260 Shares 98 Views


Jun 28, 2018
260 98




Ref : androidcentral

unicode

သြဂုတ်လ ၉ ရက်နေ့မှာ ကြေညာတော့မယ့် Galaxy Note 9

သတင်းများ ပေါက်ကြားထွက်ပေါ်နေတဲ့ Samsung Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ ကြေညာတော့မှာ သေချာသွားပါပြီ။ ဆမ်ဆောင်းက အဲဒီနေ့မှာ နယူးယောက်စီးတီးမှာ သူ့ကို မိတ်ဆက်ဖို့ ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ ယခုနှစ် Galaxy Unpacked Event ဟာ ယခင်နှစ်ကထက် ရက်အနည်းငယ် စောနေပါတယ်။ ယခင်နှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ Note 8 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ Note 7 ကို ကြေညာခဲ့တာပါ။

စမတ်ဖုန်း မိတ်ဆက်ပွဲ ဖိတ်စာမှာ ကုမ္ပဏီများဟာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို အရိပ်အမြွက် ဖော်ပြထားကြပါတယ်။ အခုလည်း ဖိတ်စာမှာ Note 9 ရဲ့ အစိတ်အပိုင်းတစ်ခုကို အနီးကပ် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် အလွန် Zoom ဆွဲပြီး ရိုက်ကူးထားတဲ့အတွက် သေချာ မမြင်ရပါဘူး။ S Pen ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်မယ်လို့ ထင်ရပါတယ်။ Note Fans တွေကတော့ သိကောင်းသိနိုင်ပါတယ်။

Samsung Galaxy Note 9 နဲ့ ပတ်သက်ပြီး ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများ အားလုံးကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။

Ref : androidcentral

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
65 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
448 shares49 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Leave a Comment

Most from this category