ဆယ်လ်ဖီကင်မရာလေးပါ။

vivo nex s

သူ့ရဲ့ Screen Size က ၆.၆လက်မဖြစ်ပြီး အောက်ဘက်ဘောင်ကလည်း သေးသေးလေးပဲကျန်ပါတော့တယ်။ လက်မတစ်ထောက်စာ In-Display Fingerprint Sensor နဲ့ ဒီဇိုင်းစိပ်စိပ်ဖော်ထားတဲ့ ကျောဘက်ဖန်ကိုယ်ထည်တွေကလည်း သမားရိုးကျဆန်တဲ့ဒီဇိုင်ကနေ ခွဲထွက်နေပါတယ်။ သုံးရတာ ခေတ်ရှေ့ပြေးနေတဲ့ခံစားချက်မျိုးရစေမယ့် ဖုန်းတစ်လုံးလို့ပြောရမလားပါပဲ။

OPPO FIND X

Oppo ကလည်း Nex S လိုမျိုး Notch ထည့်စရာမလိုတဲ့ဒီဇိုင်းနဲ့ Flagship ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ ကင်မရာလေးတင်ထွက်လာတာမဟုတ်ဘဲ ဆယ်လ်ဖီရိုက်တော့မယ် 3D Face Scan လုပ်တော့မယ်ဆိုတိုင်း ဖုန်းရဲ့ထိပ်ပိုင်းတစ်ခုလုံးက Screen ကိုကျော်ပြီးထွက်လာပါတယ်။

Image result for Oppo

Fingerprint လော့ခ်မဟုတ်ဘဲ iPhone X လို 3D Face Unlock ဖြစ်တဲ့အတွက် လော့ခ်တစ်ခါဖွင့်မယ်ဆိုတိုင်း ကင်မရာတစ်ခါတက်လာမှာပါ။ Nex S တုန်းကတော့ Selfie တွေ Video Call တွေမှ ကင်မရာထွက်လာပေမယ့် Find X ကျတော့ အခြေခံသုံး ဥပမာ ဖုန်းသုံးဖို့လော့ခ်လေးတစ်ခါဖွင့်ဖို့ကအစ သူ့ရဲ့ကင်မရာတစ်ခါထွက်လာရတဲ့အတွက် ကြာကြာသုံးရင် ပျက်နိုင်ချေများလားမများလားကတော့ အချိန်ကပဲ စကားပြောသွားမှာပါ။ ဈေးနှုန်းကလည်း ခန့်မှန်း $1160 လောက်ပါတဲ့။

Xiaomi Mi Mix 2S

ဒီနှစ်ထဲမှာ Xiaomi ရဲ့ဘောင်မဲ့ဖုန်းတွေထဲက High-End အဖြစ်ဆုံးဖုန်းတစ်လုံးကတော့ Mi Mix 2S ဖုန်းတွေပါ။ ထွက်ခဲ့သမျှ Mi Mix တွေထဲမှာအကောင်းဆုံးလို့ပြောရင်လည်းမှန်ပါလိမ့်မယ်။ ကြိုးမဲ့အားသွင်းစနစ်၊ Dual-Camera, Qualcomm ရဲ့အမြန်ဆုံးပရိုဆက်ဆာဖြစ်တဲ့ Snapdragon 845 တွေအပြင် ခုခေတ်ဖုန်းတွေရဲ့အသည်းစွဲဖြစ်နေတဲ့ Notch လည်းမပါပါဘူး။ သူ့မှာတော့ ဆယ်လ်ဖီကင်မရာက Screen ရဲ့ အောက်ဘက်ဘောင်မှာရှိနေတဲ့အတွက် ဗီဒီယိုကော ဘာညာပြောချင်ရင် ပြောင်းပြန်ထောင်ပြီးရိုက်တာပိုအဆင်ပြေပါလိမ့်မယ်။ 😛 အောက်မှာရှိနေတာကိုသဘောမကျဘူးဆိုရင်တော့ အရင်လိုသာဆိုရွေးချယ်စရာမရှိပေမယ့် အခု Nex S တို့ Find X တို့ဆို ပိုတောင်မိုက်သေးတယ်လို့ပြောရမှာပါ။

Huawei P20 Pro

သူလည်း ၂၀၁၈ ရဲ့အကောင်းဆုံးဖုန်းတွေထဲကတစ်လုံးပါ။ တောက်ပစွဲဆောင်မှုရှိတဲ့ဒီဇိုင်း ကျောဘက်ကင်မရာ၃လုံးစတာတွေကတော့ သူ့ရဲ့အဓိက Feature တွေပေါ့။ ဒါပေမယ့် သူ့ရဲ့ EMUI ဆော့ဖ်ဝဲလ်က iOS ဒီဇိုင်းကိုတုပထားပေမယ့် ကြည့်ရသိပ်မမိုက်ပါဘူး။ သူ့ထက်စာရင် Oppo တို့ Xiaomi တို့ကမှ သူ့ Skin နဲ့သူ သပ်သပ်ရပ်ရပ်လေးလှနေတယ်လို့ပြောလို့ရပါသေးတယ်။

ခုဆို Huawei က Hardware ဒီဇိုင်းပိုင်းကိုပိုအလေးပေးနေပြီး စွမ်းဆောင်ရည်တွေပိုကောင်းဖို့လည်း သူ့ကိုယ်ပိုင်ပရိုဆက်ဆာတွေကိုထုတ်လုပ်ဆဲပါပဲ။ ဒါကတော့သတင်းကောင်းလို့ပဲပြောရမလား ??

Xiaomi Mi 8

Xiaomi ကနေမကြာသေးခင်ကမှ ပူပူနွေးနွေးမိတ်ဆက်ထားတဲ့ဖုန်းက Mi 8 တွေဖြစ်ပြီး Xiaomi ရဲ့ ပထမဆုံး Notch ပါတဲ့ဖုန်းလည်းဖြစ်ပါတယ်။ သူ့ထက်ပိုမိုက် ပိုစွဲဆောင်နိုင်လွန်းတာကတော့ ကျောဘက်ဖောက်ထွင်းမြင်နိုင်တဲ့ဒီဇိုင်းနဲ့ “Explorer Edition” ဖုန်းပါ။

xiaomi mi8

Xiaomi Mi ဖုန်းတွေနာမည်ကြီးရခြင်းအကြောင်းရင်းက ပစ္စည်းကောင်းတွေသုံးထားပြီး တန်လွန်းတဲ့ဈေးနဲ့ရနေလို့ပါ။ Mi 8 လည်းထိုနည်းလည်းကောင်းပါပဲ Snapdragon 845 ကိုမှ ဒေါ်လာ ၄၂၀ လောက်နဲ့ရတယ်ဆိုတာ တန်တယ်ဆိုတဲ့ OnePlus 6 ထက်ကိုပိုတန်သွားပါပြီ။

သူ့ရဲ့ Special Edition အနေနဲ့ထုတ်လိုက်တဲ့ Mi 8 SE မှာတော့ Snapdragon 710 ပရိုဆက်ဆာကိုသုံးထားပြီး $280 ဆိုတော့ ဒီခေတ်ဒီကာလ ဈေးတွေခေါင်ခိုက်နေတဲ့စမတ်ဖုန်းတွေကြားထဲမှာ လူတွေအများဆုံးရွေးချယ်လာနိုင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာပါလိမ့်မယ်။

နောက်ထပ်လည်း ရှိပါသေးတယ်။ ကျန်တဲ့ ထိပ်တန်းတရုတ်စမတ်ဖုန်းတွေကိုတော့ နောက်ရက်မှဆက်ရအောင်…:)

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category