Audio Book မ်ားျဖင့္ ဘာသာစကား ေလ့လာႏုိင္မယ့္ Beelinguapp
Beelinguapp ဟာ Audio Books မ်ားျဖင့္ ဘာသာစကားမ်ားကို ေလ့လာႏုိင္တဲ့ App ျဖစ္ပါတယ္။ သူ႔မွာ သင့္ရဲ႕ မိခင္ ဘာသာစကားနဲ႔ သင္ယူေလ့လာခ်င္တဲ့ ဘာသာစကားမ်ားရဲ႕ စာသားမ်ားကို အထက္၊ ေအာက္ ယွဥ္၍ ေလ့လာရမွာ ျဖစ္ပါတယ္။ သင္ သင္ယူေလ့လာခ်င္တဲ့ ဘာသာစကားမ်ားကို သူက အသံထြက္ ဖတ္ျပေပးႏုိင္ပါတယ္။ သူ႔မွာ Spanish, English, German, Portuguese, Korean, French, Hindi, Russian, Turkish, Chinese, Arabic, Italian နဲ႔ Japanese ဘာသာစကားမ်ားကို ေလ့လာႏုိင္ပါတယ္။ သူက ၀တၳဳမ်ား၊ ပံုျပင္မ်ားကို အသံထြက္ ဖတ္ျပေပးမွာ ျဖစ္ပါတယ္။ ဘာသာစကားမ်ားကို ေပ်ာ္ရႊင္စြာ ေလ့လာႏုိင္ေအာင္ ဖန္တီးထားပါတယ္။ သင္ယူရ လြယ္ကူေအာင္လည္း သူက ပံ့ပိုးေပးထားပါတယ္။ သူ႔ကို အခမဲ့ အသံုးျပဳႏုိင္ေပမယ့္ အခ်ိဳ႕ Story မ်ားကိုေတာ့ ၀ယ္ယူ ေလ့လာရတာ ျဖစ္ပါတယ္။ အခမဲဲ့ Story မ်ားစြာလည္း ထည့္ေပးထားပါတယ္။ သိပၸံနဲ႔ နည္းပညာ၊ ၀တၳဳ၊ ယဥ္ေက်းမႈ၊ ကေလးစာေပ၊ ခရီးသြား စသျဖင့္ စာအုပ္မ်ားကို က႑မ်ား ခြဲျခား၍ ရွာေဖြႏုိင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ Beginner , Intermediate, Advanced စသျဖင့္လည္း သင့္ရဲ႕ ဘာသာစကား ကြ်မ္းက်င္မႈနဲ႔ သင့္ေတာ္မယ့္ စာအုပ္မ်ားကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။
Beelinguapp ကိုဖြင့္ပါ။
သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ သူ႔ရဲ႕ စြမ္းရည္မ်ားကို ျပသမွာပါ။ Next Button ကို နွိပ္ၿပီး ဖတ္ပါ။ ေနာက္အဆင့္မွာ သင္ သင္ယူေလ့လာမယ့္ ဘာသာစကားကို ေရြးေပးပါ။ ေနာက္အဆင့္မွာ သင့္ရဲ႕ မိခင္ဘာသာစကား သို႔မဟုတ္ Reference Language ကို ေရြးေပးပါ။ ၿပီးရင္ သင့္ရဲ႕ Google or Facebook အေကာင့္ျဖင့္ Login ၀င္ပါ။
သူ႔ရဲ႕ Home Screen or Library မွာ စာအုပ္မ်ားကို ျပသထားပါတယ္။ အေပၚထိပ္မွ Language မွာ သင္ႏွစ္သက္တဲ့ ဘာသာစကားကို ေထာက္ပံ့တဲ့ စာအုပ္မ်ားကို Filter မ်ားျဖင့္ ရွာႏုိင္ပါတယ္။
Level မွာ Beginner , Intermediate, Advanced တို႔ထဲကေန ေရြးနုိင္ပါတယ္။
Category မွာ က႑မ်ားျဖင့္ စာအုပ္မ်ားကို ရွာႏုိင္ပါတယ္။
စာအုပ္တစ္အုပ္ကို ႏွိပ္ပါ။ “ Read my first …. “ ကို ႏွိပ္ၿပီး စာအုပ္ကို ေဒါင္းလုပ္လုပ္ပါ။
စာေရးသူက သင္ယူခ်င္တဲ့ ဘာသာစကားကို ရုရွားကို ေရြးခ်ယ္ေပးထားပါတယ္။ ရုရွား ဘာသာစကားဟာ စာေရးသူရဲ႕ ဖုန္းမွာေတာ့ အမွန္မေပၚတာေတြ႕ရပါတယ္။ တရုတ္ ဘာသာစကားကေတာ့ မွန္ကန္တာကို ေတြ႕ရပါတယ္။ မိခင္ဘာသာစကားကို အဂၤလိပ္ကို ေရြးထားတဲ့အတြက္ ေအာက္ဘက္ အကန္႔မွာ အဂၤလိပ္လို ေဖာ္ျပေပးထားပါတယ္။
ေအာက္ေျခမွ Play Button ကို ႏွိပ္ရင္ သင္ သင္ယူမယ့္ ဘာသာစကားျဖင့္ စာအုပ္ကို အသံထြက္ဖတ္ျပေပးမွာပါ။ ဖတ္ျပတဲ့ ၀ါက်မ်ားကို သူက Highlight ျဖင့္ ျပေပးထားပါတယ္။ Pause လုပ္ၿပီး သင္ သိပ္နားမလည္တဲ့ ၀ါက်ကို တစ္ခ်က္နွိပ္ျခင္းျဖင့္လည္း အဲဒါ ၀ါက်ကို ျပန္လည္ ေလ့က်င့္ႏုိင္ပါတယ္။
အေပၚထိပ္မွ A ခလုတ္ကို ႏွိပ္ရင္ အသံထြက္ဖတ္ျပတဲ့ အျမန္ႏႈန္း၊ စာလံုး အရြယ္အစားမ်ားကို ေျပာင္းလဲႏုိင္ပါတယ္။
သူ႔ရဲ႕ ညာဘက္မွ ခလုတ္ကို ႏွိပ္ရင္ အဂၤလိပ္ဘာသာစကားကို ေဖ်ာက္ေပးၿပီး ရုရွားဘာသာစကားကိုသာ ျပသေပးမွာ ျဖစ္ပါတယ္။
ေအာက္ေျခမွ More ကို ႏွိပ္ၿပီး Settings ထဲသြားရင္ သင့္ရဲ႕ Default Languages မ်ားကို ျပန္လည္ သတ္မွတ္ႏုိင္ပါတယ္။
ေအာက္ေျခမွ My Stories မွာ သင္ ေဒါင္းလုပ္လုပ္ထားတဲ့ စာအုပ္မ်ားကို ျပသေပးထားပါတယ္။ အခ်ိဳ႕စာအုပ္မ်ားကို အခမဲ့ သံုးႏုိင္ေပမယ့္ အခ်ိဳ႕စာအုပ္မ်ားဟာ အခေပး ျဖစ္ပါတယ္။ အခေပး စာအုပ္မ်ားကို Preview သာ သံုးႏုိင္ပါတယ္။
သူ႔ရဲ႕ အရြယ္အစားဟာ 8MB ရွိၿပီး Android Version 4.1 နဲ႔ သူ႔အထက္မွာ အသံုးျပဳနိုင္ပါတယ္။
unicode
Audio Book များဖြင့် ဘာသာစကား လေ့လာနိုင်မယ့် Beelinguapp
Beelinguapp ဟာ Audio Books များဖြင့် ဘာသာစကားများကို လေ့လာနိုင်တဲ့ App ဖြစ်ပါတယ်။ သူ့မှာ သင့်ရဲ့ မိခင် ဘာသာစကားနဲ့ သင်ယူလေ့လာချင်တဲ့ ဘာသာစကားများရဲ့ စာသားများကို အထက်၊ အောက် ယှဉ်၍ လေ့လာရမှာ ဖြစ်ပါတယ်။ သင် သင်ယူလေ့လာချင်တဲ့ ဘာသာစကားများကို သူက အသံထွက် ဖတ်ပြပေးနိုင်ပါတယ်။ သူ့မှာ Spanish, English, German, Portuguese, Korean, French, Hindi, Russian, Turkish, Chinese, Arabic, Italian နဲ့ Japanese ဘာသာစကားများကို လေ့လာနိုင်ပါတယ်။ သူက ဝတ္ထုများ၊ ပုံပြင်များကို အသံထွက် ဖတ်ပြပေးမှာ ဖြစ်ပါတယ်။ ဘာသာစကားများကို ပျော်ရွှင်စွာ လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ သင်ယူရ လွယ်ကူအောင်လည်း သူက ပံ့ပိုးပေးထားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် အချို့ Story များကိုတော့ ဝယ်ယူ လေ့လာရတာ ဖြစ်ပါတယ်။ အခမဲ့ Story များစွာလည်း ထည့်ပေးထားပါတယ်။ သိပ္ပံနဲ့ နည်းပညာ၊ ဝတ္ထု၊ ယဉ်ကျေးမှု၊ ကလေးစာပေ၊ ခရီးသွား စသဖြင့် စာအုပ်များကို ကဏ္ဍများ ခွဲခြား၍ ရှာဖွေနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Beginner , Intermediate, Advanced စသဖြင့်လည်း သင့်ရဲ့ ဘာသာစကား ကျွမ်းကျင်မှုနဲ့ သင့်တော်မယ့် စာအုပ်များကိုလည်း ရွေးချယ်နိုင်ပါတယ်။
Beelinguapp ကိုဖွင့်ပါ။
သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ စွမ်းရည်များကို ပြသမှာပါ။ Next Button ကို နှိပ်ပြီး ဖတ်ပါ။ နောက်အဆင့်မှာ သင် သင်ယူလေ့လာမယ့် ဘာသာစကားကို ရွေးပေးပါ။ နောက်အဆင့်မှာ သင့်ရဲ့ မိခင်ဘာသာစကား သို့မဟုတ် Reference Language ကို ရွေးပေးပါ။ ပြီးရင် သင့်ရဲ့ Google or Facebook အကောင့်ဖြင့် Login ဝင်ပါ။
သူ့ရဲ့ Home Screen or Library မှာ စာအုပ်များကို ပြသထားပါတယ်။ အပေါ်ထိပ်မှ Language မှာ သင်နှစ်သက်တဲ့ ဘာသာစကားကို ထောက်ပံ့တဲ့ စာအုပ်များကို Filter များဖြင့် ရှာနိုင်ပါတယ်။
Level မှာ Beginner , Intermediate, Advanced တို့ထဲကနေ ရွေးနိုင်ပါတယ်။
Category မှာ ကဏ္ဍများဖြင့် စာအုပ်များကို ရှာနိုင်ပါတယ်။
စာအုပ်တစ်အုပ်ကို နှိပ်ပါ။ “ Read my first …. “ ကို နှိပ်ပြီး စာအုပ်ကို ဒေါင်းလုပ်လုပ်ပါ။
စာရေးသူက သင်ယူချင်တဲ့ ဘာသာစကားကို ရုရှားကို ရွေးချယ်ပေးထားပါတယ်။ ရုရှား ဘာသာစကားဟာ စာရေးသူရဲ့ ဖုန်းမှာတော့ အမှန်မပေါ်တာတွေ့ရပါတယ်။ တရုတ် ဘာသာစကားကတော့ မှန်ကန်တာကို တွေ့ရပါတယ်။ မိခင်ဘာသာစကားကို အင်္ဂလိပ်ကို ရွေးထားတဲ့အတွက် အောက်ဘက် အကန့်မှာ အင်္ဂလိပ်လို ဖော်ပြပေးထားပါတယ်။
အောက်ခြေမှ Play Button ကို နှိပ်ရင် သင် သင်ယူမယ့် ဘာသာစကားဖြင့် စာအုပ်ကို အသံထွက်ဖတ်ပြပေးမှာပါ။ ဖတ်ပြတဲ့ ဝါကျများကို သူက Highlight ဖြင့် ပြပေးထားပါတယ်။ Pause လုပ်ပြီး သင် သိပ်နားမလည်တဲ့ ဝါကျကို တစ်ချက်နှိပ်ခြင်းဖြင့်လည်း အဲဒါ ဝါကျကို ပြန်လည် လေ့ကျင့်နိုင်ပါတယ်။
အပေါ်ထိပ်မှ A ခလုတ်ကို နှိပ်ရင် အသံထွက်ဖတ်ပြတဲ့ အမြန်နှုန်း၊ စာလုံး အရွယ်အစားများကို ပြောင်းလဲနိုင်ပါတယ်။
သူ့ရဲ့ ညာဘက်မှ ခလုတ်ကို နှိပ်ရင် အင်္ဂလိပ်ဘာသာစကားကို ဖျောက်ပေးပြီး ရုရှားဘာသာစကားကိုသာ ပြသပေးမှာ ဖြစ်ပါတယ်။
အောက်ခြေမှ More ကို နှိပ်ပြီး Settings ထဲသွားရင် သင့်ရဲ့ Default Languages များကို ပြန်လည် သတ်မှတ်နိုင်ပါတယ်။
အောက်ခြေမှ My Stories မှာ သင် ဒေါင်းလုပ်လုပ်ထားတဲ့ စာအုပ်များကို ပြသပေးထားပါတယ်။ အချို့စာအုပ်များကို အခမဲ့ သုံးနိုင်ပေမယ့် အချို့စာအုပ်များဟာ အခပေး ဖြစ်ပါတယ်။ အခပေး စာအုပ်များကို Preview သာ သုံးနိုင်ပါတယ်။
သူ့ရဲ့ အရွယ်အစားဟာ 8MB ရှိပြီး Android Version 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.