0 Shares 203 Views

Google Pixel 3 နဲ့ Pixel 3 XL တို့ရဲ့ Render Video နဲ့ပုံတွေပေါ်ထွက်လာ

Jun 28, 2018
0 203

[Zawgyi]







Ref:  Android Authority

[Unicode]

[Zawgyi]

နည်းပညာဒီဇိုင်းတွေကိုအခြေခံပြီး ဖန်တီးထားတယ်လို့ဆိုရမယ့် Google Pixel 3 နဲ့ Pixel 3 XL တို့ရဲ့ Render ပုံတွေကတော့ Mysmartprice နဲ့ @OnLeaks တို့ကနေထွက်ရှိလာခဲ့ပါပြီ။ ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာထွက်လာမယ်လို့မှန်းရတဲ့ ဒီဟန်းဆက် ၂လုံးရဲ့ 360-Degree ဗီဒီယိုတွေကလည်း ကျွန်တော်တို့ကို Impress ဖြစ်စေလား ကြည့်ကြည့်ရအောင်..

Render ပုံတွေပဲ တကယ်မှမဟုတ်တာဆိုပေမယ့်လည်း OnLeaks ဆိုတာက ထွက်လာမယ့်စမတ်ဖုန်းတွေရဲ့ပုံတွေကို ကြိုတင်ခန့်မှန်းဖန်တီးတဲ့နေရာမှာ တိကျတဲ့အတွက် နာမည်ကြီးပါတယ်။ အခု Pixel 3 XL ရဲ့ဒီဇိုင်းကတော့ ထိပ်ဘက်မှာလည်း Notch ပါလာသလို ရှေ့ဘက်မှာလည်း Dual-Camera ဖြစ်လာမယ်ထင်ပါတယ်။

ပုံတွေအရတော့ Pixel 3 XL က 19:9 Display ဖြစ်ပေမယ့် ပုံမှန် Pixel 3 ကတော့ 18:9 Screen ကိုမှ ထိပ်ဘက်မှာ Notch လည်းမပါတာတွေ့ရပါတယ်။

ကျောဘက်မှာတော့ ခုခေတ်စားနေသလို Dual-Camera နဲ့မဟုတ်ဘဲ ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့ပဲ လာပြန်ပါတယ်။ ကင်မရာတစ်လုံးထဲလည်း ဓာတ်ပုံကောင်းကောင်းထွက်နိုင်တယ်ဆိုတာ အရင် Pixel 2 တွေကတည်းက သက်သေပြနိုင်ခဲ့ပြီးသားပါပဲ။ အရင် Pixel တွေလိုပဲ USB Type-C ပဲသုံးပေးထားပေမယ့် 3.5 mm နားကြပ်ပေါက်ကတော့ စိတ်မကောင်းစွာနဲ့မပါလာပြန်ပါဘူး။ SIM ကဒ်ပေါက်ကို ဖုန်းရဲ့အောက်ခြေဘက်မှာထားလိုက်တာကတော့ Pixel စီးရီးတွေထဲမှာ ဒါပထမဆုံးပါပဲ။

Mysmartprice အရဆိုရင်တော့ Pixel 3 က 145.6 x 68.2 x 7.9 mm နဲ့ 3 XL တွေကတော့ 158 x 76.6 x 7.9 mm ရှိပါတယ်။ ခါတိုင်းလို Fingerprint Scanner အဝိုင်းလေးက ဖုန်းရဲ့နောက်ကျောဘက်မှာတွေ့ရဆဲပါပဲ။

ထွက်မယ့်ရက်ကို မကြေညာသေးပေမယ့် ဖြစ်နိုင်တာကတော့ စက်တင်ဘာ အောက်တိုဘာလမှာထွက်လာနိုင်ပါတယ်။ အခုထွက်လာတဲ့ Render ဗီဒီယိုတွေ ပုံတွေကနေ တွေ့ရတဲ့ဒီဇိုင်းကိုကြည့်ပြီး Pixel 3 ဖုန်းတွေအပေါ်အမြင်က??

Ref:  Android Authority

[Unicode]

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category