0 Shares 101 Views

စမတ်ဖုန်းထဲရေမဝင်အောင် ရိုးရှင်းစွာ ဘယ်လိုကာကွယ်မလဲ

Apr 08, 2016
0 101

မကြာမှီမှာ သင်္ကြန်ကျရောက်လာတော့မှာဖြစ်ပါတယ်။ ဒီအချိန်အခါမှာ သင့်အနေနဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ ကိုထုံးစံအတိုင်းအမြဲယူသွားမယ်ဆိုတာကတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒီပစ္စည်းတွေနဲ့ သင်္ကြန်အပျော်တွေကို ဓာတ်ပုံရိုက်မယ်။ လူမှုကွန်ယက်တွေအသုံးပြုမယ် ဒါတွေကတော့ သင်္ကြန်အချိန်မှာတောင် သင်လုပ်ဆောင်မယ့် အရာတွေပါပဲ။ တကယ်လို့ သင့်အနေနဲ့ ဖုန်းကို သင်္ကြန်တွင်းမှာအသုံးပြုရတာကို ရေစိုမှာကြောက်နေပါသလား။ ကျွန်တော့်အနေနဲ့ သင်ဘယ်လိုမျိုး သင်္ကြန်တွင်းမှာ ဖုန်းကိုရေမဝင်အောင်ကာကွယ် အသုံးပြုမလဲ။ ဒီ Article လေးမှာ သင့်အနေနဲ့ ဖုန်းထဲကို ရေတွေ၊ ရွှံ့တွေမဝင်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးသွားမှာပါ။

ရေစိုခံဖုန်းတွေအတွက် သင်္ကြန်ရေကပြဿနာမရှိပေမယ့် သာမန်ဖုန်းတွေအတွက်ကတော့ ရေဟာ အကြီးမားဆုံး အန္တရာယ်ပါပဲ။ ဒါကြောင့် ဖြစ်နိုင်ရင် ဖုန်းတွေ၊ Electronic ပစ္စည်းတွေကို သင်္ကြန်မှာ မယူသွားတာကောင်းပါတယ်။ တကယ်လို့မယူလို့မနေနိုင်ဘူးဆိုရင်တော့ အောက်ပါအချက်လေးတွေကိုလုပ်ဆောင်သင့်ပါတယ်။

၁) ခြောက်သွေ့စွာထားပါ

တကယ်လို့ သင်္ကြန်မှာဖုန်းကိုယူသွားရင် သင်အရင်ဆုံးလုပ်ရမှာက ခြောက်သွေ့နိုင်တဲ့နေရာမှာထားဖို့ပါပဲ။ အတတ်နိုင်ဆုံး အင်္ကျီအတွင်းအိတ်ထဲမှာထည့်ထားပေါ့။ ဒါဟာ အရေးပါတဲ့အချက်တစ်ချက်ပါ။

၂) အကာအကွယ်အသုံးပြုပါ

ရေစိုခံဒဏ်ကိုခံနိုင်အောင်လို့ သင့်ရဲ့ဖုန်းကို လုပ်လို့ရပါတယ်။ ဒီအရာဟာ သင့်ဖုန်းကို ရေ၊ ဖုန်နဲ့ ရွှံ့တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီ ဖုန်းကွန်ဒုံးလို့ခေါ်တဲ့ အကာအကွယ်ပစ္စည်းကတော့ သင့်အတွက်အဆင်ပြေစေနိုင်ပါတယ်။ ဒီဖုန်းကွန်ဒုံးတွေကို တပ်ဆင်ထားတဲ့အချိန်မှာ သင့်အနေနဲ့ ဖုန်းကိုသာမန်အတိုင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းရေစိုခံအိတ်တွေလောက် လုံခြုံမှုမရှိပေမယ့် သင့်အနေနဲ့ သာမန်ရေစိုတာ၊ ပေတာကိုတော့ ခံနိုင်ရည်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။

ht protect watered1

၃) ရေစိုခံအိတ်များ

ဒီအချက်ကအရေးအကြီးဆုံးပါပဲ။ သင့်ဖုန်းကို ရေစိုခံအိတ်ထဲကို ထည့်ထားပေးပါ။ Dry Case လို့ခေါ်တဲ့ အိတ်လေးတွေဟာ သင့်ကို စိတ်ချယုံကြည်စွာ ရေဆော့ကစားနိုင်အောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ရေထဲကို ယူသွားရင်တောင်သူက ရေပေါ်မှာပေါ်နေမှာပါ။ Display ပေါ်မူတည်ပြီးတော့လည်း ဖုန်းအိတ်ထဲကနေ ဖုန်းကို အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် ခုနောက်ပိုင်းဖုန်းတော်တော်မျာများ အသုံးပြုလို့ရပါတယ်။

ht protect watered2

၎) ရေစိုခံ ကာဗာများ

Dry Case တွေကတော့ ရေစိုခံနိုင်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲ့ဒါကိုရှုပ်တယ်ထင်ရင်တော့ နောက်ထပ်နည်းတစ်မျိုးတော့ ရှိပါသေးတယ်။ ရေစိုခံဖုန်းကာဗာတွေပါ။ ပေါ်ပြူလာဖြစ်တဲ့ ဖုန်းတွေအတွက်တော့ ထုတ်ထားတာတွေရှိပါတယ်။ ဥပမာ- iPhone, Samsung ရဲ့ Galaxy စီးရီးဖုန်းတွေ၊ စသည်ဖြင့်ပေါ့။ ဖုန်းဆိုင်တွေမှာ ရှာပြီးမေးဝယ်ရင်တော့ ရနိုင်ပါတယ်။ ဒီကာဗာတွေဟာ သင့်ရဲ့ဖုန်းတွေကို စိုစွတ်ကြမ်းတမ်းတဲ့ နေရာတွေမှာသုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဈေးတော့နည်းနည်းရှိပါတယ်။ ဒေါ်လာ ၇၀ကနေ ၁၀၀ကြားပါ။ ဒီကာဗာဟာ သင့်ဖုန်းကို ရေထဲမှာ၊ တောထဲမှာ၊ ကမ်းခြေမှာ ဘယ်လိုနေရာမှာမဆိုအသုံးပြုနိုင်မှာပါ။

ht protect watered3

၅) ဖုန်းကိုမကိုင်ခင် ရေတွေခြောက်အောင်အရင်သုတ်ပါ

နောက်တစ်ခုကတော့ ရှင်းပါတယ်။ သင့်အနေနဲ့ ဖုန်းကိုကာဗာထဲကနေ ရေမပက်တဲ့နေရာမရောက်မချင်းမထုတ်သင့်ပါဘူး။ သင့်အိမ်ပြန်ရောက်မှ ဒါမှမဟုတ် ခနနားနေတဲ့ အချိန်ကျမှ ထုတ်သုံးသင့်ပါတယ်။ နောက်တစ်ချက်ကတော့ သင့်ရဲ့စိုစွတ်နေတဲ့ လက်ကနေရေဝင်တာပါ။ ခြောက်သွေ့အောင်လက်ကိုသုတ်ပြီးမှ ဖုန်းကိုအသုံးပြုပါ။ တကယ်လို့ ဖုန်းကစိုသွားရင်လဲ အနီးအနားက ခြောက်သွေ့တဲ့အဝတ်တစ်ခုခုနဲ့ ချက်ချင်းသုတ်လိုက်ပါ။

ဒါလေးတွေကတော့ သင့်အနေနဲ့ ပြုလုပ်နိုင်မယ့် ဖုန်းထဲကိုရေမဝင်အောင် ကာကွယ်နည်းလေးတွေပါပဲ။ တကယ်လို့ ဖုန်းထဲကို မတော်တဆရေဝင်သွားလို့ရှိရင်တော့ ဘယ်လိုပြုလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်အရင်ဆုံးရေးထားတဲ့ သင်္ကြန်မှာသင့်ဖုန်းရေစိုသွားရင် ဘယ်လိုအမြန်ဆုံးအလွယ်တကူပြုပြင်မလဲ ဆိုတဲ့ Article မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Ref: MashableAsia, How to Geek, Fix my Call

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category