Xiaomi Mi 8 Phone များ သုံးပတ်အတွင်း ၁ သန်းကျော် ရောင်းချရ

ရှောင်မီက သုံးပတ်အတွင်းမှာ Mi 8 Series များ အလုံးရေ ၁ သန်းကျော် ရောင်းချရတယ်လို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Donovan Sung က ကြေညာတာပါ။ အတိအကျအားဖြင့် ၁၈ ရက်အတွင်းမှာ ဒီပမာဏကို ရောင်းချနိုင်တာလို့ သူက ပြောပါတယ်။

Mi 8 Series များထဲမှာ Mi 8 , Mi 8 SE နဲ့ Mi 8 Explorer တို့ ပါဝင်ပါတယ်။ အဲဒီ သုံးလုံးထဲမှာ ပထမနှစ်လုံးကိုသာ လက်ရှိမှာ ရောင်းချပေးထားပါတယ်။ နောက်ဆုံးမော်ဒယ်ကို ဇူလိုင်မှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ Mi 8 ရဲ့ Explorer Edition ဟာ ဒီဇိုင်းထူးခြားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ဖောက်ထွင်းမြင်ရတဲ့ အနောက် ကာဗာ ထည့်သွင်းထားတဲ့အတွက် ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများကို မြင်ရပါတယ်။

Xiaomi Mi 8 ကို တရုတ်မှာ ၅ ရက်နေ့က ရောင်းချပေးခဲ့ပြီး တစ်မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားခဲ့ပါတယ်။ အတိအကျအားဖြင့် ၃၇ စက္ကန့်လောက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ ရှောင်မီက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ ပထမအသုတ်မှာ ဖုန်း အရေအတွက် ဘယ်လောက် ရောင်းပေးခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ နောက်ထပ် တစ်သုတ်ကို ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်တွင် ရောင်းပေးခဲ့ပါတယ်။ သူဟာ လက်ရှိမှာ Snapdragon 845 ထည့်သွင်းထားတဲ့ ဈေးအသက်သာဆုံး ဖုန်းပါ။

Ref : gsmarena

unicode

Xiaomi Mi 8 Phone များ သုံးပတ်အတွင်း ၁ သန်းကျော် ရောင်းချရ

%d bloggers like this: