176 Shares 120 Views


Jun 26, 2018
176 120

[Zawgyi]



 

 

Ref: phonearena

[Unicode]

Face Unlock စနစ်ကို မကြာခင် အသုံးပြုနိုင်မယ့် Nokia စမတ်ဖုန်း ၄လုံး

HMD Global ကတော့ Nokia ချစ်ပရိတ်သတ်များ ပျော်ရွင်စေမယ့် သတင်းကောင်းကို သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ Nokia 8 Sirocco, Nokia 7 Plus, Nokia 8 နဲ့ Nokia 6.1 တို့အတွက် Face Unlock စနစ်ကို မကြာခင် အသုံးပြုနိုင်မယ်လို့ Twitter ရှိ Nokia Mobile ရဲ့ တရားဝင်စာမျက်နှာမှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Face Unlock စနစ်ကို OTA (Over-the-air) Update အနေနဲ့ ဖြန့်ချီပေးမှာ ဖြစ်ပြီး နောက်လများမှာ ရရှိနိုင်မယ်လို့ ပြောကြားထားပါတယ်။ HMD Global ကတော့ Face Unlock စနစ် အသုံးပြုနိုင်မယ့် Nokia စမတ်ဖုန်း ၄လုံးနဲ့ ပတ်သတ်ပြီး OTA Update ရရှိနိုင်မယ့်နေ့ရက်ကို အတိအကျ ပြောကြားသွားခြင်း မရှိပါဘူး။ ဒါ့ပေမယ့်လည်း မကြာခင်မှာ ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

HMD Global အနေနဲ့ Nokia 8 အတွက် Pro Camera Mode ကို OTA (Over-the-air) Update ကနေတစ်ဆင့် ပြီးခဲ့တဲ့လက ထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် Google က Android P Update ကို Global ဖြန့်ချီပေးတဲ့အခါကျရင်လည်း လက်ရှိ Nokia စမတ်ဖုန်းအားလုံးအတွက် Android P Update ရရှိအောင် လုပ်ပေးမယ်လို့ ကတိပေးထားပါတယ်။

Ref: phonearena

You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်

Ko Thuya - Feb 23, 2019

Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…

Leave a Comment

Most from this category