0 Shares 130 Views

Samsung ရဲ႕ ပထမဦးဆုံး Android Go စမတ္ဖုန္းကို မၾကာခင္ ျမင္ေတြ႕ရဖြယ္ရွိ

Jun 26, 2018
0 130

[Zawgyi]

ဒီေန႔မွာေတာ့ Samsung ရဲ႕ ပထမဦးဆုံး Android Go စမတ္ဖုန္းရဲ႕ Specification ေတြဟာ Online ကေနတစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ SM-J260G အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ Super AMOLED Display နဲ႔ Exynos 7570 SoC ေတြကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Operating System အပိုင္းမွာေတာ့ Android 8.1 Oreo (Go edition) ကို ထည့္သြင္းထားႏိုင္ဖြယ္ ရွိပါတယ္။ အဲ့ဒီ စမတ္ဖုန္းကို ဥေရာပ၊ လက္တင္ အေမရိကနဲ႔ အာရွႏိုင္ငံမ်ားမွာ ေရာင္းခ်ဖို႔အတြက္ စမ္းသပ္ေနၿပီ ျဖစ္ေၾကာင္း ေကာလဟလ သတင္းမ်ား ထြက္ေပၚေနပါတယ္။ Samsung အေနနဲ႔ သူတို႔ရဲ႕ ပထမဦးဆုံး Android Go စမတ္ဖုန္းကို SM-J260F, SM-J260M နဲ႔ SM-J260G ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴးခြဲၿပီး ထုတ္လုပ္ႏိုင္ပါတယ္။ Android 8.1 Oreo (Go Edition) ကို ထည့္သြင္း အသုံးျပဳထားတဲ့ စမတ္ဖုန္းဟာ Galaxy J2 Core အျဖစ္ပြဲထြက္လာႏိုင္ဖြယ္ ရွိတယ္လို႔ ကြၽမ္းက်င္ ပညာရွင္မ်ားက ခန္႔မွန္းေျပာဆို ထားၾကပါတယ္။

Samsung အေနနဲ႔ Galaxy J2 Core နဲ႔ ပတ္သတ္ၿပီး ေရငုံႏႈတ္ပိတ္ေနေပမယ့္ Techi Drive ကေတာ့ Samsung ရဲ႕ ပထမဦးဆုံး Android Go စမတ္ဖုန္း ျဖစ္ႏိုင္ဖြယ္ရွိတဲ့ ေမာ္ဒယ္နံပါတ္ SM-J260F ရဲ႕ Specification တစ္ခ်ိဴ႕ကို သူတို႔ရဲ႕ ဝက္ဆိုက္မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။ Techi Drive ဝက္ဆိုက္မွာ လႊင့္တင္ခဲ့တဲ့ ဓာတ္ပုံအရဆိုရင္ Galaxy J2 Core ရဲ႕ Display အပိုင္းအတြက္ ၅လက္မ မ်က္ႏွာျပင္အက်ယ္ရွိ Super AMOLED Display ကို အသုံးျပဳထားပါတယ္။ Processor အပိုင္းမွာေတာ့ 1.4GHz ရွိတဲ့ Exynos 7570 Quad-core processor ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 1GB ပါဝင္ႏိုင္ဖြယ္ ရွိပါတယ္။ Memory Storage ကိုေတာ့ 16GB ထည့္သြင္းထားႏိုင္ပါတယ္။ ေနာက္ေက်ာက္ဘက္မွာ 8MP Camera ကို တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 5MP Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 2600mAh ထည့္သြင္းထားႏိုင္ၿပီး Android 8.1 Oreo နဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။ တန္ဖိုးနည္း Android Go စမတ္ဖုန္း ျဖစ္တာေၾကာင့္ Super AMOLED Display သုံး႐ုံကလြဲၿပီး တျခား Specs ေတြကို ေလ်ာ့ခ်ထားပါတယ္။ ဒါ့ေၾကာင့္ Display အားကိုးနဲ႔ မိုက္ေနတဲ့ Samsung တို႔ရဲ႕ Android Go ဖုန္းက တန္ဖိုးဘယ္ေလာက္ရွိမလဲဆိုတာ ေတာ္ေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းပါတယ္။

 

Ref:gadgets.ndtv

[Unicdoe]

Samsung ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းကို မကြာခင် မြင်တွေ့ရဖွယ်ရှိ

ဒီနေ့မှာတော့ Samsung ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းရဲ့ Specification တွေဟာ Online ကနေတစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-J260G အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ Super AMOLED Display နဲ့ Exynos 7570 SoC တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Operating System အပိုင်းမှာတော့ Android 8.1 Oreo (Go edition) ကို ထည့်သွင်းထားနိုင်ဖွယ် ရှိပါတယ်။ အဲ့ဒီ စမတ်ဖုန်းကို ဥရောပ၊ လက်တင် အမေရိကနဲ့ အာရှနိုင်ငံများမှာ ရောင်းချဖို့အတွက် စမ်းသပ်နေပြီ ဖြစ်ကြောင်း ကောလဟလ သတင်းများ ထွက်ပေါ်နေပါတယ်။ Samsung အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းကို SM-J260F, SM-J260M နဲ့ SM-J260G ဆိုပြီး မော်ဒယ် ၃မျိူးခွဲပြီး ထုတ်လုပ်နိုင်ပါတယ်။ Android 8.1 Oreo (Go Edition) ကို ထည့်သွင်း အသုံးပြုထားတဲ့ စမတ်ဖုန်းဟာ Galaxy J2 Core အဖြစ်ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းပြောဆို ထားကြပါတယ်။

Samsung အနေနဲ့ Galaxy J2 Core နဲ့ ပတ်သတ်ပြီး ရေငုံနှုတ်ပိတ်နေပေမယ့် Techi Drive ကတော့ Samsung ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်း ဖြစ်နိုင်ဖွယ်ရှိတဲ့ မော်ဒယ်နံပါတ် SM-J260F ရဲ့ Specification တစ်ချိူ့ကို သူတို့ရဲ့ ဝက်ဆိုက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ Techi Drive ဝက်ဆိုက်မှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံအရဆိုရင် Galaxy J2 Core ရဲ့ Display အပိုင်းအတွက် ၅လက်မ မျက်နှာပြင်အကျယ်ရှိ Super AMOLED Display ကို အသုံးပြုထားပါတယ်။ Processor အပိုင်းမှာတော့ 1.4GHz ရှိတဲ့ Exynos 7570 Quad-core processor ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 1GB ပါဝင်နိုင်ဖွယ် ရှိပါတယ်။ Memory Storage ကိုတော့ 16GB ထည့်သွင်းထားနိုင်ပါတယ်။ နောက်ကျောက်ဘက်မှာ 8MP Camera ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 2600mAh ထည့်သွင်းထားနိုင်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ တန်ဖိုးနည်း Android Go စမတ်ဖုန်း ဖြစ်တာကြောင့် Super AMOLED Display သုံးရုံကလွဲပြီး တခြား Specs တွေကို လျော့ချထားပါတယ်။ ဒါ့ကြောင့် Display အားကိုးနဲ့ မိုက်နေတဲ့ Samsung တို့ရဲ့ Android Go ဖုန်းက တန်ဖိုးဘယ်လောက်ရှိမလဲဆိုတာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref:gadgets.ndtv

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category