236 Shares 189 Views


Jun 25, 2018
236 189


(1) NiCd (Nickel Cadmium)




(3) Li-Ion (Lithium-Ion)


ref : HowStuffWork

unicode

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည် းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား မှုရှိပြီးမိမိကိုင်ဆောင်အ သုံးပြုနေသော Mobile Handset နှင့်မကိုက်ညီသော Battery အမျိုးအစားအားဝယ်ယူ အသုံးပြုမိ၍လည်းကောင်း ၊Battery အသုံးပြုနည်းစနစ်မ မှန်ကန်မှုကြောင့်လည်းကောင်း၊ Mobile Handset အတွင်းပိုင်း Circuit များထိခိုက်တတ်ပြီးမလိုလားအပ်သောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မိုဘိုင်းဟန်းဆက်တွေမှာသုံးတဲ့ဘက်ထရီအမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) NiCd (Nickel Cadmium)

Mobile Handset အနိမ့်များတွင်အသုံးပြုထားသော Battery အမျိုးအစားဖြစ်ပြီးယနေ့အချိန်တွင် တွေ့ရှိရန်ခက်ခဲသွားပါပြီ။ဒါပေမယ့် Corlless Phones တွေနဲ့ Old Generation Mobile Handset များတွင်အသုံးပြုနေတာကို တွေ့နိုင်ပါသေးတယ်။

(2) NiMH (Nickel Metal Hydride)

NiMH အမျိုးအစား NiCd ပြီး နောက်ထွက်ခဲ့သော Battery အမျိုးအစားဖြစ်ပါတယ်။ NiCd ထက်စွမ်းဆောင်မှုအားဖြင့်ပိုမိုမြင့်မားသော Battery အမျိုးအစားဖြစ်ပါသည်။NiCd နဲ့ MIHM Battery မျိုးအစားနှစ်ခုစလုံးရဲ့အားနည်းချက်ဟာ Memory Effect တည်ရှိနေခြင်းပါပဲ။ Memory Effect ဆိုတာဟာ Battery ကိုအသုံးပြုတဲ့အချိန်မှာ Battery အားအကုန်သုံးပြီးမှ ပြန်လည်အားသွင်းရမည်ဖြစ်ပြီးအားပြန်သွင်းရာ တွင်လည်း ၁၀၀% ပြည့်အောင်သွင်းယူရမည်ဖြစ်ပါတယ်။တကယ်လို့ Battery ရဲ့အားအကုန်မသုံးတဲ့ ၆၀% လောက်သုံးစွဲပြီးအားပြန်လည်သွင်းယူမည်ဆိုပါကထိုကဲ့သို့ (၂)ကြိမ်၊ (၃)ကြိမ်လောက် ပြုလုပ်မိပါက Battery ၏အား ၁၀၀% အပြည့်သုံးစွဲခွင့်မပြုတော့ဘဲ ၆၀% လောက်သုံးစွဲပြီးသည်နှင့် ကျန်သော ၄၀% အားသုံးစွဲခွင့်မပြုတော့ဘဲ Battery Low ဟူ၍ ပြသနေမည်ဖြစ်တယ်။ဒါကြောင့် Battery ရဲ့ Performance ကိုအပြည့်အဝသုံးစွဲနိုင်ရန် Battery ၏အားကိုအကုန်သုံးစွဲပြီးမှအားပြန်လည်သွင်းယူရမယ်လို့လမ်းညွှန်ထားပါတယ်။

(3) Li-Ion (Lithium-Ion)

ယနေ့ခေတ် Mobile Handset Model တိုင်းလိုလိုတွင်အသုံးပြုနေသော Battery အမျိုးအစားတစ်ခုဖြစ်ပြီး NiCd နှင့် NiMH Battery အမျိုးအစားများနေရာတွင်အပြည့်အဝနေရာယူသွားသော Battery အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာကိုသုံးစွဲဖို့အတွက်ပထမအဆိုပြုခဲ့သူကတော့အင်္ဂလန်နိုင်ငံသားဘင်ဟမ်တမ်တက္ကသိုလ်မှာဓာတုဗေဒပညာရပ်ကိုသင်ကြားနေတဲ့ ဒေါက်တာဝှိုက်တင်ဂမ်ပဲဖြစ်ပါတယ်။ တဖြည်းဖြည်းအဆင့်မြှင့်တင်လာရင်းနဲ့ လတ်တလောစမတ်ဖုန်းတွေမှာအပြည့်အဝသုံးစွဲနိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါပြီ။ Li-Ion Battery ၏အဓိကအားသာချက်ကတော့ NiMH နှင့် NiCd အမျိုးအစား Battery များထက်ပိုမိုပေါ့ပါးပြီးပါးလွှာခြင်း၊Standby Time နှင့် Talking Time ပိုမိုရှည်ကြာခြင်း၊Memory Effect မရှိခြင်းတို့ပဲဖြစ်ပါတယ်။

ref : HowStuffWork

You may be interested

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ

Ko Thuya - Oct 21, 2018

Gaming Phone နယ်ပယ်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါပြီ။ Razer က ပထမဆုံး Gaming Phone ကို မိတ်ဆက်ပြီးနောက်မှာ အခြား ကုမ္ပဏီများကလည်း အားကျမခံ သူတို့ ကိုယ်ပိုင် Gaming Phone များကို ပွဲထုတ်လာကြပါတယ်။ အဲဒီအထဲမှာ Asus…

Leave a Comment

Most from this category