0 Shares 323 Views

မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်ပြီ

Jan 08, 2016
0 323

WeChat-Out

တရုတ် messaging app WeChat ဟာ အခုဆိုရင် ဈေးကွက်အတွင်း နယ်ပယ်သစ်ချဲ့ ထွင်တဲ့အနေနဲ့  မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှုအသစ်တစ်မျိုးကို သုံးစွဲသူတွေထံ စတင်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။

WeChat Out လို့ အမည်ပေးထားတဲ့၊ ယခုဝန်ဆောင်မှုအသစ်ဟာ Viber တို့ Skype တို့ က လက်ရှိဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်ရှိရုံနဲ့ တစ်ကမ္ဘာလုံးအနှံ့ ဖုန်းခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှုမျိုးနဲ့ ပုံစံတူပြီး လက်ရှိမှာ အမေရိကန်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံတွေမှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် မကြာမီအချိန်အတွင်းမှာ နိုင်ငံ၊ဒေသအများအပြားကို ထပ်မံတိုးချဲ့ ပေးသွားမှာဖြစ်တယ်လို့ WeChat က ကတိပေးထားပါတယ်။

နှစ်သစ်ကူးလက်ဆောင်အနေနဲ့ သုံးစွဲသူတွေအတွက် WeChat Out ကနေ ဖုန်းခေါ်ဆိုဖို့  ဖုန်းငွေ ၀.၉၉ ဒေါ်လာ မေတ္တာလက်ဆောင် ထည့်ပေးထားပြီး ကုမ္ပဏီရဲ့ပြောကြားချက်အရ မိနစ် ၁၀၀ လောက် ဖုန်းအခမဲ့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အင်တာနက်ကုမ္ပဏီကြီး Tencent က ပိုင်ဆိုင်တဲ့ WeChat ကို ၂၀၁၁ ခုနှစ်က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး အရှိန်အဟုန်နဲ့ လူကြိုက်များလာခဲ့ကာ ယခုအခါ ပုံမှန်သုံးစွဲသူ ပေါင်း သန်း ၆၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။ဒီပမာဏဟာ Skype သုံးစွဲသူပမာဏစုစုပေါင်းထက် နှစ်ဆကျော်ပိုမိုများပြားပြီး Viber ထက် ခြောက်ဆနီးပါးပိုမိုများပြားပါတယ်။

တကယ်လို့ သင့်ရဲ့ WeChat app ဟာ WeChat Out ခလုတ်ကို မတွေ့ ရသေးဘူးဆိုရင်တော့၊ Google Play Store ၊ Apple App Store တို့ ကနေ update ထွက်ပြီလားဆိုတာ သွားကြည့်ပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

 

wechat_out_interface

Ref: theverge

 

 

 

 

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Leave a Comment

Most from this category