0 Shares 157 Views

ကြန္ပ်ဴတာတစ္လံုးမွာ ပါဝင္သမွ် အစိတ္အပိုင္းမ်ား

Jun 27, 2018
0 157

ကြန္ပ်ဴတာပံုးတစ္လံုးထဲမွာ ဘယ္အစိတ္အပိုင္းေတြပါလဲ ဘယ္ပစၥည္းေတြကိုေတာ့ ဘယ္ေနရာမွာထားလဲဆိုတာသိခ်င္လို႔ ဖြင့္ျပီး စပ္စုဖူးပါသလား?? အတိုအစအစိတ္အပိုင္းေသးေသးေလးေတြနဲ႔ ရႈပ္ယွက္ခက္ေနေပမယ့္ တကယ္ေတာ့ကြန္ပ်ဴတာတစ္လံုးရဲ႕အတြင္းပိုင္းက အဲ့ေလာက္ထိ အဆန္းတၾကယ္မဟုတ္လွပါဘူး။ ဆိုေတာ့ ကြန္ပ်ဴတာပံုးတစ္လံုးအတြင္းထဲမွာ ဘယ္အစိတ္အပိုင္းေတြပါလဲ အခုပဲၾကည့္ၾကည့္လိုက္ရေအာင္…

Motherboard

a motherboard

Motherboard ဆိုတာကေတာ့ ကြန္ပ်ဴတာရဲ႕အဓိက Main Circuit ျပားၾကီးပါပဲ။ CPU, Memory, Hard Drive ေတြအတြက္ Connector ေတြ၊ ဗီဒီယိုေတြအသံေတြအတြက္ Expansion ကဒ္ေတြ၊ USB ေပါက္ေတြနဲ႔ခ်ိတ္ထားတဲ့ Connection ေတြ ဒါေတြအားလံုးစုစည္းတပ္ဆင္ထားတဲ့ ပါးလႊာတဲ့အျပားတစ္ခုပါပဲ။ ဒီ Motherboard ကပဲ ကြန္ပ်ဴတာထဲမွာရွိတဲ့အစိတ္အပုိင္းအကုန္လံုးနဲ႔ တုိက္ရိုက္ျဖစ္ျဖစ္ တစ္ဆင့္ခံျဖစ္ျဖစ္ခ်ိတ္ဆက္ထားတာပါ။

CPU/ Processor

        Processor လို႔ေခၚတဲ့ Central Processing Unit (CPU) ကိုေတာ့ မားသားဘုတ္ေပၚမွာတပ္ဆင္ထားပါတယ္။ သူ႔ကိုေတာ့ ကြန္ပ်ဴတာတစ္လံုးရဲ႕ ဦးေႏွာက္လို႔တင္စားၾကျပီး အမ်ိဳးမ်ိဳးေသာခိုင္းေစခ်က္ေတြကို လုပ္ေဆာင္ေပးရတဲ့ အဓိကအစိတ္အပိုင္းတစ္ခုပါ။ ခလုတ္တစ္ခု ေမာက္စ္တစ္ခ်က္ႏိွပ္လိုက္တိုင္း ဘာလုပ္မယ္ဆိုတဲ့ညႊန္ၾကားခ်က္ေတြကို CPU ဆီေပးပို႔ေနတာပါပဲ။

a CPU

CPU ကေတာ့ ၂လက္မ ေလးေထာင့္ျပားေလးကိုမွ အထဲမွာ Silicon Chip ျပားေလးတစ္ခုပါပါတယ္။ မားသားဘုတ္ရဲ႕ CPU Socket ထဲမွာ CPU ကိုကြက္တိတပ္ဆင္ထားျပီး သူ႔ဆီကထြက္လာတဲ့အပူေတြကို စုပ္ယူႏုိင္ဖို႔ အေပၚက Heat Sink ေလးနဲ႔ဖံုးအုပ္ထားပါတယ္။

Processor ရဲ႕အျမန္ႏႈန္းကိုေတာ့ Megahertz (MHz) နဲ႔ တုိင္းတာျပီး တစ္စကၠန္မွာ ညႊန္ၾကားခ်က္ေပါင္းသန္းနဲဲ႔ခ်ီျပီးလုပ္ႏုိင္ပါတယ္။ Gigahertz (GHz) ဆုိရင္ေတာ့ ဘီလီယံနဲ႔ခ်ီျပီးလုပ္ႏုိင္တာေပါ့။ ဆိုေတာ့ ပရိုဆက္ဆာျမန္ေလေလ ညႊန္ၾကားခ်က္ေတြကို ျမန္ျမန္လုပ္ေဆာင္ႏုိင္ေလေလပါပဲ။ ဒါေပမယ့္ ကြန္ပ်ဴတာရဲ႕တကယ့္အျမန္ႏႈန္းကေတာ့ ပရိုဆက္ဆာတင္မဟုတ္ဘဲ တျခား အစိတ္အပိုင္းေတြအမ်ားၾကီးေပၚမွာလဲ မူတည္ေနပါေသးတယ္။

RAM (Random Access Memory)

RAM ဆိုတာကေတာ့ ကြန္ပ်ဴတာက တြက္ခ်က္မႈေတြလုပ္တုိင္း ရလာတဲ့ေဒတာေတြကို ယာယီသြားသိမ္းတဲ့ Short-Term Memory ပါ။ ယာယီသိမ္းတာျဖစ္တျ့အတြက္ ကြန္ပ်ဴတာပိတ္တာနဲ႔ RAM ေပၚကေဒတာေတြေပ်ာက္သြားမွာပါ။ ဒါေၾကာင့္ စာေရးတာ၊ စာရင္းဆြဲတာေတြ တျခားဖုိင္တစ္ခုခုေရးေနတဲ့အခ်ိန္မ်ိဳးဆို အရင္ဆံုး Save ထားတာပိုစိတ္ခ်ရပါတယ္။ Save လုိက္မွ Hard Drive ေပၚေရာက္သြားျပီး ကိုယ္မဖ်က္မခ်င္းသိမ္းေပးထားမွာပါ။

computer RAM

RAM ကိုေတာ့ Megabyte(MB) ဒါမွမဟုတ္ Gigabyte (GB) နဲ႔တုိင္းတာပါတယ္။ RAM မ်ားေလေလ ကြန္ပ်ဴတာက အလုပ္ေတြကိုတစ္ျပိဳင္နက္အမ်ားၾကီးလုပ္ႏုိင္ေလေလပါပဲ။ RAM သာနည္းလို႔ကေတာ့ ဖြင့္တဲ့ Program ေတြမ်ားေလေလ ဟန္းေလေလျဖစ္ေနမွာပါ။ ဒါေၾကာင့္လည္း စြမ္းေဆာင္ရည္ပိုေကာင္းေအာင္ တစ္ခ်ိဳ႕က RAM ေတြထပ္စိုက္ျပီးသံုးၾကတာပါ။

Hard Drive

        ခုနကေျပာခဲ့တဲ့အတုိင္း ကိုယ့္ေဆာ့ဖ္ဝဲလ္ေတြ၊ ဖိုင္ေတြ Document ေတြအကုန္လံဳးက Hard Drive ထဲမွာ သိမ္းထားတာပါ။ Long-Term Memory ျဖစ္တဲ့အတြက္ ကြန္ပ်ဴတာပိတ္ပိတ္ ပလပ္ပဲျဖဳတ္ျဖဳတ္ ပ်က္သြားမွာမဟုတ္ပါဘူး။

a hard drive

ပရိုဂရမ္တစ္ခု ဒါမွမဟုတ္ ဖုိင္တစ္ခုကိုဖြင့္ျပီဆိုရင္ ကြန္ပ်ဴတာက Hard Drive က ေဒတာေတြကို RAM ေပၚတင္ထားပါတယ္။ Save လုပ္လုိက္ရင္ေတာ့ Hard Drive ေပၚျပန္သိမ္းေပးျပီး Hard Drive ျမန္ေလေလ ကြန္ပ်ဴတာက ပရိုဂရမ္ေတြကို စတင္ဖို႔ ျမန္ေလေလပါပဲ။

Power Supply Unit

a power supply unit

        သူကေတာ့ ပလပ္ေပါက္ကလာတဲ့ ပါဝါအားကို ကြန္ပ်ဴတာကလိုအပ္တဲ့ အားအမ်ိဳးအစားအေနနဲ႔ေျပာင္းေပးတာပါ။ သူကေန မားသားဘုတ္ဆီ တျခားအစိတ္အပိုင္းေတြဆီကို ၾကိဳးေတြကတစ္ဆင့္ အားေတြေပးပို႔ေပးေနတာပါ။

Expansion Cards

ကြန္ပ်ဴတာအမ်ားစုမွာေတာ့ မားသားဘုတ္ေပၚမွာ Expansion ကဒ္အမ်ိဳးမ်ိဳးကိုထပ္စိုက္ႏုိင္ဖို႔ Expansion အေပါက္ေလးေတြပါပါတယ္။ PCI (Peripheral Component Interconnect) ကဒ္ေတြလို႔လည္ေခၚျပီး မားသားဘုတ္အမ်ားစုမွာေတာ့ ဗီဒီယို၊ အသံ၊ကြန္ယက္နဲ႔ တျခားစြမ္းေဆာင္ရည္ေတြအတြက္ Build In ပါျပီးသားျဖစ္လို႔ ထပ္စိုက္စရာမလိုပါဘူး။

ဒီလိုမွမဟုတ္ဘဲ စြမ္းေဆာင္ရည္ကုိျမွင့္ခ်င္တယ္၊ အရင္ကြန္ပ်ဴတာအေဟာင္းမွာမရႏုိင္တဲ့စြမ္းေဆာင္ရည္ေတြကို ထပ္ထည့္ခ်င္တယ္ဆိုရင္ေတာ့ ၁ကဒ္မကထပ္စိုက္ႏုိင္ပါတယ္။ Expansion ကဒ္အမ်ိဳးအစားတစ္ခ်ိဳ႕ကေတာ့

  1. Video Card

a video card

ေမာ္နီတာေပၚမွာျမင္ရသမွ်ေတြက Video Card နဲ႔ဆိုင္ပါတယ္။ ကြန္ပ်ဴတာအမ်ားစုမွာေတာ့ GPU (Graphics Processing Unit) ေတြကို Built-in ထည့္သြင္းေပးျပီးသားျဖစ္လို႔ သီးသန္႔ဗီဒီယုိကဒ္တစ္ခုထပ္ထည့္စရာမလိုပါဘူး။ ဒါေပမယ့္ Graphic အရမ္းျမင့္တဲ့ဂိမ္းေတြေဆာ့ခ်င္တယ္ဆိုရင္ေတာ့ စြမ္းေဆာင္ရည္ပိုေကာင္းေအာင္ Expansion ေပါက္တစ္ခုခုမွာ ဗီဒီယုိကဒ္ေတြထည့္သံုးလို႔ရႏုိင္ပါတယ္။

  1. Sound Card

သူ႔ကိုေတာ့ Audio-Card လို႔ေခၚျပီး စပီကာေတြ နားၾကပ္နဲ႔ၾကားရသမွ်ေတြက သူနဲ႔ဆိုင္ပါတယ္။ သူလည္း မားသားဘုတ္အမ်ားစုမွာ တစ္ခါတည္းပါျပီးသားျဖစ္ေပမယ့္ ပိုေကာင္းတဲ့အသံကြာလတီကိုလုိခ်င္ရင္ေတာ့ Sound Card ထပ္စိုက္ႏုိင္ပါတယ္

  1. Network Card

a network card

သူကေတာ့ နက္ဝါ့ခ္တစ္ခုကို ကြန္ပ်ဴတာနဲ႔ခ်ိတ္ဖို႔ အင္တာနက္ရဖို႔အတြက္လုပ္ေဆာင္ေပးတာပါ။ Ethernet ၾကိဳးနဲ႔ျဖစ္ျဖစ္ ၾကိဳးမဲ့(ဝုိင္ဖိုင္) နဲ႔လည္းခ်ိတ္ဆက္ႏုိင္ပါတယ္။ သူလည္းမားသားဘုတ္အမ်ားစုမွာ တစ္ခါတည္းပါျပီးသားပါပဲ။

Bluetooth Card (Adapter)

a Bluetooth Dongle

ၾကိဳးမဲ့နည္းပညာတစ္ခုျဖစ္တဲ့ Bluetooth ကေတာ့ ကြန္ပ်ဴတာေတြကို ၾကိဳးမဲ့ ကီးဘုတ္၊ေမာက္စ္၊ Printer ေတြနဲ႔ခ်ိတ္ဆက္ေပးျပီး မားသားဘုတ္မွာျဖစ္ျဖစ္ Wireless Network Card မွာျဖစ္ျဖစ္ပါပါတယ္။ ကြန္ပ်ဴတာမွာ Bluetooth မရဘူးဆိုရင္ေတာ့ dongle လို႔ေခၚတဲ့ USB Adapter တစ္ခုဝယ္သံုးလို႔ရပါတယ္။

(ဗီဒီယို)

ဒါေတြကေတာ့ ကြန္ပ်ဴတာပံုးတစ္လံုးထဲမွာပါတဲ့ အစိတ္အပိုင္းေတြအေၾကာင္းပါပဲ။ ေနာက္ရက္ေတြမွာေတာ့ ဘယ္လိုမ်ိဳးေလးေတြ တင္ဆက္ေပးသြားဦးမလဲဆိုတာ ေစာင့္ေမွ်ာ္ဖတ္ရႈႏုိင္ပါတယ္ 😉

[Unicode]

ကွန်ပျူတာပုံးတစ်လုံးထဲမှာ ဘယ်အစိတ်အပိုင်းတွေပါလဲ ဘယ်ပစ္စည်းတွေကိုတော့ ဘယ်နေရာမှာထားလဲဆိုတာသိချင်လို့ ဖွင့်ပြီး စပ်စုဖူးပါသလား?? အတိုအစအစိတ်အပိုင်းသေးသေးလေးတွေနဲ့ ရှုပ်ယှက်ခက်နေပေမယ့် တကယ်တော့ကွန်ပျူတာတစ်လုံးရဲ့အတွင်းပိုင်းက အဲ့လောက်ထိ အဆန်းတကြယ်မဟုတ်လှပါဘူး။ ဆိုတော့ ကွန်ပျူတာပုံးတစ်လုံးအတွင်းထဲမှာ ဘယ်အစိတ်အပိုင်းတွေပါလဲ အခုပဲကြည့်ကြည့်လိုက်ရအောင်…

Motherboard

a motherboard

Motherboard ဆိုတာကတော့ ကွန်ပျူတာရဲ့အဓိက Main Circuit ပြားကြီးပါပဲ။ CPU, Memory, Hard Drive တွေအတွက် Connector တွေ၊ ဗီဒီယိုတွေအသံတွေအတွက် Expansion ကဒ်တွေ၊ USB ပေါက်တွေနဲ့ချိတ်ထားတဲ့ Connection တွေ ဒါတွေအားလုံးစုစည်းတပ်ဆင်ထားတဲ့ ပါးလွှာတဲ့အပြားတစ်ခုပါပဲ။ ဒီ Motherboard ကပဲ ကွန်ပျူတာထဲမှာရှိတဲ့အစိတ်အပိုင်းအကုန်လုံးနဲ့ တိုက်ရိုက်ဖြစ်ဖြစ် တစ်ဆင့်ခံဖြစ်ဖြစ်ချိတ်ဆက်ထားတာပါ။

CPU/ Processor

        Processor လို့ခေါ်တဲ့ Central Processing Unit (CPU) ကိုတော့ မားသားဘုတ်ပေါ်မှာတပ်ဆင်ထားပါတယ်။ သူ့ကိုတော့ ကွန်ပျူတာတစ်လုံးရဲ့ ဦးနှောက်လို့တင်စားကြပြီး အမျိုးမျိုးသောခိုင်းစေချက်တွေကို လုပ်ဆောင်ပေးရတဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။ ခလုတ်တစ်ခု မောက်စ်တစ်ချက်နှိပ်လိုက်တိုင်း ဘာလုပ်မယ်ဆိုတဲ့ညွှန်ကြားချက်တွေကို CPU ဆီပေးပို့နေတာပါပဲ။

a CPU

CPU ကတော့ ၂လက်မ လေးထောင့်ပြားလေးကိုမှ အထဲမှာ Silicon Chip ပြားလေးတစ်ခုပါပါတယ်။ မားသားဘုတ်ရဲ့ CPU Socket ထဲမှာ CPU ကိုကွက်တိတပ်ဆင်ထားပြီး သူ့ဆီကထွက်လာတဲ့အပူတွေကို စုပ်ယူနိုင်ဖို့ အပေါ်က Heat Sink လေးနဲ့ဖုံးအုပ်ထားပါတယ်။

Processor ရဲ့အမြန်နှုန်းကိုတော့ Megahertz (MHz) နဲ့ တိုင်းတာပြီး တစ်စက္ကန်မှာ ညွှန်ကြားချက်ပေါင်းသန်းနဲ့ချီပြီးလုပ်နိုင်ပါတယ်။ Gigahertz (GHz) ဆိုရင်တော့ ဘီလီယံနဲ့ချီပြီးလုပ်နိုင်တာပေါ့။ ဆိုတော့ ပရိုဆက်ဆာမြန်လေလေ ညွှန်ကြားချက်တွေကို မြန်မြန်လုပ်ဆောင်နိုင်လေလေပါပဲ။ ဒါပေမယ့် ကွန်ပျူတာရဲ့တကယ့်အမြန်နှုန်းကတော့ ပရိုဆက်ဆာတင်မဟုတ်ဘဲ တခြား အစိတ်အပိုင်းတွေအများကြီးပေါ်မှာလဲ မူတည်နေပါသေးတယ်။

RAM (Random Access Memory)

RAM ဆိုတာကတော့ ကွန်ပျူတာက တွက်ချက်မှုတွေလုပ်တိုင်း ရလာတဲ့ဒေတာတွေကို ယာယီသွားသိမ်းတဲ့ Short-Term Memory ပါ။ ယာယီသိမ်းတာဖြစ်တြ့အတွက် ကွန်ပျူတာပိတ်တာနဲ့ RAM ပေါ်ကဒေတာတွေပျောက်သွားမှာပါ။ ဒါကြောင့် စာရေးတာ၊ စာရင်းဆွဲတာတွေ တခြားဖိုင်တစ်ခုခုရေးနေတဲ့အချိန်မျိုးဆို အရင်ဆုံး Save ထားတာပိုစိတ်ချရပါတယ်။ Save လိုက်မှ Hard Drive ပေါ်ရောက်သွားပြီး ကိုယ်မဖျက်မချင်းသိမ်းပေးထားမှာပါ။

computer RAM

RAM ကိုတော့ Megabyte(MB) ဒါမှမဟုတ် Gigabyte (GB) နဲ့တိုင်းတာပါတယ်။ RAM များလေလေ ကွန်ပျူတာက အလုပ်တွေကိုတစ်ပြိုင်နက်အများကြီးလုပ်နိုင်လေလေပါပဲ။ RAM သာနည်းလို့ကတော့ ဖွင့်တဲ့ Program တွေများလေလေ ဟန်းလေလေဖြစ်နေမှာပါ။ ဒါကြောင့်လည်း စွမ်းဆောင်ရည်ပိုကောင်းအောင် တစ်ချို့က RAM တွေထပ်စိုက်ပြီးသုံးကြတာပါ။

Hard Drive

        ခုနကပြောခဲ့တဲ့အတိုင်း ကိုယ့်ဆော့ဖ်ဝဲလ်တွေ၊ ဖိုင်တွေ Document တွေအကုန်လုံးက Hard Drive ထဲမှာ သိမ်းထားတာပါ။ Long-Term Memory ြဖစ်တဲ့အတွက် ကွန်ပျူတာပိတ်ပိတ် ပလပ်ပဲဖြုတ်ဖြုတ် ပျက်သွားမှာမဟုတ်ပါဘူး။

a hard drive

ပရိုဂရမ်တစ်ခု ဒါမှမဟုတ် ဖိုင်တစ်ခုကိုဖွင့်ပြီဆိုရင် ကွန်ပျူတာက Hard Drive က ဒေတာတွေကို RAM ပေါ်တင်ထားပါတယ်။ Save လုပ်လိုက်ရင်တော့ Hard Drive ပေါ်ပြန်သိမ်းပေးပြီး Hard Drive မြန်လေလေ ကွန်ပျူတာက ပရိုဂရမ်တွေကို စတင်ဖို့ မြန်လေလေပါပဲ။

Power Supply Unit

a power supply unit

        သူကတော့ ပလပ်ပေါက်ကလာတဲ့ ပါဝါအားကို ကွန်ပျူတာကလိုအပ်တဲ့ အားအမျိုးအစားအနေနဲ့ပြောင်းပေးတာပါ။ သူကနေ မားသားဘုတ်ဆီ တခြားအစိတ်အပိုင်းတွေဆီကို ကြိုးတွေကတစ်ဆင့် အားတွေပေးပို့ပေးနေတာပါ။

Expansion Cards

ကွန်ပျူတာအများစုမှာတော့ မားသားဘုတ်ပေါ်မှာ Expansion ကဒ်အမျိုးမျိုးကိုထပ်စိုက်နိုင်ဖို့ Expansion အပေါက်လေးတွေပါပါတယ်။ PCI (Peripheral Component Interconnect) ကဒ်တွေလို့လည်ခေါ်ပြီး မားသားဘုတ်အများစုမှာတော့ ဗီဒီယို၊ အသံ၊ကွန်ယက်နဲ့ တခြားစွမ်းဆောင်ရည်တွေအတွက် Build In ပါပြီးသားဖြစ်လို့ ထပ်စိုက်စရာမလိုပါဘူး။

ဒီလိုမှမဟုတ်ဘဲ စွမ်းဆောင်ရည်ကိုမြှင့်ချင်တယ်၊ အရင်ကွန်ပျူတာအဟောင်းမှာမရနိုင်တဲ့စွမ်းဆောင်ရည်တွေကို ထပ်ထည့်ချင်တယ်ဆိုရင်တော့ ၁ကဒ်မကထပ်စိုက်နိုင်ပါတယ်။ Expansion ကဒ်အမျိုးအစားတစ်ချို့ကတော့

  1. Video Card

a video card

မော်နီတာပေါ်မှာမြင်ရသမျှတွေက Video Card နဲ့ဆိုင်ပါတယ်။ ကွန်ပျူတာအများစုမှာတော့ GPU (Graphics Processing Unit) တွေကို Built-in ထည့်သွင်းပေးပြီးသားဖြစ်လို့ သီးသန့်ဗီဒီယိုကဒ်တစ်ခုထပ်ထည့်စရာမလိုပါဘူး။ ဒါပေမယ့် Graphic အရမ်းမြင့်တဲ့ဂိမ်းတွေဆော့ချင်တယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုကောင်းအောင် Expansion ပေါက်တစ်ခုခုမှာ ဗီဒီယိုကဒ်တွေထည့်သုံးလို့ရနိုင်ပါတယ်။

  1. Sound Card

သူ့ကိုတော့ Audio-Card လို့ခေါ်ပြီး စပီကာတွေ နားကြပ်နဲ့ကြားရသမျှတွေက သူနဲ့ဆိုင်ပါတယ်။ သူလည်း မားသားဘုတ်အများစုမှာ တစ်ခါတည်းပါပြီးသားဖြစ်ပေမယ့် ပိုကောင်းတဲ့အသံကွာလတီကိုလိုချင်ရင်တော့ Sound Card ထပ်စိုက်နိုင်ပါတယ်

  1. Network Card

a network card

သူကတော့ နက်ဝါ့ခ်တစ်ခုကို ကွန်ပျူတာနဲ့ချိတ်ဖို့ အင်တာနက်ရဖို့အတွက်လုပ်ဆောင်ပေးတာပါ။ Ethernet ကြိုးနဲ့ဖြစ်ဖြစ် ကြိုးမဲ့(ဝိုင်ဖိုင်) နဲ့လည်းချိတ်ဆက်နိုင်ပါတယ်။ သူလည်းမားသားဘုတ်အများစုမှာ တစ်ခါတည်းပါပြီးသားပါပဲ။

Bluetooth Card (Adapter)

a Bluetooth Dongle

ကြိုးမဲ့နည်းပညာတစ်ခုဖြစ်တဲ့ Bluetooth ကတော့ ကွန်ပျူတာတွေကို ကြိုးမဲ့ ကီးဘုတ်၊မောက်စ်၊ Printer တွေနဲ့ချိတ်ဆက်ပေးပြီး မားသားဘုတ်မှာဖြစ်ဖြစ် Wireless Network Card မှာဖြစ်ဖြစ်ပါပါတယ်။ ကွန်ပျူတာမှာ Bluetooth မရဘူးဆိုရင်တော့ dongle လို့ခေါ်တဲ့ USB Adapter တစ်ခုဝယ်သုံးလို့ရပါတယ်။

(ဗီဒီယို)

ဒါတွေကတော့ ကွန်ပျူတာပုံးတစ်လုံးထဲမှာပါတဲ့ အစိတ်အပိုင်းတွေအကြောင်းပါပဲ။ နောက်ရက်တွေမှာတော့ ဘယ်လိုမျိုးလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ် 😉

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category