206 Shares 91 Views
Jun 28, 2018
206 91
[Zawgyi]
Qualcomm က စမတ်ဖုန်းနဲ့ Tablets တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Snapdragon Processor ၃မျိုးကို Mobile World Congress Shanghai (MWCS 2018) မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ Snapdragon 632, Snapdragon 439 နဲ့ Snapdragon 429 SoC တွေကို ပြသခဲ့တာဖြစ်ပြီး အဲဒီ Processor များဟာ တန်ဖိုးနည်း နဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Processor အမျိုးအစားများ ဖြစ်ကြပါတယ်။
Ref:gadget.ndtv
[Unicode]
တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းများအတွက် Processor အသစ်တွေကို မိတ်ဆက်လိုက်တဲ့ Qualcomm
Qualcomm က စမတ်ဖုန်းနဲ့ Tablets တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Snapdragon Processor ၃မျိူးကို Mobile World Congress Shanghai (MWCS 2018) မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ Snapdragon 632, Snapdragon 439 နဲ့ Snapdragon 429 SoC တွေကို ပြသခဲ့တာဖြစ်ပြီး အဲဒီ Processor များဟာ တန်ဖိုးနည်း နဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Processor အမျိူးအစားများ ဖြစ်ကြပါတယ်။။
Processor ၃မျိူးစလုံးက Dual Camera တွေကို တပ်ဆင်နိုင်မယ့်အပြင် Flagship စမတ်ဖုန်းတွေမှာပါတဲ့ Features တော်တော်များများကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ စမတ်နာရီတွေမှာ အသုံးပြုနိုင်မယ့် Processor ကိုလည်း ထပ်မံ မိတ်ဆက်လိုက်ပါသေးတယ်။ အဲ့ဒီ Processor က Qualcomm ရဲ့ ပထဦးဆုံးသော Processor အမျိူးအစားဖြစ်ပြီး Snapdragon Wear 2500 လို့ နာမည်ပေးထားပါတယ်။
Snapdragon 632, Snapdragon 439 နဲ့ Snapdragon 429 SoC အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို စက်တင်ဘာလလောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိကြောင်း Qualcomm ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ အသစ်ထွက်ရှိလာမယ့် Processor တွေကို Performance အပိုင်းနဲ့ Graphics အပိုင်းမှာ ပိုမိုကောင်းမွန်လာအောင်၊ ဘက်ထရီ အားအစား သက်သာအောင် ပြုလုပ်ထားပြီး AI လုပ်ဆောင်နိုင်စွမ်းများနဲ့ ပိုမိုအဆင့်မြင့်လာတဲ့ ချိတ်ဆက်မှု နည်းပညာများကို ထည့်သွင်းထားတယ့်အကြောင်းကို Qualcomm Technologies ရှိ Vice President ဖြစ်သူ Kedar Kondap က ပြောကြားထားပါတယ်။ Snapdragon 632 SoC က 4K Video ရိုက်ကူးမှုများ၊ Artificial Intelligence နဲ့ မြန်ဆန်တဲ့ LTE မြန်နှုန်းတွေ ပါဝင်သလို စျေးနှုန်းကလည်း သင့်တင့်ပါတယ်လို့ Qualcomm က ထပ်မံ ပြောကြားထားပါတယ်။ 14nm FinFET နည်းပညာနဲ့ တည်ဆောက်ထားတာဖြစ်ပြီး Performace အပိုင်းမှာလည်း Qualcomm Kryo 250 နဲ့ Adreno 506 တို့ရဲ့ ပေါင်းစပ်မှု ရလဒ်ကြောင့် 40% အထိ ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။ ကင်မရာ အပိုင်းမှာတော့ တစ်လုံးတည်း တပ်ဆင်မယ်ဆိုရင် 24-Megapixel Camera အထိ တပ်ဆင်နိုင်မှာ ဖြစ်ပြီး Dual Camera တပ်ဆင်မယ်ဆိုရင်တော့ 13-Megapixel Camera ၂လုံးကို တွဲလျက် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Display အပိုင်းအတွက် Full-HD+ resolution များကို ထောက်ပံ့ပေးနိုင်ပြီး Connectivity အပိုင်းအတွက် Download Speed 300Mbps အထိ ရရှိနိုင်မယ့် X9 LTE modem ပါဝင်မှာ ဖြစ်ပါတယ်။
Snapdragon 439 နဲ့ Snapdragon 429 SoC များကိုတော့ 12nm FinFET နည်းပညာနဲ့ တည်ဆောက်ထားပြီး ဘက်ထရီ ကုန်ဆုံးမှုကို 25% အထိ လျော့ချပေးမယ်လို့ သိရပါတယ်။ Connectivity အပိုင်းအတွက် X6 LTE modem ကို အသုံးပြုထားတဲ့အတွက် Download Speed ကတော့ 150Mbps အထိဘဲ ရရှိမှာ ဖြစ်ပါတယ်။ Snapdragon 439 SoC က Octa-core CPU အမျိူးအစားဖြစ်ပြီး Graphic Rendering မှာ 20% အထိ ပိုမိုကောင်းမွန်လာမယ့် Adreno 505 GPU ပါဝင်မှာ ဖြစ်ပါတယ်။ Snapdragon 429 မှာတော့ Graphic Rendering 50% အထိ ပိုမိုကောင်းမွန်စေမယ့် Adreno 504 GPU ကို ထည့်သွင်းပေးထားတယ်လို့ Qualcomm ကပြောကြားထားပါတယ်။ Snapdragon 439 က 21-Megapixel Camera အထိ တပ်ဆင်နိုင်ပြီး Dual Camera ဆိုရင်တော့ 8-Megapixel Camera ၂လုံးကို တွဲလျက် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Snapdragon 429 ကတော့ 16-Megapixel Camera အထိသာ တပ်ဆင်နိုင်မှာ ဖြစ်ပြီး Dual Camera ဆိုရင်တော့ 8-Megapixel Camera ၂လုံးကို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Snapdragon 439 မှာ Full-HD+ Display များကို အသုံးပြုနိုင်ပြီး Snapdragon 429 မှာတော့ HD+ Display များကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Snapdragon Wear 2500 မှာ 4G LTE ကွန်ယက်စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Quad-core Cortex-A7 Processor အမျိူးအစား ဖြစ်ပါတယ်။ ဒါ့အပြင် 5-Megapixel အထိ ရှိတဲ့ Camera ၁လုံး တပ်ဆင်နိုင်မှာ ဖြစ်ပြီး Amazon Alexa နဲ့ Google Assistant လိုမျိူး Voice Assistant တွေကိုလည်း စမတ်နာရီပြုလုပ်သူများက ထည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ စမတ်နာရီ ပတ်ထားတဲ့ ကလေးတွေ အနေနဲ့ အွန်လိုင်း ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်ဖို့အတွက် NFC (Near-field Communication) လည်း ပါဝင်မှာ ဖြစ်ပါတယ်။
Ref:gadget.ndtv
You may be interested
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares21 views
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Ko Thuya - Oct 18, 2018
သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…
Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views
Lenovo ရဲ့ Foldable Tablet လာမည်
Ko Thuya - Oct 18, 2018
ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Ko Thuya - Oct 18, 2018
Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…
Leave a Comment
Most from this category