2031 Shares 5722 Views

Mi 8 SE ရဲ႕ အျပင္းထန္ဆုံး ၿပိဳင္ဘက္ ျဖစ္လာႏိုင္တဲ့ Meizu X8

Jun 27, 2018
2031 5722

[Zawgyi]

ဒီတစ္ပတ္ အေစာပိုင္းတုန္းက Meizu ရဲ႕ Founder ျဖစ္သူ Jack Wong က အသစ္ထြက္ရွိလာမယ့္ Meizu စမတ္ဖုန္းရဲ႕ နာမည္ကို Meizu X8 လို႔ ကင္ပြန္းတပ္ထားေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ မၾကာေသးမီက ထြက္ရွိထားတဲ့ Qualcomm ရဲ႕ အသစ္စက္စက္ Processor ျဖစ္တဲ့ Snapdragon 710 SoC ကို Meizu X8 မွာ အသုံးျပဳထားတယ္လို႔ ထပ္မံ ေျပာၾကားခဲ့ပါတယ္။ အလားတူ Mi 8 SE မွာလည္း Snapdragon 710 SoC ကို အသုံးျပဳထားပါတယ္။ Jack Wong ကေတာ့ သူတို႔ရဲ႕ Meizu X8 က Mi 8 SE ထက္ ပိုသာတယ္ ဆိုၿပီး ႂကြားလုံး ထုတ္တားပါတယ္။ ဒါ့အျပင္ Mi 8 SE ထက္ ပိုႀကီးတဲ့ Display ကိုလည္း အသုံးျပဳထားပါတယ္လို႔ ထပ္မံေျပာၾကားခဲ့ပါေသးတယ္။

Jack Wong အေနနဲ႔ Meizu X8 ရဲ႕ ေစ်းႏႈန္းကို တိတိက်က် ထုတ္ေဖာ္ ေျပာျပသြားျခင္း မရွိပါဘူး။ ဒါ့ေပမယ့္လည္း အဲ့ဒီ စမတ္ဖုန္းရဲ႕ တန္းဖိုးဟာ တ႐ုတ္ေငြ ၂၀၀၀ ယြမ္ (ျမန္မာေငြ ၄၂၁,၀၀၀ ဝန္းက်င္) ေအာက္သာ ရွိမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Mi 8 SE ရဲ႕ ေစ်းႏႈန္းကေတာ့ RAM 4GB/ROM 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၇၉၉ ယြမ္ (ျမန္မာေငြ ၃၇၈,၀၀၀ ဝန္းက်င္) နဲ႔ RAM 6GB/ROM 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၉၉၉ ယြမ္ (ျမန္မာေငြ ၄၂၀,၀၀၀ ဝန္းက်င္) ျဖစ္ပါတယ္။ ဒီေတာ့ Meizu X8 နဲ႔ Mi 8 SE ရဲ႕ ေစ်းႏႈန္းက မတိမ္းမယိမ္းလို႔ ေျပာလို႔ ရမွာပါ။ ေနာက္ၿပီး သုံးထားတဲ့ Processor ကလည္း အတူတူဘဲ ဆိုေတာ့ Meizu X8 က Mi 8 SE ရဲ႕ အေကာင္းဆုံး ယွဥ္ၿပိဳင္ဘက္ ျဖစ္လာႏိုင္ပါတယ္။ Mi 8 SE ဝယ္ကိုင္မယ့္သူမ်ား အေနနဲ႔လည္း Meizu X8 ေစာင့္ၾကည့္သင့္တယ္လို႔ ျမင္မိပါတယ္။

Meizu X8 က Mid-range စမတ္ဖုန္း ျဖစ္တာေၾကာင့္ In-display Fingerprint Sensor ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ လာမယ့္ ၾသဂုတ္လမွာ မိတ္ဆက္သြားမယ့္ Meizu ရဲ႕ Flagship စမတ္ဖုန္းေတြ ျဖစ္တဲ့ Meizu 16 နဲ႔ Meizu 16 Plus တို႔မွာေတာ့ In-display Fingerprint Sensor ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။ Meizu အေနနဲ႔ အရင္က ထြက္ရွိထားတဲ့ MX စီးရီးေတြကို X စီးရီးအျဖစ္ ေျပာင္းလဲ မွည့္ေခၚလိုက္ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက MX စီးရီးရဲ႕ ေနာက္ဆုံး စမတ္ဖုန္း ျဖစ္တဲ့ MX6 ကို ထုတ္လုပ္ ေရာင္းခ်ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၇ခုႏွစ္မွာေတာ့ MX7 ကို ေၾကျငာ႐ုံသာ ေၾကျငာခဲ့ၿပီး ထုတ္လုပ္ ေရာင္းခ်ခဲ့ျခင္း မရွိပါဘူး။

Ref: gizzmochina

[Unicode]

Mi 8 SE ရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Meizu X8

ဒီတစ်ပတ် အစောပိုင်းတုန်းက Meizu ရဲ့ Founder ဖြစ်သူ Jack Wong က အသစ်ထွက်ရှိလာမယ့် Meizu စမတ်ဖုန်းရဲ့ နာမည်ကို Meizu X8 လို့ ကင်ပွန်းတပ်ထားကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီက ထွက်ရှိထားတဲ့ Qualcomm ရဲ့ အသစ်စက်စက် Processor ဖြစ်တဲ့ Snapdragon 710 SoC ကို Meizu X8 မှာ အသုံးပြုထားတယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။ အလားတူ Mi 8 SE မှာလည်း Snapdragon 710 SoC ကို အသုံးပြုထားပါတယ်။ Jack Wong ကတော့ သူတို့ရဲ့ Meizu X8 က Mi 8 SE ထက် ပိုသာတယ် ဆိုပြီး ကြွားလုံး ထုတ်တားပါတယ်။ ဒါ့အပြင် Mi 8 SE ထက် ပိုကြီးတဲ့ Display ကိုလည်း အသုံးပြုထားပါတယ်လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။

Jack Wong အနေနဲ့ Meizu X8 ရဲ့ စျေးနှုန်းကို တိတိကျကျ ထုတ်ဖော် ပြောပြသွားခြင်း မရှိပါဘူး။ ဒါ့ပေမယ့်လည်း အဲ့ဒီ စမတ်ဖုန်းရဲ့ တန်းဖိုးဟာ တရုတ်ငွေ ၂၀၀၀ ယွမ် (မြန်မာငွေ ၄၂၁,၀၀၀ ဝန်းကျင်) အောက်သာ ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ Mi 8 SE ရဲ့ စျေးနှုန်းကတော့ RAM 4GB/ROM 64GB မော်ဒယ်ကို တရုတ်ငွေ ၁၇၉၉ ယွမ် (မြန်မာငွေ ၃၇၈,၀၀၀ ဝန်းကျင်) နဲ့ RAM 6GB/ROM 64GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄၂၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။ ဒီတော့ Meizu X8 နဲ့ Mi 8 SE ရဲ့ စျေးနှုန်းက မတိမ်းမယိမ်းလို့ ပြောလို့ ရမှာပါ။ နောက်ပြီး သုံးထားတဲ့ Processor ကလည်း အတူတူဘဲ ဆိုတော့ Meizu X8 က Mi 8 SE ရဲ့ အကောင်းဆုံး ယှဥ်ပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ Mi 8 SE ဝယ်ကိုင်မယ့်သူများ အနေနဲ့လည်း Meizu X8 စောင့်ကြည့်သင့်တယ်လို့ မြင်မိပါတယ်။

Meizu X8 က Mid-range စမတ်ဖုန်း ဖြစ်တာကြောင့် In-display Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ လာမယ့် သြဂုတ်လမှာ မိတ်ဆက်သွားမယ့် Meizu ရဲ့ Flagship စမတ်ဖုန်းတွေ ဖြစ်တဲ့ Meizu 16 နဲ့ Meizu 16 Plus တို့မှာတော့ In-display Fingerprint Sensor ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Meizu အနေနဲ့ အရင်က ထွက်ရှိထားတဲ့ MX စီးရီးတွေကို X စီးရီးအဖြစ် ပြောင်းလဲ မှည့်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက MX စီးရီးရဲ့ နောက်ဆုံး စမတ်ဖုန်း ဖြစ်တဲ့ MX6 ကို ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ခုနှစ်မှာတော့ MX7 ကို ကြေငြာရုံသာ ကြေငြာခဲ့ပြီး ထုတ်လုပ် ရောင်းချခဲ့ခြင်း မရှိပါဘူး။

Ref: gizzmochina

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ႔ iPhone Xr တို႔မွာ Qualcomm modem ေတြ သုံးခ်င္ခဲ့ေပမယ့္၊ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple က ေျပာၾကားခဲ့ပါတယ္။ Qualcomm ရဲ႕…

Redmi Note 7 ပထမအသုတ္ ၈ မိနစ္အတြင္း ေရာင္းကုန္
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ္ ၈ မိနစ္အတြင္း ေရာင္းကုန္

Nigma - Jan 15, 2019

(Zawgyi) သီးျခား Brand အျဖစ္ ခြဲထြက္လိုက္ျပီျဖစ္တဲ့ Redmi ရဲ႕ ထုတ္ကုန္မန္ေနဂ်ာက ဇန္နဝါရီလအကုန္မွာတင္ Redmi Note 7 အလုံးေရ တသန္းအထိ ေရာင္းခ်ႏိုင္ဖို႕ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီေန႔ကေတာ့ Redmi Note 7 ဖုန္းကို ပထမဆုံးအၾကိမ္ အြန္္လိုင္းကေန…

Leave a Comment

Most from this category