MacBook, MacBook Pro ေတြရဲ႕ ကီးဘုတ္ျပႆနာကို ေျဖရွင္းေပးမယ့္ Apple ရဲ႕ Warranty အစီအစဥ္သစ္

[Zawgyi]

Apple announces new warranty program for faulty MacBook and MacBook Pro keyboards

ဒီေန႔မွာေတာ့ Apple က ထုတ္ထားတဲ့ MacBook ေတြ MacBook Pro လပ္ေတာ့ပ္ေတြမွာ ကီးဘုတ္အမွားအယြင္းေတြျဖစ္ေနတဲ့အေၾကာင္း Apple ကိုယ္တုိင္တရားဝင္ေဖာ္ျပသြားခဲ့ပါတယ္။

အမွားအယြင္းျဖစ္ေနတဲ့ ကီးခလုတ္ေတြေၾကာင့္ MacBook ပိုင္ရွင္အမ်ားစုအေနနဲ႔ ေကာင္းေကာင္းအလုပ္လုပ္လို႔မရေၾကာင္း ျပႆနာေတြကိုၾကားခဲ့ရေပမယ့္ Apple ဆီက ဘာသတင္းမွထြက္မလာခဲ့ပါဘူး။ ခုေတာ့ ဒါကကီးေတြရဲ႕ျပႆနာတစ္ခုျဖစ္ေၾကာင္း Apple ကိုယ္တုိင္ေဖာ္ျပလိုက္ျပီး ဒီလိုျပႆနာတက္ေနတဲ့လပ္ေတာ့ပ္တုိင္းကိုလည္း ျပင္ဆင္ေပးမယ့္ ဝန္ေဆာင္မႈအစီအစဥ္သစ္တစ္ခု တိုးခ်ဲ႕လိုက္ပါျပီ။

Image result for Apple announces new warranty program for faulty MacBook and MacBook Pro keyboards

Apple ရဲ႕ Service Page မွာေဖာ္ျပထားတဲ့အတုိင္း ဒီဝန္ေဆာင္မႈမွာ အက်ံဳးဝင္မယ့္ ျပႆနာေတြကေတာ့…

– အကၡရာေတြ စာလံုးေတြ ထပ္ခါထပ္ခါေတာက္ေလွ်ာက္ေပၚေနျခင္း

– အကၡရာေတြ စာလံုးေတြ လံုးဝေပၚမလာျခင္း

– ကီးတစ္ခုနဲ႔တစ္ခုကပ္ေနျခင္း (တစ္လံုးရိုက္ရင္ ေနာက္တစ္လံုးပါကပ္ေပၚလာျခင္း) စတဲ့ျပႆနာေတြ အကုန္အက်ံဳးဝင္ပါတယ္။

အက်ံဳးဝင္တဲ့လပ္ေတာ့ပ္ေတြကေတာ့ ၂၀၁၅ ကေန ေနာက္ပိုင္းထုတ္ထားတဲ့ MacBook ေတြ(Retina, 12-inch) နဲ႔ တျခား ၂၀၁၆ မွာထုတ္သမွ်ေတြ၊ 13-inch, 15-inch MacBook Pro အသစ္ေတြ အကုန္အက်ံဳးဝင္ပါတယ္။

ဒီအစီအစဥ္မွာပါဝင္ခ်င္တယ္ဆိုရင္ေတာ့ Apple Authorized ျဖစ္ထားတဲ့ Service Provider ေတြဆီ၊ Apple Retail Store ေတြဆီနဲ႔ Apple Repair Center ဆီ လပ္ေတာ့ပ္ေတြေပးပို႔ျပီးေတာ့ပဲျဖစ္ျဖစ္ ဒီဝန္ေဆာင္မႈကိုရယူႏုိင္ပါတယ္။

Ref: TheNextWeb

[Unicode]

Apple announces new warranty program for faulty MacBook and MacBook Pro keyboards

ဒီနေ့မှာတော့ Apple က ထုတ်ထားတဲ့ MacBook တွေ MacBook Pro လပ်တော့ပ်တွေမှာ ကီးဘုတ်အမှားအယွင်းတွေဖြစ်နေတဲ့အကြောင်း Apple ကိုယ်တိုင်တရားဝင်ဖော်ပြသွားခဲ့ပါတယ်။

အမှားအယွင်းဖြစ်နေတဲ့ ကီးခလုတ်တွေကြောင့် MacBook ပိုင်ရှင်အများစုအနေနဲ့ ကောင်းကောင်းအလုပ်လုပ်လို့မရကြောင်း ပြဿနာတွေကိုကြားခဲ့ရပေမယ့် Apple ဆီက ဘာသတင်းမှထွက်မလာခဲ့ပါဘူး။ ခုတော့ ဒါကကီးတွေရဲ့ပြဿနာတစ်ခုဖြစ်ကြောင်း Apple ကိုယ်တိုင်ဖော်ပြလိုက်ပြီး ဒီလိုပြဿနာတက်နေတဲ့လပ်တော့ပ်တိုင်းကိုလည်း ပြင်ဆင်ပေးမယ့် ဝန်ဆောင်မှုအစီအစဉ်သစ်တစ်ခု တိုးချဲ့လိုက်ပါပြီ။

Image result for Apple announces new warranty program for faulty MacBook and MacBook Pro keyboards

Apple ရဲ့ Service Page မှာဖော်ပြထားတဲ့အတိုင်း ဒီဝန်ဆောင်မှုမှာ အကျုံးဝင်မယ့် ပြဿနာတွေကတော့…

– အက္ခရာတွေ စာလုံးတွေ ထပ်ခါထပ်ခါတောက်လျှောက်ပေါ်နေခြင်း

– အက္ခရာတွေ စာလုံးတွေ လုံးဝပေါ်မလာခြင်း

– ကီးတစ်ခုနဲ့တစ်ခုကပ်နေခြင်း (တစ်လုံးရိုက်ရင် နောက်တစ်လုံးပါကပ်ပေါ်လာခြင်း) စတဲ့ပြဿနာတွေ အကုန်အကျုံးဝင်ပါတယ်။

အကျုံးဝင်တဲ့လပ်တော့ပ်တွေကတော့ ၂၀၁၅ ကနေ နောက်ပိုင်းထုတ်ထားတဲ့ MacBook တွေ(Retina, 12-inch) နဲ့ တခြား ၂၀၁၆ မှာထုတ်သမျှတွေ၊ 13-inch, 15-inch MacBook Pro အသစ်တွေ အကုန်အကျုံးဝင်ပါတယ်။

ဒီအစီအစဉ်မှာပါဝင်ချင်တယ်ဆိုရင်တော့ Apple Authorized ဖြစ်ထားတဲ့ Service Provider တွေဆီ၊ Apple Retail Store တွေဆီနဲ့ Apple Repair Center ဆီ လပ်တော့ပ်တွေပေးပို့ပြီးတော့ပဲဖြစ်ဖြစ် ဒီဝန်ဆောင်မှုကိုရယူနိုင်ပါတယ်။

 

%d bloggers like this: