0 Shares 212 Views
FCC ကနေ ခွင့်ပြုချက်ရလာခဲ့ပြီဖြစ်တဲ့ Samsung Galaxy Note 9
Jun 26, 2018
0 212
[Zawgyi]
Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက် ပိုကောင်းမည်
Ref: PhoneArena
[Unicode]
ဒီနေ့ FCC (အမေရိကန်အစိုးရဆက်သွယ်ရေးကော်မရှင်) ကနေ ခွင့်ပြုပေးလိုက်တဲ့ Samsung စမတ်ဖုန်းလေးကတော့ SM-N960F ဆိုတဲ့မော်ဒယ်နံပါတ်နဲ့ဖုန်းလေးပါ။ Galaxy Note ဟန်းဆက်တွေရဲ့မော်ဒယ်နံပါတ်တစ်ခုဖြစ်တဲ့အပြင် Note 8 တုန်းက မော်ဒယ်လ်နံပါတ်ကလည်း SM-N950 ြဖစ်လို့ ဒီခွင့်ပြုချက်ရထားတဲ့စမတ်ဖုန်းက Samsung Galaxy Note 9 ဖြစ်ဖို့ ကျိန်းသေပါတယ်။
ဒါပေမယ့် FCC ကတော့ Galaxy Note ဖုန်းအသစ်နဲ့ပတ်သတ်တဲ့ ဘာ Feature အသေးစိတ်ကိုမှ ဖော်ပြမထားပါဘူး။ Note 8 တုန်းက နိုင်ငံတကာကိုဝင်တဲ့ဗားရှင်းက SM-N950F လို့နာမည်ပေးထားတာကြောင့် အခု SM-N960F မော်ဒယ်နံပါတ်နဲ့ Galaxy Note 9 ကလည်း နိုင်ငံတကာကိုဝင်မယ့် ဗားရှင်းပဲဖြစ်မှာပါ။
FCC ကို SM-N960F မော်ဒယ်နံပါတ်နဲ့ (Galaxy Note 9) ဖုန်းပေးပို့ထားတာ ဧပြီလကတည်းကဖြစ်ပြီး ဒီနေ့မှခွင့်ပြုချက်ရခဲ့တာပါ။ ဆိုတော့ Samsung အနေနဲ့ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက Galaxy Note 9 ကိုနောက်ဆုံးဗားရှင်းလောက်နီးနီးထုတ်လုပ်ပြီးတဲ့ပုံပါပဲ။ ဒီတိုင်းဆို မကြာသေးခင်ကထွက်ထားတဲ့ Note 9 ရဲ့ Render တွေကလည်း မှန်နေမလားတောင်မပြောတတ်ပါဘူး။
Samsung Galaxy Note 9 gets approved by the FCC, could be announced soon
FCC ရဲ့ခွင့်ပြုချက်မှာ SM-N960F အပြင် SM-N960X နဲ့ SM-N960F/DS ဆိုတဲ့မော်ဒယ်လ်တွေလည်းပါဝင်တာတွေ့ရပါတယ်။ ဒုတိယမြောက်မော်ဒယ်လ်ကတော့ dual-SIM နဲ့ Galaxy Note 9 ဖြစ်နိုင်ပြီး SM-N960X ကတော့အာရှနိုင်ငံတွေအတွက်ပဲထုတ်မယ့် Note 9 မော်ဒယ်လ်တွေဖြစ်မှာပါ။
Samsung ကတော့ Galaxy Note 9 တွေကို သြဂုတ်လမှာမိတ်ဆက်နိုင်ဖို့ စီစဉ်နေပုံရပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ကတော့ Note 8 နဲ့သိပ်ပြီး ထူးထူးခြားခြားပြောင်းလဲသွားမှာမျိုး မရှိလောက်ပါဘူး။ ဒါပေမယ့်  ခန့်မှန်းရသလောက် ပိုများလာတဲ့ဘက်ထရီ၊ ပိုမြန်တဲ့ ပရိုဆက်ဆာအသစ်နဲ့ ပိုကောင်းလာတဲ့ကင်မရာတွေအပြင် S-Pen တွေကိုလည်း အဆင့်မြှင့်ထားမယ်လို့ထင်ပါတယ်။
Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက် ပိုကောင်းမည်
You may be interested
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares9 views
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
Ko Thuya - Jun 26, 2019
အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Ko Thuya - Jun 26, 2019
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Ko Thuya - Jun 25, 2019
ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…
Leave a Comment
Most from this category