322 Shares 122 Views

Xiaomi Redmi Note 5 အတြက္ Flame Red အေရာင္ထြက္ရွိ

Jun 27, 2018
322 122

ေရွာင္မီက Redmi Note 5 အတြက္ Flame Red အေရာင္ကို ေရာင္းခ်ေပးလိုက္ပါတယ္။ တရုတ္မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး 4GB RAM , 64GB Storage မ်ား ပါပါတယ္။ ယြမ္ ၁၃၉၉ ( ၂၁၃ ေဒၚလာ ) သတ္မွတ္ထားပါတယ္။ အခုဆိုရင္ သူ႔အတြက္ အေရာင္ငါးမ်ိဳးထုတ္လုပ္ေပးထားၿပီး အျခား အေရာင္မ်ားမွာ အနက္၊ ေရႊ၊ ႏွင္းဆီ ေရႊနဲ႔ အျပာမ်ား ျဖစ္ပါတယ္။

Redmi Note 5 ဟာ Xiaomi ရဲ႕ တန္ဖိုးနည္း စမတ္ဖုန္းေတြထဲက တစ္လုံး ျဖစ္ပါတယ္။ Redmi Note 5 ကို ၿပီးခဲ့တဲ့ မတ္လတုန္းက စတင္မိတ္ဆက္ခဲ့တာပါ။ ယေန႔ ျမန္မာႏိုင္ငံမွာေတာ့ RAM 3GB/ ROM 32GB ေမာ္ဒယ္ကို တန္ဖိုးေငြ ၂၁၆,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ Redmi Note 5 လို႔ ကင္ပြန္းတပ္ထားတဲ့ စမတ္ဖုန္းကို ျပည္ပႏိုင္ငံေတြမွာ Redmi Note 5 Pro ဆိုၿပီး ေရာင္းခ်တာပါ။ ျပည္ပႏိုင္ငံေတြမွာ ေရာင္းခ်ေနတဲ့ Redmi Note 5 ဆိုတာကေတာ့ ယေန႔ ျမန္မာႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ Redmi 5 Plus ဘဲ ျဖစ္ပါတယ္။

Redmi Note 5 ရဲ႕ Display အ႐ြယ္အစားက ၅.၉၉ လက္မ ရွိၿပီး IPS LCD Display ကို အသုံးျပဳထားပါတယ္။ FullView Display အမ်ိဴးအစား ျဖစ္ၿပီး Resolution က 1080 x 2160 pixels ပါဝင္ပါတယ္။ သာမန္ တန္းဖိုးနည္း စမတ္ဖုန္းေတြမွာ မေမွ်ာ္လင့္ႏိုင္တဲ့ Resolution ဘဲ ျဖစ္ပါတယ္။ Processor အပိုင္းအတြက္ Snapdragon 636 SoC နဲ႔ Adreno 509 တို႔ကို ထည့္သြင္းထားပါတယ္။

12MP+5MP ကင္မရာ ၂ လုံး ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားတယ္။ iPhone X ရဲ႕ ကင္မရာ ဒီဇိုင္းနဲ႔ ဆင္တူတယ္။ ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ Selfie ဆြဲဖို႔ 13MP ကင္မရာ ၁လုံးကို တပ္ဆင္ေပးထားပါတယ္။

Ref : gsmarena

unicode

Xiaomi Redmi Note 5 အတွက် Flame Red အရောင်ထွက်ရှိ

ရှောင်မီက Redmi Note 5 အတွက် Flame Red အရောင်ကို ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါပါတယ်။ ယွမ် ၁၃၉၉ ( ၂၁၃ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ အခုဆိုရင် သူ့အတွက် အရောင်ငါးမျိုးထုတ်လုပ်ပေးထားပြီး အခြား အရောင်များမှာ အနက်၊ ရွှေ၊ နှင်းဆီ ရွှေနဲ့ အပြာများ ဖြစ်ပါတယ်။

Redmi Note 5 ဟာ Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်ပါတယ်။ Redmi Note 5 ကို ပြီးခဲ့တဲ့ မတ်လတုန်းက စတင်မိတ်ဆက်ခဲ့တာပါ။ ယနေ့ မြန်မာနိုင်ငံမှာတော့ RAM 3GB/ ROM 32GB မော်ဒယ်ကို တန်ဖိုးငွေ ၂၁၆,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ Redmi Note 5 လို့ ကင်ပွန်းတပ်ထားတဲ့ စမတ်ဖုန်းကို ပြည်ပနိုင်ငံတွေမှာ Redmi Note 5 Pro ဆိုပြီး ရောင်းချတာပါ။ ပြည်ပနိုင်ငံတွေမှာ ရောင်းချနေတဲ့ Redmi Note 5 ဆိုတာကတော့ ယနေ့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ Redmi 5 Plus ဘဲ ဖြစ်ပါတယ်။

Redmi Note 5 ရဲ့ Display အရွယ်အစားက ၅.၉၉ လက်မ ရှိပြီး IPS LCD Display ကို အသုံးပြုထားပါတယ်။ FullView Display အမျိူးအစား ဖြစ်ပြီး Resolution က 1080 x 2160 pixels ပါဝင်ပါတယ်။ သာမန် တန်းဖိုးနည်း စမတ်ဖုန်းတွေမှာ မမျှော်လင့်နိုင်တဲ့ Resolution ဘဲ ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 636 SoC နဲ့ Adreno 509 တို့ကို ထည့်သွင်းထားပါတယ်။

12MP+5MP ကင်မရာ ၂ လုံး ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားတယ်။ iPhone X ရဲ့ ကင်မရာ ဒီဇိုင်းနဲ့ ဆင်တူတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Selfie ဆွဲဖို့ 13MP ကင်မရာ ၁လုံးကို တပ်ဆင်ပေးထားပါတယ်။

Ref : gsmarena

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category