2949 Shares 297 Views
Jun 28, 2018
2949 297
Ref : mirror
unicode
အနေဝေးတဲ့ ချစ်သူများ အင်တာနက်ကနေ အနမ်းပေးနိုင်မယ့် Kissinger
တစ်ယောက် တစ်နိုင်ငံစီ နေကြရတဲ့ အဝေးရောက် ချစ်သူများဟာ အင်တာနက် ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ Video Chat ခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။ အခုတော့ အဝေးရောက် ချစ်သူများ အင်တာနက် ကနေ အနမ်းပေးနိုင်ပါပြီ။ Kissinger လို့ အမည်ပေးထားတဲ့ Gadget ကို စမတ်ဖုန်းရဲ့ အောက်ခြေမှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ သူ့မှာ ပါတဲ့ Pad ကို နမ်းလိုက်တဲ့ အခါမှာ တစ်ဖက်လူရဲ့ Pad မှာ အဲဒီထိတွေ့မှု အနေအထားအတိုင်း ခံစားရမှာ ဖြစ်ပါတယ်။
Kissinger မှာ Pressure Sensors များ တပ်ဆင်ထားပြီး ထိတွေ့မှုကို အာရုံခံနိုင်ပါတယ်။ အာရုံခံ တွက်ချက်ပြီးနောက်မှာ အခြားတစ်ဖက်မှ လူထံ App ကနေ တစ်ဆင့် ပေးပို့တာ ဖြစ်ပါတယ်။ အဲဒီ App ကနေလည်း အဝေးရောက်ချစ်သူများ Video Chat နိုင်ပါတယ်။
စုံတွဲများ၊ အိမ်ထောင်သည်များ သာမက မိဘများကလည်း သူတို့ရဲ့ အဝေးရောက်နေတဲ့ သား သမီးများကို အင်တာနက်ကနေ ဒီလို အနမ်းပေးနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ တီထွင်သူ ဇန်က နောက်ထပ် ခြေလှမ်းတစ်ရပ် အနေနဲ့ အနံ့အာရုံကိုပါ ထည့်သွင်းပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဝေးရောက် ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးကိုပါ ရှူရှိုက်နိုင်မှာ ဖြစ်ပါတယ်။
“ အနမ်းပေးခြင်းဟာ ချစ်ခင်နှစ်သက်မှုကို ဖော်ပြတဲ့ ကမ္ဘာ့ ဘာသာစကား ဖြစ်ပါတယ်။ အိမ်ထောင်သည်နဲ့ စုံတွဲတိုင်းရဲ့ ဆက်ဆံရေးကို ခိုင်မြဲစေပါတယ်။ နောက်ပြီး အနမ်းပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ “ လို့ ဇန်က ပြောပါတယ်။
Ref : mirror
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category