422 Shares 105 Views

Vivo က Apple Face ID ထက္ ၁၀ ဆ ပိုိတိက်တဲ့ 3D Face Sensing နည္းပညာကို ျပသ

Jun 28, 2018
422 105

တရုတ္မွာ က်င္းပေနတဲ့ ရွန္ဟိုင္း MWC မွာ Vivo က 3D Sensing နည္းပညာ အသစ္ကို မိတ္ဆက္လိုက္ပါတယ္။ ဒီနည္းပညာဟာ စမတ္ဖုန္း နယ္ပယ္အတြက္သာ မဟုတ္ဘဲ ထုတ္ကုန္မ်ားစြာမွာ အသံုး၀င္လာမွာပါ။ Vivo က သူ႔ရဲ႕ နည္းပညာကို Time of Flight (TOF) လို႔ အမည္ေပးထားၿပီး ဆန္ဆာဟာ အရာ၀တၳဳတစ္ခုကေန သူ႔ထံသို႔ ျပန္လာတဲ့ အလင္းတန္းရဲ႕ ၾကာခ်ိန္ကို တြက္ခ်က္နိုင္တဲ့အတြက္ သံုးမီတာ အကြာအေ၀းအတြင္းက အရာ၀တၳဳကို တိက်စြာ တိုင္းတာေပးပါတယ္။ ဒီနည္းပညာဟာ 3D Photography , AR , မ်က္ႏွာ၊ Gesture နဲ႔ လႈပ္ရွားမႈကို အာရံုခံျခင္းမ်ားမွာ အလြန္တိုးတက္လာေစမွပါ။

ဒါ့အျပင္ AI ရဲ႕ လံုျခံဳေရး စြမ္းရည္ဟာလည္း ပိုမို တိုးတက္လာမွာ ျဖစ္ပါတယ္။ Vivo က သူ႔ရဲ႕ Time of Flight (TOF) စနစ္ဟာ မ်က္ႏွာကို သံုးဖက္ျမင္စနစ္ျဖင့္ အာရံုခံဖုိ႔အတြက္ ေဒတာ ပြိဳင့္ေပါင္း ၃၀၀ ၀၀၀ ကို အသံုးျပဳတယ္လို႔ ေျပာပါတယ္။ Apple Face ID ကေတာ့ ေဒတာ ပြိဳင့္ေပါင္း ၃၀ ၀၀၀ ကိုသာ ေကာက္ယူပါတယ္။

Vivo က သူ႔ရဲ႕ နည္းပညာဟာ Mi 8 Explorer Edition , iPhone X နဲ႔ ဟြာေ၀းက မၾကာခင္က မိတ္ဆက္ခဲ့တဲ့ နည္းပညာမ်ားထက္ ပိုမို ရိုးရွင္းတယ္လို႔ ေျပာပါတယ္။ Vivo က သူ႔ရဲ႕ TOF နည္းပညာဟာ Concept အဆင့္ မဟုတ္ေတာ့ေပမယ့္ စမတ္ဖုန္းမ်ားမွာ ထည့္သြင္း ေရာင္းခ်ဖို႔ အခ်ိန္ေတာ့ လိုပါေသးတယ္လို႔ ေျပာပါတယ္။ ေဒတာ ပြိဳင့္မ်ား ပိုမို ေကာက္ယူႏိုင္ျခင္းဟာ လံုျခံဳေရးနဲ႔ တိက်မႈကို ပိုမို ေကာင္းလာေစမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

REF : GSMARENA

unicode

Vivo က Apple Face ID ထက် ၁၀ ဆ ပိုတိကျတဲ့ 3D Face Sensing နည်းပညာကို ပြသ

တရုတ်မှာ ကျင်းပနေတဲ့ ရှန်ဟိုင်း MWC မှာ Vivo က 3D Sensing နည်းပညာ အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာဟာ စမတ်ဖုန်း နယ်ပယ်အတွက်သာ မဟုတ်ဘဲ ထုတ်ကုန်များစွာမှာ အသုံးဝင်လာမှာပါ။ Vivo က သူ့ရဲ့ နည်းပညာကို Time of Flight (TOF) လို့ အမည်ပေးထားပြီး ဆန်ဆာဟာ အရာဝတ္ထုတစ်ခုကနေ သူ့ထံသို့ ပြန်လာတဲ့ အလင်းတန်းရဲ့ ကြာချိန်ကို တွက်ချက်နိုင်တဲ့အတွက် သုံးမီတာ အကွာအဝေးအတွင်းက အရာဝတ္ထုကို တိကျစွာ တိုင်းတာပေးပါတယ်။ ဒီနည်းပညာဟာ 3D Photography , AR , မျက်နှာ၊ Gesture နဲ့ လှုပ်ရှားမှုကို အာရုံခံခြင်းများမှာ အလွန်တိုးတက်လာစေမှပါ။

ဒါ့အပြင် AI ရဲ့ လုံခြုံရေး စွမ်းရည်ဟာလည်း ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ Vivo က သူ့ရဲ့ Time of Flight (TOF) စနစ်ဟာ မျက်နှာကို သုံးဖက်မြင်စနစ်ဖြင့် အာရုံခံဖို့အတွက် ဒေတာ ပွိုင့်ပေါင်း ၃၀၀ ၀၀၀ ကို အသုံးပြုတယ်လို့ ပြောပါတယ်။ Apple Face ID ကတော့ ဒေတာ ပွိုင့်ပေါင်း ၃၀ ၀၀၀ ကိုသာ ကောက်ယူပါတယ်။

Vivo က သူ့ရဲ့ နည်းပညာဟာ Mi 8 Explorer Edition , iPhone X နဲ့ ဟွာဝေးက မကြာခင်က မိတ်ဆက်ခဲ့တဲ့ နည်းပညာများထက် ပိုမို ရိုးရှင်းတယ်လို့ ပြောပါတယ်။ Vivo က သူ့ရဲ့ TOF နည်းပညာဟာ Concept အဆင့် မဟုတ်တော့ပေမယ့် စမတ်ဖုန်းများမှာ ထည့်သွင်း ရောင်းချဖို့ အချိန်တော့ လိုပါသေးတယ်လို့ ပြောပါတယ်။ ဒေတာ ပွိုင့်များ ပိုမို ကောက်ယူနိုင်ခြင်းဟာ လုံခြုံရေးနဲ့ တိကျမှုကို ပိုမို ကောင်းလာစေမလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF : GSMARENA

You may be interested

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္မ်ား ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးသလို တရုတ္ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) ကိုလည္း သူ႔ရဲ႕ ေဒတာမ်ား မေရာက္ရွိေသးပါဘူး။ ဒါေပမယ့္ Honor က ဖုန္းရဲ႕ အေကာင္းဆံုး စြမ္းရည္မ်ားကို အြန္လိုင္းမွာ မၾကာခဏ…

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည္းပညာ ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ျပည္တြင္းကို တရားဝင္ ဝင္ေရာက္ခဲ့တဲ့ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ V11 မွာ In-display Fingerprint နည္းပညာအျပင္ Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ

Ko Thuya - Oct 21, 2018

Gaming Phone နယ္ပယ္မွာေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာေနပါၿပီ။ Razer က ပထမဆံုး Gaming Phone ကို မိတ္ဆက္ၿပီးေနာက္မွာ အျခား ကုမၸဏီမ်ားကလည္း အားက်မခံ သူတို႔ ကိုယ္ပိုင္ Gaming Phone မ်ားကို ပြဲထုတ္လာၾကပါတယ္။ အဲဒီအထဲမွာ Asus…

Leave a Comment

Most from this category