659 Shares 310 Views
Jun 26, 2018
659 310
Ref : gsmarena
unicode
LTE ပါတဲ့ Xiaomi Mi Pad 4 ကို ၂၃၀ ဒေါ်လာဖြင့် ရောင်းပြီ
ရှောင်မီက Mi Pad 4 တက်ဘလက်ကို ကြေညာလိုက်ပါပြီ။ သူ့မှာ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset ထည့်သွင်းထားပါတယ်။ LTE ဆက်သွယ်မှုလည်း ပါပါတယ်။ ဈေးနှုန်းကလည်း အလွန်ချိုသာပြီး ၂၃၀ ဒေါ်လာသာ ရှိပါတယ်။
သူ့ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၈ လက်မ LCD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်ပါတယ်။ 1920x1200p Resolution ဖြစ်ပါတယ်။ 2.2GHz Octa-Core CPU နဲ့ Adreno 512 GPU များပါပါတယ်။ 3/32GB or 4/64GB များ ထုတ်လုပ်ပေးထားပါတယ်။
အနောက်ဘက်မှာ 13MP Main Camera ထည့်သွင်းထားပြီး Full HD Video များ ရိုက်ကူးနိုင်ပါတယ်။ HDR Mode လည်းပါပါတယ်။ LED Flash တော့ မပါပါဘူး။ အရှေ့ဘက်မှာ 5MP Camera ထည့်သွင်းထားပြီး AI Face Unlock နည်းပညာပါပါတယ်။ 6600mAh Battery ထည့်သွင်းထားပြီး USB-C Port ကနေ အားသွင်းရမှာပါ။
ဝိုင်ဖိုင်ဆက်သွယ်မှုကိုလည်း ထည့်ပေးထားပါတယ်။ Bluetooth 5.0 ပါပါတယ်။ Xiaomi Mi Pad 4 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ ၂၉ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပြီး အနက်နဲ့ နှင်းဆီ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ 3/32GB WiFi Version ကို ၁၇၀ ဒေါ်လာနဲ့ 4/64GB Version (LTE မပါတဲ့) ကို ၂၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ LTE ပါတဲ့ မော်ဒယ်ကို ၂၃၀ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။
Ref : gsmarena
You may be interested
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Ko Thuya - Jan 17, 2019
ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Nigma - Jan 17, 2019
(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Ko Thuya - Jan 17, 2019
လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…
Leave a Comment
Most from this category