iOS Device မ်ားကို အလြန္လွ်င္ျမန္သြားေစမယ့္ iOS 12 Public Beta ထြက္ရွိ
Apple က iPhone , iPad မ်ားအတြက္ iOS 12 Public Beta ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ သူ႔ရဲ႕ အဓိက လုပ္ေဆာင္ခ်က္တစ္ခုက အိုင္ဖုန္း၊ တက္ဘလက္ အေဟာင္းမ်ားကို ပိုမို ျမန္ဆန္ေစတာ ျဖစ္တယ္လို႔ Apple က ေျပာပါတယ္။ ဥပမာအားျဖင့္ iPhone 6 Plus ဟာ Apps မ်ားကို ဖြင့္တဲ့အခါမွာ ၄၀ ရာခုိင္ႏႈန္း၊ ကင္မရာ App ကို ဖြင့္တဲ့အခါမွာ ၇၀ ရာခုိင္ႏႈန္းနဲ႔ ကီးဘုတ္ကို သံုးတဲ့အခါမွာ ၅၀ ရာခုိင္ႏႈန္း ပိုမို ျမန္ဆန္လာပါတယ္။
Grouped Notifications , Group FaceTime နဲ႔ Multiplayer Gaming မ်ားအတြက္ ARKit 2 မ်ားဟာလည္း ပိုမို ေကာင္းမြန္လာပါတယ္။ Memoji ဟာလည္း iOS 12 Public Beta ရဲ႕ တစ္စိတ္တစ္ပိုင္း အေနနဲ႔ ပါလာတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ သူတို႔ကို FaceTime နဲ႔ Group FaceTime မ်ားမွာ အသံုးျပဳႏုိင္ပါတယ္။
Measure App အသစ္လည္း ပါလာပါတယ္။ Apple News, Stocks , Voice Memos , CarPlay မ်ားကိုလည္း ဆန္းသစ္ထားပါတယ္။ iPads မ်ားမွာလည္း iPhone X လို Gesture Controls မ်ားကို အသံုးျပဳႏုိင္ပါၿပီ။
iOS 12 Public Beta မွာ Feature တိုင္းေတာ့ မပါလာေသးပါဘူး။ App မ်ားအတြက္ ပရိုဂရမ္ ေရးဆြဲႏုိင္တဲ့ Siri Shortcuts ကိုေတာ့ ေစာင့္ေမွ်ာ္ရဦးမွာ ျဖစ္ပါတယ္။ ေနာက္ပုိင္းထုတ္ Beta Update သို႔မဟုတ္ ဖိုင္နယ္ဗားရွင္းမွာ ပါလာမွာပါ။
ref : techradar
unicode
iOS Device များကို အလွန်လျှင်မြန်သွားစေမယ့် iOS 12 Public Beta ထွက်ရှိ
Apple က iPhone , iPad များအတွက် iOS 12 Public Beta ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုက အိုင်ဖုန်း၊ တက်ဘလက် အဟောင်းများကို ပိုမို မြန်ဆန်စေတာ ဖြစ်တယ်လို့ Apple က ပြောပါတယ်။ ဥပမာအားဖြင့် iPhone 6 Plus ဟာ Apps များကို ဖွင့်တဲ့အခါမှာ ၄၀ ရာခိုင်နှုန်း၊ ကင်မရာ App ကို ဖွင့်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်းနဲ့ ကီးဘုတ်ကို သုံးတဲ့အခါမှာ ၅၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။
Grouped Notifications , Group FaceTime နဲ့ Multiplayer Gaming များအတွက် ARKit 2 များဟာလည်း ပိုမို ကောင်းမွန်လာပါတယ်။ Memoji ဟာလည်း iOS 12 Public Beta ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါလာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သူတို့ကို FaceTime နဲ့ Group FaceTime များမှာ အသုံးပြုနိုင်ပါတယ်။
Measure App အသစ်လည်း ပါလာပါတယ်။ Apple News, Stocks , Voice Memos , CarPlay များကိုလည်း ဆန်းသစ်ထားပါတယ်။ iPads များမှာလည်း iPhone X လို Gesture Controls များကို အသုံးပြုနိုင်ပါပြီ။
iOS 12 Public Beta မှာ Feature တိုင်းတော့ မပါလာသေးပါဘူး။ App များအတွက် ပရိုဂရမ် ရေးဆွဲနိုင်တဲ့ Siri Shortcuts ကိုတော့ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် Beta Update သို့မဟုတ် ဖိုင်နယ်ဗားရှင်းမှာ ပါလာမှာပါ။
ref : techradar
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.