0 Shares 100 Views


Jun 28, 2018
0 100





Ref : techradar

unicode

စတာလင်ပေါင် ၁၀၀ အောက်သာ ရှိတဲ့ Honor 7S

Honor 7S ကို ဗြိတိန်မှာ ကြေညာလိုက်ပါတယ်။ သူဟာ တန်ဖိုးနည်း စမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပါတယ်။ မြန်မာငွေ ၁၈၅ ၀၀၀ ဝန်းကျင်သာ ကျသင့်ပါတယ်။ သူဟာ Honor 7A ထက်တောင် ဈေးပေါပါတယ်။ သူ့မှာ ၅.၄၅ လက်မ 720x1440p Display ထည့်သွင်းထားပြီး ခေတ်စားနေတဲ့ 18:9 အချိုးကို သုံးထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပေမယ့် တန်ဖိုးကြီး ဖုန်းများမှာထက် ထူထဲပါတယ်။

အနောက်ဘက် 13MP Camera နဲ့ အရှေ့ဘက် 5MP Camera များကို LED Flash တစ်လုံးစီနဲ့ တွဲဖက်ထားပါတယ်။ အရှေ့ဘက် LED Flash မှာ Selfie Light စွမ်းရည်လည်း ပါပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောတဲ့ အခါမှာ အသံကြည်လင်ပြတ်သားပြီး ကျယ်လောင်စေတဲ့ Loud Voice Call လုပ်ဆောင်ချက်လည်း ပါပါတယ်။

သူ့မှာ 1.5GHz Quad-Core MediaTek MT6739 Chipset ထည့်သွင်းထားပါတယ်။ 2GB RAM , 16GB Internal Storage များ ပါပါတယ်။ Specifications များကတော့ အခြေခံ အဆင့်သာ ရှိပါတယ်။ SIM Slot နှစ်ခုနဲ့ microSD Slot တစ်ခု သီးခြားစီ ပါပါတယ်။ ဘက်ထရီက 3020mAh ဖြစ်ပါတယ်။ ဒေတာ ကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျှင်မြန်စေတဲ့ USB-C မပါဘဲ microUSB သာ ထည့်သွင်းထားပါတယ်။

Argos , Three နဲ့ Honor Store တို့ကနေ ဝယ်ယူနိုင်ပါပြီး အပြာ၊ အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : techradar

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category