0 Shares 3147 Views

ကင္မရာ၅လံုးနဲ႔ ထြက္ရိွလာႏိုင္တဲ့ LG V40

Jun 27, 2018
0 3147

[Zawgyi]

၂၀၁၈ မွာ LG က V-စီးရီးစမတ္ဖုန္း၂လံုးျဖစ္တဲ့ V30S ThinQ နဲ႔ V35 ThinQ တို႔ကို မိတ္ဆက္ခဲ့ေပမယ့္ အရင္ႏွစ္က V30 ေတြထက္ ထူးထူးျခားျခားၾကီးေျပာင္းလဲသြားတာရယ္လို႔ သိပ္မရိွခဲ့ပါဘူး။

Image result for LG V40 to have five cameras in total, three of them on the back

အခုလည္း LG က ေနာက္ေမာ္ဒယ္လ္တစ္ခု ထပ္ထုတ္ေနျပီလို႔သိရျပီး နာမည္ကေတာ့ V40 ျဖစ္လာႏုိင္ပါတယ္။ လတ္တေလာရထားတဲ့သတင္းတစ္ခုအရေတာ့ ဒီ V40 လို႔ေခၚလာႏုိင္တဲ့ စမတ္ဖုန္းမွာ ေက်ာဘက္ကင္မရာ ၃လံုး ေရွ႕ကင္မရာ၂လံုး စုစုေပါင္း ၅လံုးပါမယ္လို႔သိရပါတယ္။

ေရွ႕ကင္မရာကေတာ့ Face Unlock အျပင္ 3D Face Mapping အတြက္လည္း သံုးလာႏုိင္တယ္ဆုိေပမယ့္ သိပ္ေတာ့မေသခ်ာေသးပါဘူး။ ေက်ာဘက္ Sensor ၃ခုမွာေတာ့ တစ္ခုက Main Sensor(Standard) ေနာက္တစ္ခုက Ultra-Wide Lens နဲ႔ ေနာက္တစ္ခုကေတာ့ Zoom ပဲျဖစ္မလား Depth Effect ေတြကိုရိုက္ကူးႏုိင္တဲ့ Sensor ပဲျဖစ္မလား မေသခ်ာေသးပါဘူး။

ဘယ္ Sensor က ဘာအတြက္ဆိုတဲ့အေသးစိတ္ေတြကို မသိရေပမယ့္ V40 က ကင္မရာ၅လံုးနဲ႔လာမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ ခုခ်ိန္ထိထြက္လာခဲ့တဲ့ထဲမွာ ေရွ႕ကင္မရာ၂လံုးေနာက္၂လံုး၊ Huawei P20 Pro မွာဆို ေနာက္ကင္မရာ ၃လံုးေပမယ့္ ေရွ႕မွာတစ္လံုး ဘယ္လိုပဲတပ္တပ္အမ်ားဆံုး၄လံုးထိပဲရိွပါေသးတယ္။ V40 ကေတာ့ ကင္မရာ၅လံုးနဲ႔ ပထမဆံုးစမတ္ဖုန္းျဖစ္လာႏုိင္ပါလိမ့္မယ္။

ကင္မရာမ်ားတာနည္းတာထက္ ရုပ္ထြက္ကလည္းအေရးၾကီးပါေသးတယ္။ ဒီ V40 မွာေတာ့ ရုပ္ထြက္ကိုပါ ေသခ်ာဂရုစိုက္လာမယ္လို႔ေတာ့ မွန္းရတာပါပဲ။ LG G7 ထက္ နည္းနည္းေလးပိုၾကီးျပီး ထိပ္ဖက္လည္း Notch ပါဦးမွာပါ။ OLED လား LCD Display ပဲလားေတာ့မသိေသးေပမယ့္ ပံုမွန္လိုဆိုရင္ေတာ့ LCD ပဲသံုးဖို႔မ်ားပါတယ္။

Chipset ကိုေတာ့ Qualcomm ရဲ႕ Snapdragon 845 ေတြသံုးထားႏုိင္ျပီး ေဘးဘက္ အသံခလုတ္ေတြနားမွာ Google Assistant အတြက္ ခလုတ္ေလးလည္း ထည့္သြင္းေပးထားမယ္လို႔သိရပါတယ္။ လက္ေဗြ Sensor ကေတာ့ ထံုးစံအတုိင္း ေနာက္မွာပါပဲ။ တကယ္လို႔ သတင္းေတြအတုိင္းသာ ကင္မရာ၅လံုးနဲ႔ျဖစ္လာခဲ့ရင္..ပံုအရည္အေသြးေတြကလည္း မွန္းထားတာထက္ေကာင္းေနခဲ့ရင္ေတာ့ Android ထဲမွာ နာမည္ၾကီးလာျပန္ဦးမွာပါ။

Ref: GsmArena

[Unicode]

၂၀၁၈ မှာ LG က V-စီးရီးစမတ်ဖုန်း၂လုံးဖြစ်တဲ့ V30S ThinQ နဲ့ V35 ThinQ တို့ကို မိတ်ဆက်ခဲ့ပေမယ့် အရင်နှစ်က V30 တွေထက် ထူးထူးခြားခြားကြီးပြောင်းလဲသွားတာရယ်လို့ သိပ်မရှိခဲ့ပါဘူး။

Image result for LG V40 to have five cameras in total, three of them on the back

အခုလည်း LG က နောက်မော်ဒယ်လ်တစ်ခု ထပ်ထုတ်နေပြီလို့သိရပြီး နာမည်ကတော့ V40 ဖြစ်လာနိုင်ပါတယ်။ လတ်တလောရထားတဲ့သတင်းတစ်ခုအရတော့ ဒီ V40 လို့ခေါ်လာနိုင်တဲ့ စမတ်ဖုန်းမှာ ကျောဘက်ကင်မရာ ၃လုံး ရှေ့ကင်မရာ၂လုံး စုစုပေါင်း ၅လုံးပါမယ်လို့သိရပါတယ်။

ရှေ့ကင်မရာကတော့ Face Unlock အပြင် 3D Face Mapping အတွက်လည်း သုံးလာနိုင်တယ်ဆိုပေမယ့် သိပ်တော့မသေချာသေးပါဘူး။ ကျောဘက် Sensor ၃ခုမှာတော့ တစ်ခုက Main Sensor(Standard) နောက်တစ်ခုက Ultra-Wide Lens နဲ့ နောက်တစ်ခုကတော့ Zoom ပဲဖြစ်မလား Depth Effect တွေကိုရိုက်ကူးနိုင်တဲ့ Sensor ပဲဖြစ်မလား မသေချာသေးပါဘူး။

ဘယ် Sensor က ဘာအတွက်ဆိုတဲ့အသေးစိတ်တွေကို မသိရပေမယ့် V40 က ကင်မရာ၅လုံးနဲ့လာမယ်ဆိုတာကတော့ သေချာပါတယ်။ ခုချိန်ထိထွက်လာခဲ့တဲ့ထဲမှာ ရှေ့ကင်မရာ၂လုံးနောက်၂လုံး၊ Huawei P20 Pro မှာဆို နောက်ကင်မရာ ၃လုံးပေမယ့် ရှေ့မှာတစ်လုံး ဘယ်လိုပဲတပ်တပ်အများဆုံး၄လုံးထိပဲရှိပါသေးတယ်။ V40 ကတော့ ကင်မရာ၅လုံးနဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာနိုင်ပါလိမ့်မယ်။

ကင်မရာများတာနည်းတာထက် ရုပ်ထွက်ကလည်းအရေးကြီးပါသေးတယ်။ ဒီ V40 မှာတော့ ရုပ်ထွက်ကိုပါ သေချာဂရုစိုက်လာမယ်လို့တော့ မှန်းရတာပါပဲ။ LG G7 ထက် နည်းနည်းလေးပိုကြီးပြီး ထိပ်ဖက်လည်း Notch ပါဦးမှာပါ။ OLED လား LCD Display ပဲလားတော့မသိသေးပေမယ့် ပုံမှန်လိုဆိုရင်တော့ LCD ပဲသုံးဖို့များပါတယ်။

Chipset ကိုတော့ Qualcomm ရဲ့ Snapdragon 845 တွေသုံးထားနိုင်ပြီး ဘေးဘက် အသံခလုတ်တွေနားမှာ Google Assistant အတွက် ခလုတ်လေးလည်း ထည့်သွင်းပေးထားမယ်လို့သိရပါတယ်။ လက်ဗွေ Sensor ကတော့ ထုံးစံအတိုင်း နောက်မှာပါပဲ။ တကယ်လို့ သတင်းတွေအတိုင်းသာ ကင်မရာ၅လုံးနဲ့ဖြစ်လာခဲ့ရင်..ပုံအရည်အသွေးတွေကလည်း မှန်းထားတာထက်ကောင်းနေခဲ့ရင်တော့ Android ထဲမှာ နာမည်ကြီးလာပြန်ဦးမှာပါ။

Ref: GsmArena

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category