Facebook က အင်တာနက် ထုတ်လွှင့်ပေးတဲ့ Drone စီမံကိန်းကို ရပ်နား

Facebook က အင်တာနက် ထုတ်လွှင့်ပေးတဲ့ Drone စီမံကိန်းကို ရပ်နားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီ စီမံကိန်းကို ကုမ္ပဏီက လေးနှစ်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီစီမံကိန်းကနေ ကမ္ဘာအဝန်းမှ အလွန် ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများမှာ အင်တာနက် ထုတ်လွှင့်ပေးတဲ့ မောင်းသူမဲ့ ဒရုန်းများကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Facebook က ၂၀၁၄ ခုနှစ်မှာ Aquila Drone ကို စတင် ဖန်တီးခဲ့စဉ်ကတည်းက အခြား ကုမ္ပဏီများကလည်း အလားတူ ဒရုန်းများကို ဖန်တီးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။ အဲဒီအတွက်ကြောင့် ကုမ္ပဏီဟာ သူတို့ ကိုယ်ပိုင် ဒရုန်းများကို ဖန်တီးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။

Facebook က ၂၀၁၇ ခုနှစ် ဧပြီလမှာ Helicopter Drone ကို ကယ်လီဖိုးနီးယား ပြည်နယ် San Jose မှာ ကျင်းပနေတဲ့ F8 Developer Conference မှာ မိတ်ဆက်ခဲ့ပါတယ်။ Drone ကို Tether-tenna လို့ အမည်ပေးထားပြီး အင်တာနက် ထုတ်လွှင့်ပေးနိုင်ရုံ သာမက သဘာ၀ ဘေးအန္တရာယ်များ ကျရောက်တဲ့ အခါမှာလည်း အသုံးဝင်ပါတယ်။ Drone ကို မြေပြင်မှ Fiber Optic Cable ဖြင့် ချိတ်ဆက်ထားပြီး သဘာ၀ ဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသမှ လူများအတွက် ရေဒီယိုလှိုင်းများကနေ အင်တာနက် ထုတ်လွှင့်ပေးနိုင်ပါတယ်။

သူဟာ WiFi Range Extender တစ်မျိုးလို့ ပြောလို့ရပါတယ်။ အင်တာနက် မရရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများအတွက် Drone ကို ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ငလျင်၊ ဆူနာမီလို သဘာ၀ ဘေးများကြောင့် အင်တာနက် ပြတ်တောက်သွားတဲ့ အချိန်မှာ Drone က အသုံးဝင်ပါတယ်။ Facebook က Drone ကို ၂၄ နာရီ ကြာ အောင်မြင်စွာ စမ်းသပ်ပြီးပြီလို့ အဲဒီအချိန်က ပြောပါတယ်။ ဒါပေမယ့် သဘာဝဘေးများမှာ စမ်းသပ်ဖူးခြင်း မရှိသေးပါဘူး။

Ref : digitaltrends

unicode

Facebook က အင်တာနက် ထုတ်လွှင့်ပေးတဲ့ Drone စီမံကိန်းကို ရပ်နား

%d bloggers like this: