ဆွစ်ဇာလန်အွန်လိုင်းစတိုးတစ်ခုမှာ Xiaomi Mi A2 တွေကြိုတင်မှာယူနိုင်ပြီဆိုတဲ့သတင်းထွက်ပြီး အခု NCC (National Certification Corporation) ကနေလည်း အသိအမှတ်ပြုလက်မှတ်ရခဲ့ပြီဖြစ်တဲ့အတွက် မကြာခင်ထိုင်ဝမ်မှာပါထွက်လာတော့မယ်လို့ယူဆရပါတယ်။ ဒုတိယဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း မကြာခင်ရောက်လာတော့မယ့်ပုံပါပဲ။
စာရင်းမှာတော့ Mi A2 လို့နာမည်မတပ်ပဲ မော်ဒယ်လ်နံပါတ်ပဲဖော်ပြထားပေမယ့် တရုတ်နိုင်ငံဗားရှင်း Mi 6X နဲ့မော်ဒယ်နံပါတ်အတူတူပါပဲ။ M1804D2SG ဆိုတဲ့မော်ဒယ်နံပါတ်နဲ့ ထိုင်ဝမ်ရဲ့ Carrier စံနှုန်းတွေကလည်းညီနေပါတယ်။
Specification တွေကတော့ Xiaomi ရဲ့ MIUI အစား Stock Android OS ကိုသုံးထားတာကလွဲရင် ကျန်တာတွေက Mi 6X နဲ့ အတူတူပဲဖြစ်မှာပါ။ (Mi A2 မှန်ရင်ပေါ့) မနှစ်က Mi A1 တွေတုန်းကလည်း Mi 5X တွေထွက်ပြီး ၁လအကြာမှာ ထွက်လာခဲ့တာပါ။ Mi 6X တွေကတော့ ဧပြီလမှာ မိတ်ဆက်ခဲ့တာဆိုတော့ မကြာခင်မှာပဲ M A2 တွေမြင်ရဖို့အခွင့်အရေး ပိုနီးကပ်လာပါပြီ။ Mi A2 တွေထွက်လာရင်ရော စိတ်ဝင်တစားနဲ့စောင့်မျှော်နေမယ့်သူ ဘယ်နှစ်ယောက်များရှိလဲ???
Ref: GSMARENA