113 Shares 85 Views
Jun 25, 2018
113 85
[Zawgyi]
[Unicode]
Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming Laptop အမျိူးအစားဖြစ်ပြီး ROG Strix ကတော့ Essential Gaming Laptop အမျိူးအစား ဖြစ်ပါတယ်။
ASUS Gaming Laptop တွေက Intel ရဲ့ 8th Gen H Hexa Core processor တွေကို အသုံးပြုထားတဲ့အတွက် ယခင် 7th Gen H Quad Core processor တွေထက် Performance အပိုင်းမှာ 23% အထိ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Storage အပိုင်းမှာလည်း 7200 RPM HDD အစား Firecuda SSH HDD ကို အသုံးပြုထားတဲ့အတွက် Benchmark Scores များအရ Boost အပိုင်းမှာ ၇ဆ နဲ့ Game Loading အပိုင်းမှာ ၂.၂၅ဆ အထိ ပိုမို မြန်ဆန်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် RAM အတွက် DDR4 2666MHz ထည့်သွင်းပေးထားတဲ့ကြောင့် DDR4 2400MHz တွေထက် Memory Performance မှာ 11% အထိ ပိုမို ကောင်းမွန်လာမှာပါ။ Fan နဲ့အတူ Anti-Dust Thermal tunnel ပါဝင်တဲ့အတွက် Laptop ထဲရှိ အညစ်အကြေးများကို စုတ်ယူပေးသွားမှာ ဖြစ်ပါတယ်။ 802.11ac wave 2 ကို တပ်ဆင်ထားတဲ့အတွက် 802.11n ထက် ၁၂ဆ အထိ ပိုမိုမြန်မာဆန်လာမှာ ဖြစ်ပါတယ်။
TUG Gaming Laptop တွေရဲ့ ဒီဇိုင်းပိုင်းအတွက် Premium Steel နဲ့ Red Matter ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။ Core i7-8750H Processor 2.2 GHz, NVIDIA GeForce GTX 1050, Graphic Memory GDDR5 4GB, FHD 1920 x1080 60Hz, RAM 8GB, Storage 1TB ပါဝင်တဲ့ FX504GD-E4074T မော်ဒယ်ကို ကန်ဒေါ်လာ ၁၀၅၉ ဒေါ်လာနဲ့ Core i5-8300H Processor 2.3 GHz ပါဝင်တဲ့ FX504GD-E4381T မော်ဒယ်ကိုတော့ ကန်ဒေါ်လာ ၉၅၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
ROG Strix Gaming Laptop တွေမှာတော့ SCAR Edition နဲ့ Hero Edition ဆိုပြီး ၂မျိူး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ E-sports Gamer များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Gaming Laptop အမျိူးအစားများ ဖြစ်ပါတယ်။ Core i7-8750H Processor 2.2GHz, NVIDIA GeForce GTX 1060, Graphic Memory GDDR5 6GB, FHD 1920 x1080 120Hz, RAM 16GB, Storage 1TB ပါဝင်တဲ့ GL703GM-EE163T (SCAR Edition) မော်ဒယ်ကို ကန်ဒေါ်လာ ၁၆၅၉ ဒေါ်လာ နဲ့ Core i7-8750H Processor 2.2GHz, NIVIDIA GeForce GTX 1050 Ti, Graphic Memory GDDR5 4GB, FHD 1920 x 1080 120Hz, RAM 8GB, Storage 1TB ပါဝင်တဲ့ GL503GE-EN221T (Hero Edition) မော်ဒယ်ကို ကန်ဒေါ်လာ ၁၂၄၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
You may be interested
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
0 shares0 views
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Ko Thuya - Aug 19, 2018
ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
Ko Thuya - Aug 19, 2018
Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
68 shares12 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
Ko Thuya - Aug 19, 2018
လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…
Leave a Comment
Most from this category