0 Shares 94 Views

အနာဂတ္ရဲ႕ အဆင့္ျမင့္ သယ္ယူပို႔ေဆာင္ေရး ယာဥ္မ်ား

Jun 27, 2018
0 94

ကမာၻအ၀န္းမွ ကုမၸဏီမ်ား၊ ပညာရွင္မ်ားက အနာဂတ္ ခရီးသြားမႈကို အဆင့္ျမွင့္ေပးမယ့္ နည္းပညာျမင့္ ယာဥ္မ်ားကို တီထြင္ေနၾကပါတယ္။ အဲဒီ ယာဥ္မ်ားဟာ ခရီးသြားတဲ့ အခါမွာ အခ်ိိန္ကုန္ သက္သာေစၿပီး ကုန္က်စားရိတ္ နည္းပါးေစပါတယ္။ ဒါ့အျပင္ လမ္းပိတ္ဆို႔ျခင္း၊ သဘာ၀ ပတ္၀န္းက်င္ကို ထိခိုက္ေစတဲ့ ဓါတ္ေငြ႕ထုတ္လႊတ္ျခင္းမ်ားကိုလည္း ေလ်ာ့နည္းေစမွာ ျဖစ္ပါတယ္။

Hyperloop

Hyperloop သယ္ယူပို႔ေဆာင္ေရး စနစ္ဟာ လိႈဏ္ေခါင္းထဲကေန Tube ျဖင့္ သြားရျခင္း ျဖစ္ၿပီး တစ္နာရီလွ်င္ မိုင္ ၅၀၀ ေက်ာ္ ေမာင္းႏွင္ႏုိင္ပါတယ္။ ေမာင္းသူမဲ့ စနစ္ ျဖစ္တဲ့အတြက္ ေအာ္ပေရတာမ်ားရဲ႕ အမွားမ်ား၊ ရာသီဥတု အေျခအေနမ်ားေၾကာင့္ ေႏွာင့္ေႏွးမႈမ်ား မျဖစ္ေတာ့ပါဘူး။ အဲဒီနည္းပညာကို တီထြင္ေနတဲ့ Startup ၂ ခုကေတာ့ Hyperloop One နဲ႔ Arrivo တို႔ ျဖစ္ၾကပါတယ္။

Self-Driving Bus

ၿမိဳ႕ေတာ္မ်ားမွာ လူဦးေရ ထူထပ္လာတဲ့အတြက္ စိတ္ခ်ရၿပီး စြမ္းရည္ျမင့္မားတဲ့ သယ္ယူပို႔ေဆာင္ေရး စနစ္မ်ား လိုအပ္လာပါတယ္။ အဲဒီအတြက္ ကုမၸဏီမ်ားက ေမာင္းသူမဲ့ ဘတ္စ္ကားမ်ားကို တီထြင္ေနပါတယ္။ Mercedes-Benz က ဇူလိုင္လမွာ တစ္၀က္တစ္ပ်က္ အလိုအေလွ်ာက္ ေမာင္းႏွင္ႏိုင္တဲ့ Future Bus ကို ေၾကညာလိုက္ပါတယ္။ အဲဒီဘတ္စ္ကားက မီးပြိဳင့္မ်ားကို နားလည္ျခင္း၊ လိႈဏ္ေခါင္းမ်ားထဲမွာ ေမာင္းႏွင္ျခင္း၊ လမ္းသြားလမ္းလာမ်ားကို သိရွိျခင္း စတဲ့ စြမ္းရည္မ်ား ပိုင္ဆိုင္ၿပီး အခ်ိဳ႕အေျခအေနမ်ားမွာ အလိုအေလွ်ာက္ ေမာင္းနွင္ႏုိင္ပါတယ္။ Mercedes က သူ႔ရဲ႕ ဘတ္စ္ကားဟာ လူေမာင္းႏွင္တဲ့ ဘတ္စ္ကားမ်ားထက္ ေလာင္စာဆီ အသံုးျပဳမႈကို ေလွ်ာ့ခ်ေပးတယ္လို႔ ေျပာပါတယ္။

SkyTran

SkyTran လို သယ္ယူပို႔ေဆာင္ေရး စနစ္ဟာ ေန႔စဥ္ ရံုးသြားသူမ်ားအတြက္ အက်ိဳးရွိေစပါတယ္။ သူဟာ ေလယာဥ္လို ပံုသ႑ာန္ ျဖစ္ၿပီး ေျမျပင္အထက္ ေပ ၂၀ ရွိ သံတန္းကို တြဲခိုၿပီး သယ္ယူပို႔ေဆာင္ေပးပါတယ္။ တစ္နာရီလွ်င္ ၁၅၅ မိုင္ႏႈန္း ေမာင္းႏွင္ႏိုင္ၿပီး ကားျဖင့္ ၂ နာရီၾကာတဲ့ ခရီးကို ၁၀ မိနစ္ျဖင့္ ပို႔ေဆာင္ေပးပါတယ္။ SkyTran ရဲ႕ နည္းပညာျမင့္ စနစ္က ခရီးသည္မ်ား စီးနင္းတဲ့ အေလ့အထကို သိရွိၿပီး လိုအပ္တဲ့ အခ်ိန္၊ လိုအပ္တဲ့ ေနရာကို အလိုအေလွ်ာက္ သြားေပးႏုိင္ပါတယ္။ SkyTran ကို ၂၀၂၀ ခုႏွစ္မွာ ႏိုင္ဂ်ီးရီးယားမွာ စတင္ ၀န္ေဆာင္မႈေပးမွာပါ။

Autonomous Passenger Drone

ဇြန္လမွာ Dubai Roads and Transportation Agency (RTA) က ဂ်ာမနီ ကုမၸဏီ Volocopter ထုတ္လုပ္ထားတဲ့ ေမာင္းသူမဲ့ Drone Taxi မ်ားကို ယခုႏွစ္ေႏွာင္းပိုင္းမွာ စမ္းသပ္မယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲဒီ ဒရုန္းမ်ားဟာ ေျမျပင္နဲ႔ ေ၀ဟင္သို႔ ေဒါင္လိုက္ ပ်ံတက္၊ ဆင္းသက္ႏုိင္ပါတယ္။ ေမာင္းသူမဲ့ ဒရုန္းကို တီထြင္ေနတဲ့ ေနာက္ထပ္ ကုမၸဏီတစ္ခုမွာ တရုတ္မွ EHang ျဖစ္ပါတယ္။ EHang က ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွာ သူ႔ရဲ႕ ေမာင္းသူမဲ့ အီလက္ထရစ္ ဒရုန္းကို ျပသခဲ့ပါတယ္။ သူဟာ ၄.၉ ေပ အျမင့္ရွိၿပီး ေပါင္ ၄၄၀ အေလးခ်ိန္ရွိပါတယ္။ တစ္နာရီလွ်င္ ၆၂ မိုင္ႏႈန္းျဖင့္ ပ်ံသန္းႏုိင္ပါတယ္။ အျမင့္ေပ ၁၁၀၀၀ အထိ ပ်ံသန္းႏုိင္ပါတယ္။ ဒရုန္းကို စမတ္ဖုန္းကေန ေခၚယူ စီးနင္းႏုိင္မွာပါ။

Flying Car

Terrafugia အမည္ရ ကားပ်ံ ကုမၸဏီက TF-X ကို ၂၀၂၅ ခုႏွစ္မွာ ပ်ံသန္းႏိုင္ဖို႔ ဖန္တီးေနပါတယ္။ TF-X ဟာ အလိုအေလွ်ာက္ ပ်ံသန္းႏုိင္ပါတယ္။ ဘက္ထရီျဖင့္ ေမာင္းနွင္မွာ ျဖစ္ၿပီး တစ္ခါအားသြင္းထားရင္ မိုင္ ၅၀၀ ေမာင္းနွင္ႏုိင္ပါတယ္။ တိုယိုတာကလည္း ကားပ်ံကို တီထြင္ခ်င္ေနပါတယ္။ ကုမၸဏီက ကားပ်ံကို တီထြင္ေနတဲ့ Cartivator မွာ ေဒၚလာ ၃၈၆ ၀၀၀ ကို ရင္းနွီးျမွပ္ႏွံထားပါတယ္။ သူ႔ရဲ႕ ကားပ်ံ အမည္ကေတာ့ Sky Drive ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ စတင္ စမ္းသပ္မွာပါ။ ကုန္း၊ ေလႏွစ္တန္ ေမာင္းႏွင္ႏုိင္တဲ့အတြက္ ေျမျပင္မွာ ယာဥ္ေၾကာပိတ္ဆို႔ေနခ်ိန္မွာ ပ်ံသန္းႏိုင္မွာ ျဖစ္ပါတယ္။

Self-Driving Cars

ေမာင္းသူမဲ့ ကား နည္းပညာဟာ အလြန္ တိုးတက္လာေနပါၿပီ။ ကားထုတ္လုပ္တဲ့ ကုမၸဏီ အမ်ားစုက ေမာင္းသူမဲ့ ကားမ်ားကို ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်ဖို႔ ရည္ရြယ္ထားပါတယ္။ လူသားမ်ား ေဘးကင္းေစဖို႔ ေမာင္းသူမဲ့ ကားမ်ားဟာ သာမာန္ကားမ်ားထက္ အားသာခ်က္မ်ား ရွိပါတယ္။ ေမာင္းသူမဲ့ ကားမ်ားဟာ ႏွစ္စဥ္ လူသားမ်ားရဲ႕ အသက္ ေထာင္ေပါင္းမ်ားစြာကို ကယ္တင္ေပးမယ္လို႔ တြက္ခ်က္ထားၾကပါတယ္။ စစ္တမ္းတစ္ခုက အေမရိကန္မွ ကားမ်ားအားလံုးရဲ႕ ၉၀ ရာခုိင္ႏႈန္းဟာ ေမာင္းသူမဲ့ ကားမ်ားျဖစ္မယ္ဆိုရင္ ကားမေတာ္တဆမႈမ်ားဟာ တစ္ႏွစ္လွ်င္ ၆ သန္းကေန ၁.၃ သန္းအထိ ေလ်ာ့နည္းသြားမယ္လို႔ ေျပာပါတယ္။

ref : businessinsider

unicode

အနာဂတ်ရဲ့ အဆင့်မြင့် သယ်ယူပို့ဆောင်ရေး ယာဉ်များ

ကမ္ဘာအဝန်းမှ ကုမ္ပဏီများ၊ ပညာရှင်များက အနာဂတ် ခရီးသွားမှုကို အဆင့်မြှင့်ပေးမယ့် နည်းပညာမြင့် ယာဉ်များကို တီထွင်နေကြပါတယ်။ အဲဒီ ယာဉ်များဟာ ခရီးသွားတဲ့ အခါမှာ အချိန်ကုန် သက်သာစေပြီး ကုန်ကျစားရိတ် နည်းပါးစေပါတယ်။ ဒါ့အပြင် လမ်းပိတ်ဆို့ခြင်း၊ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓါတ်ငွေ့ထုတ်လွှတ်ခြင်းများကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။

Hyperloop

Hyperloop သယ်ယူပို့ဆောင်ရေး စနစ်ဟာ လှိုဏ်ခေါင်းထဲကနေ Tube ဖြင့် သွားရခြင်း ဖြစ်ပြီး တစ်နာရီလျှင် မိုင် ၅၀၀ ကျော် မောင်းနှင်နိုင်ပါတယ်။ မောင်းသူမဲ့ စနစ် ဖြစ်တဲ့အတွက် အော်ပရေတာများရဲ့ အမှားများ၊ ရာသီဥတု အခြေအနေများကြောင့် နှောင့်နှေးမှုများ မဖြစ်တော့ပါဘူး။ အဲဒီနည်းပညာကို တီထွင်နေတဲ့ Startup ၂ ခုကတော့ Hyperloop One နဲ့ Arrivo တို့ ဖြစ်ကြပါတယ်။

Self-Driving Bus

မြို့တော်များမှာ လူဦးရေ ထူထပ်လာတဲ့အတွက် စိတ်ချရပြီး စွမ်းရည်မြင့်မားတဲ့ သယ်ယူပို့ဆောင်ရေး စနစ်များ လိုအပ်လာပါတယ်။ အဲဒီအတွက် ကုမ္ပဏီများက မောင်းသူမဲ့ ဘတ်စ်ကားများကို တီထွင်နေပါတယ်။ Mercedes-Benz က ဇူလိုင်လမှာ တစ်ဝက်တစ်ပျက် အလိုအလျှောက် မောင်းနှင်နိုင်တဲ့ Future Bus ကို ကြေညာလိုက်ပါတယ်။ အဲဒီဘတ်စ်ကားက မီးပွိုင့်များကို နားလည်ခြင်း၊ လှိုဏ်ခေါင်းများထဲမှာ မောင်းနှင်ခြင်း၊ လမ်းသွားလမ်းလာများကို သိရှိခြင်း စတဲ့ စွမ်းရည်များ ပိုင်ဆိုင်ပြီး အချို့အခြေအနေများမှာ အလိုအလျှောက် မောင်းနှင်နိုင်ပါတယ်။ Mercedes က သူ့ရဲ့ ဘတ်စ်ကားဟာ လူမောင်းနှင်တဲ့ ဘတ်စ်ကားများထက် လောင်စာဆီ အသုံးပြုမှုကို လျှော့ချပေးတယ်လို့ ပြောပါတယ်။

SkyTran

SkyTran လို သယ်ယူပို့ဆောင်ရေး စနစ်ဟာ နေ့စဉ် ရုံးသွားသူများအတွက် အကျိုးရှိစေပါတယ်။ သူဟာ လေယာဉ်လို ပုံသဏ္ဍာန် ဖြစ်ပြီး မြေပြင်အထက် ပေ ၂၀ ရှိ သံတန်းကို တွဲခိုပြီး သယ်ယူပို့ဆောင်ပေးပါတယ်။ တစ်နာရီလျှင် ၁၅၅ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ကားဖြင့် ၂ နာရီကြာတဲ့ ခရီးကို ၁၀ မိနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။ SkyTran ရဲ့ နည်းပညာမြင့် စနစ်က ခရီးသည်များ စီးနင်းတဲ့ အလေ့အထကို သိရှိပြီး လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ နေရာကို အလိုအလျှောက် သွားပေးနိုင်ပါတယ်။ SkyTran ကို ၂၀၂၀ ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ စတင် ဝန်ဆောင်မှုပေးမှာပါ။

Autonomous Passenger Drone

ဇွန်လမှာ Dubai Roads and Transportation Agency (RTA) က ဂျာမနီ ကုမ္ပဏီ Volocopter ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ Drone Taxi များကို ယခုနှစ်နှောင်းပိုင်းမှာ စမ်းသပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ ဒရုန်းများဟာ မြေပြင်နဲ့ ဝေဟင်သို့ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ မောင်းသူမဲ့ ဒရုန်းကို တီထွင်နေတဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုမှာ တရုတ်မှ EHang ဖြစ်ပါတယ်။ EHang က ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ သူ့ရဲ့ မောင်းသူမဲ့ အီလက်ထရစ် ဒရုန်းကို ပြသခဲ့ပါတယ်။ သူဟာ ၄.၉ ပေ အမြင့်ရှိပြီး ပေါင် ၄၄၀ အလေးချိန်ရှိပါတယ်။ တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။ အမြင့်ပေ ၁၁၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။ ဒရုန်းကို စမတ်ဖုန်းကနေ ခေါ်ယူ စီးနင်းနိုင်မှာပါ။

Flying Car

Terrafugia အမည်ရ ကားပျံ ကုမ္ပဏီက TF-X ကို ၂၀၂၅ ခုနှစ်မှာ ပျံသန်းနိုင်ဖို့ ဖန်တီးနေပါတယ်။ TF-X ဟာ အလိုအလျှောက် ပျံသန်းနိုင်ပါတယ်။ ဘက်ထရီဖြင့် မောင်းနှင်မှာ ဖြစ်ပြီး တစ်ခါအားသွင်းထားရင် မိုင် ၅၀၀ မောင်းနှင်နိုင်ပါတယ်။ တိုယိုတာကလည်း ကားပျံကို တီထွင်ချင်နေပါတယ်။ ကုမ္ပဏီက ကားပျံကို တီထွင်နေတဲ့ Cartivator မှာ ဒေါ်လာ ၃၈၆ ၀၀၀ ကို ရင်းနှီးမြှပ်နှံထားပါတယ်။ သူ့ရဲ့ ကားပျံ အမည်ကတော့ Sky Drive ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စတင် စမ်းသပ်မှာပါ။ ကုန်း၊ လေနှစ်တန် မောင်းနှင်နိုင်တဲ့အတွက် မြေပြင်မှာ ယာဉ်ကြောပိတ်ဆို့နေချိန်မှာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Self-Driving Cars

မောင်းသူမဲ့ ကား နည်းပညာဟာ အလွန် တိုးတက်လာနေပါပြီ။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အများစုက မောင်းသူမဲ့ ကားများကို ၂၀၂၀ ခုနှစ်မှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ လူသားများ ဘေးကင်းစေဖို့ မောင်းသူမဲ့ ကားများဟာ သာမာန်ကားများထက် အားသာချက်များ ရှိပါတယ်။ မောင်းသူမဲ့ ကားများဟာ နှစ်စဉ် လူသားများရဲ့ အသက် ထောင်ပေါင်းများစွာကို ကယ်တင်ပေးမယ်လို့ တွက်ချက်ထားကြပါတယ်။ စစ်တမ်းတစ်ခုက အမေရိကန်မှ ကားများအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ မောင်းသူမဲ့ ကားများဖြစ်မယ်ဆိုရင် ကားမတော်တဆမှုများဟာ တစ်နှစ်လျှင် ၆ သန်းကနေ ၁.၃ သန်းအထိ လျော့နည်းသွားမယ်လို့ ပြောပါတယ်။

ref : businessinsider

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ

Ko Thuya - May 23, 2019

OPPO က စြမ္းေဆာင္ရည္သင့္ K3 စမတ္ဖုန္းကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၆.၅ လက္မ Full HD+ AMOLED Display တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Screen-to-body Ratio မွာ ၉၁.၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္…

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို…

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares43 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Leave a Comment

Most from this category