422 Shares 144 Views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Jun 25, 2018
422 144

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

True Tone ကို On/Off လုပ္ျခင္း။

iPad Pro မွာ မိတ္ဆက္ခဲ့တဲ့ True Tone မ်က္ႏွာျပင္ နည္းပညာကို iPhone အသစ္မ်ားမွာ ထည့္သြင္းေပးလိုက္ပါတယ္။ သူက ပတ္၀န္းက်င္မွ အလင္းေရာင္ အေျခအေနအေပၚ မူတည္၍ ဖုန္းမွာ သင့္ေတာ္တဲ့ အေရာင္မ်ားကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ True Tone ကို On or Off ျပဳလုပ္ဖို႔အတြက္ Settings> Display and Brightness ထဲသြားပါ။ True Tone ကို အဲဒီမွာ On or Off လုပ္ႏုိင္ပါတယ္။ ေနာက္တစ္နည္းကေတာ့ Control Center ကို ဖြင့္ၿပီး Brightness Slider ကို ဖိထားပါ။ ဒါဆိုရင္ True Tone ကို On or Off ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။

ဓါတ္ပံုမ်ားမွာ Portrait Lighting ထည့္သြင္းနည္း။

iPhone 8 Plus မွာ Portrait Mode ရဲ႕ စြမ္းေဆာင္ခ်က္ အသစ္တစ္ခု ျဖစ္တဲ့ Portrait Lighting ကို ထည့္သြင္းေပးထားပါတယ္။ သူ႔မွာ Natural Light, Studio Light, Contour Light, Stage Light, Stage Light Mono စတဲ့ အလင္းေရာင္ Effects ၅ ခုပါပါတယ္။ Portrait Lighting ဟာ Filter မဟုတ္ဘဲ အေနာက္ကင္မရာ ၂ လံုးရဲ႕ အကူအညီျဖင့္ မ်က္ႏွာ သို႔မဟုတ္ အရာ၀တၳဳအေပၚ က်ေရာက္ေနတဲ့ အလင္းေရာင္မ်ားကို အခ်ိန္နဲ႔တစ္ေျပးညီ ခြဲျခမ္းစိတ္ျဖာျခင္း ျဖစ္တယ္လို႔ Apple က ေျပာပါတယ္။ Portrait Mode က အရာ၀တၳဳနဲ႔ ေနာက္ခံကို ခြဲထုတ္ေပးေအာင္ အေသးစိတ္က်တဲ့ ေဒတာမ်ားကို ေကာက္ယူနိုင္ပါတယ္။ ဥာဏ္ရည္တု နည္းပညာ သို႔မဟုတ္ Machine Learning က Portrait Lighting ကို ဖန္တီးေပးပါတယ္။

အဲဒီ Effects မ်ားကို အသံုးျပဳဖို႔ Camera App ကေန Swipe လုပ္၍ Portrait ကို ေရြးခ်ယ္ပါ။ ရိုက္ကူးမယ့္ အရာ၀တၳဳကို ခ်ိန္ရြယ္ပါ။ ၿပီးရင္ေအာက္ေျခမွ Portrait Lighting Effects ကို ေရြးခ်ယ္ၿပီး ဓါတ္ပံုရိုက္ပါ။

Portrait Lighting Effect ကို ဓါတ္ပံုရိုက္ကူးၿပီးမွ ေျပာင္းလို႔ရပါတယ္။ ဒါေပမယ့္ ဓါတ္ပံုဟာ Portrait Mode ျဖင့္ ရိုက္ကူးထားတဲ့ ဓါတ္ပံု ျဖစ္ရပါမယ္။ Effects ထည့္သြင္းဖို႔အတြက္ Photos App ကို ဖြင့္ပါ။ Portrait Photo ကို ေရြးခ်ယ္ၿပီး Edit ျပဳလုပ္ဖို႔ Slider Icon ကို ႏွိပ္ပါ။ Editing Tools မ်ားရဲ႕ အထက္မွာ စက္၀ိုင္းပံုသ႑ာန္ Portrait Lighting Effects Dial ရွိပါတယ္။ Dial ကို လွည့္၍ ႏွစ္သက္တဲ့ Effect ကို ေရြးခ်ယ္ၿပီး ေအာက္ေျခမွ Done ကို ႏွိပ္ပါ။

ျမင့္မားတဲ့ Resolution ျဖင့္ ဗီဒီယိုမ်ား ရိုက္ကူးနည္း။

iPhone 8 နဲ႔ iPhone 8 Plus တို႔ဟာ ဗီဒီယို အရည္အေသြး အပိုင္းမွာ တိုးတက္လာပါတယ္။ ဖုန္းႏွစ္လံုးစလံုးဟာ တစ္စကၠန္႔လွ်င္ ၆၀ ဖရိမ္ႏႈန္းျဖင့္ 4K နဲ႔ တစ္စကၠန္႔လွ်င္ ၂၄၀ ဖရိမ္ႏႈန္းျဖင့္ Full HD အေႏွးဗီဒီယိုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ ျမင့္မားတဲ့ Resolution ျဖင့္ ဗီဒီယိုမ်ား ရိုက္ကူးဖို႔အတြက္ Settings> Camera> Record Video ထဲသြားၿပီး Resolution ကို ေရြးခ်ယ္ပါ။ အေႏွးဗီဒီယိုမ်ားအတြက္ သီးျခား Settings ကို Record Slo-mo ထဲမွာ ခ်ိန္ညွိႏုိင္ပါတယ္။

QR Code ကို Scan လုပ္ဖို႔ အျခား App မ်ားကို မလိုေတာ့ပါဘူး။ အေပၚမွ ကင္မရာ Settings ထဲမွာပဲ Scan QR Codes မွာ On ေပးႏုိင္ပါတယ္။

Auto-Brightness ကို အသံုးျပဳနည္း။

iOS 10 နဲ႔ အေရွ႕ပိုင္းမွာ Auto Brightness ကို Settings> Display & Brightness ထဲမွာ အသံုးျပဳရပါတယ္။ iOS 11 မွာေတာ့ Auto Brightness ကို Accessibility က႑မွာ ထည့္သြင္းထားပါတယ္။ Settings> Accessibility > Display Accommodations ထဲသြားၿပီး Auto-Brightness ကို On လုပ္ပါ။

Emergency SOS ကို Enable လုပ္နည္း။

Emergency SOS ကို သင့္ iPhone မွာ အလိုအေလွ်ာက္ Activate လုပ္ေပးထားပါတယ္။ သူ႔မွာ Auto Call အမည္ရ စြမ္းေဆာင္ခ်က္ အပိုပါပါတယ္။ သူက ပါ၀ါခလုတ္ကို ၅ ႀကိမ္ႏွိပ္ရင္ အေရးေပၚ ဖုန္းနံပါတ္မ်ားကို ေခၚႏုိင္မယ့္ Option ကို ျပသေပးပါတယ္။ ဒီစြမ္းေဆာင္ခ်က္ကို သံုးဖို႔ Settings> Emergency SOS ထဲသြားၿပီး Auto Call မွာ On ေပးပါ။

iPhone အေဟာင္းမွ ေဒတာမ်ားကို ကူးေျပာင္းျခင္း။

သင့္ iPhone အေဟာင္းကို iOS 11 ကို အဆင့္ျမွင့္လိုက္ရင္ ဖုန္းအေဟာင္းမွ ေဒတာမ်ားကို ဖုန္းအသစ္သို႔ လွ်င္ျမန္စြာ ကူးေျပာင္းႏိုင္တဲ့ Quick Setup စြမ္းေဆာင္ခ်က္ကို သံုးႏုိင္ပါတယ္။ ဖုန္းအေဟာင္းမွ ကင္မရာကို ဖုန္းအသစ္ကိို ခ်ိန္ရြယ္ပါ။ ဒါဆိုရင္ ဖုန္း ၂ လံုးဟာ ဆက္သြယ္ၾကမွာပါ။ ဖုန္းအသစ္မွာ ဖုန္းအေဟာင္းရဲ႕ Passcode ကို ထည့္ေပးတာနဲ႔ ေဒတာမ်ားကို လွ်င္ျမန္စြာ ကူးေျပာင္းေပးမွာပါ။ အဲဒီအတြက္ ဖုန္းအသစ္မွာ Passwords မ်ား ရိုက္ထည့္ျခင္း၊ Apple IDs ကို Setup လုပ္ျခင္းမ်ား ျပဳလုပ္စရာ မလိုေတာ့ပါဘူး။

ref : digitaltrends

unicode

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၅) ခု

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

True Tone ကို On/Off လုပ်ခြင်း။

iPad Pro မှာ မိတ်ဆက်ခဲ့တဲ့ True Tone မျက်နှာပြင် နည်းပညာကို iPhone အသစ်များမှာ ထည့်သွင်းပေးလိုက်ပါတယ်။ သူက ပတ်ဝန်းကျင်မှ အလင်းရောင် အခြေအနေအပေါ် မူတည်၍ ဖုန်းမှာ သင့်တော်တဲ့ အရောင်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ True Tone ကို On or Off ပြုလုပ်ဖို့အတွက် Settings> Display and Brightness ထဲသွားပါ။ True Tone ကို အဲဒီမှာ On or Off လုပ်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ Control Center ကို ဖွင့်ပြီး Brightness Slider ကို ဖိထားပါ။ ဒါဆိုရင် True Tone ကို On or Off ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဓါတ်ပုံများမှာ Portrait Lighting ထည့်သွင်းနည်း။

iPhone 8 Plus မှာ Portrait Mode ရဲ့ စွမ်းဆောင်ချက် အသစ်တစ်ခု ဖြစ်တဲ့ Portrait Lighting ကို ထည့်သွင်းပေးထားပါတယ်။ သူ့မှာ Natural Light, Studio Light, Contour Light, Stage Light, Stage Light Mono စတဲ့ အလင်းရောင် Effects ၅ ခုပါပါတယ်။ Portrait Lighting ဟာ Filter မဟုတ်ဘဲ အနောက်ကင်မရာ ၂ လုံးရဲ့ အကူအညီဖြင့် မျက်နှာ သို့မဟုတ် အရာဝတ္ထုအပေါ် ကျရောက်နေတဲ့ အလင်းရောင်များကို အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်တယ်လို့ Apple က ပြောပါတယ်။ Portrait Mode က အရာဝတ္ထုနဲ့ နောက်ခံကို ခွဲထုတ်ပေးအောင် အသေးစိတ်ကျတဲ့ ဒေတာများကို ကောက်ယူနိုင်ပါတယ်။ ဉာဏ်ရည်တု နည်းပညာ သို့မဟုတ် Machine Learning က Portrait Lighting ကို ဖန်တီးပေးပါတယ်။

အဲဒီ Effects များကို အသုံးပြုဖို့ Camera App ကနေ Swipe လုပ်၍ Portrait ကို ရွေးချယ်ပါ။ ရိုက်ကူးမယ့် အရာဝတ္ထုကို ချိန်ရွယ်ပါ။ ပြီးရင်အောက်ခြေမှ Portrait Lighting Effects ကို ရွေးချယ်ပြီး ဓါတ်ပုံရိုက်ပါ။

Portrait Lighting Effect ကို ဓါတ်ပုံရိုက်ကူးပြီးမှ ပြောင်းလို့ရပါတယ်။ ဒါပေမယ့် ဓါတ်ပုံဟာ Portrait Mode ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဖြစ်ရပါမယ်။ Effects ထည့်သွင်းဖို့အတွက် Photos App ကို ဖွင့်ပါ။ Portrait Photo ကို ရွေးချယ်ပြီး Edit ပြုလုပ်ဖို့ Slider Icon ကို နှိပ်ပါ။ Editing Tools များရဲ့ အထက်မှာ စက်ဝိုင်းပုံသဏ္ဍာန် Portrait Lighting Effects Dial ရှိပါတယ်။ Dial ကို လှည့်၍ နှစ်သက်တဲ့ Effect ကို ရွေးချယ်ပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

မြင့်မားတဲ့ Resolution ဖြင့် ဗီဒီယိုများ ရိုက်ကူးနည်း။

iPhone 8 နဲ့ iPhone 8 Plus တို့ဟာ ဗီဒီယို အရည်အသွေး အပိုင်းမှာ တိုးတက်လာပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K နဲ့ တစ်စက္ကန့်လျှင် ၂၄၀ ဖရိမ်နှုန်းဖြင့် Full HD အနှေးဗီဒီယိုများကို ဖမ်းယူပေးနိုင်ပါတယ်။ မြင့်မားတဲ့ Resolution ဖြင့် ဗီဒီယိုများ ရိုက်ကူးဖို့အတွက် Settings> Camera> Record Video ထဲသွားပြီး Resolution ကို ရွေးချယ်ပါ။ အနှေးဗီဒီယိုများအတွက် သီးခြား Settings ကို Record Slo-mo ထဲမှာ ချိန်ညှိနိုင်ပါတယ်။

QR Code ကို Scan လုပ်ဖို့ အခြား App များကို မလိုတော့ပါဘူး။ အပေါ်မှ ကင်မရာ Settings ထဲမှာပဲ Scan QR Codes မှာ On ပေးနိုင်ပါတယ်။

Auto-Brightness ကို အသုံးပြုနည်း။

iOS 10 နဲ့ အရှေ့ပိုင်းမှာ Auto Brightness ကို Settings> Display & Brightness ထဲမှာ အသုံးပြုရပါတယ်။ iOS 11 မှာတော့ Auto Brightness ကို Accessibility ကဏ္ဍမှာ ထည့်သွင်းထားပါတယ်။ Settings> Accessibility > Display Accommodations ထဲသွားပြီး Auto-Brightness ကို On လုပ်ပါ။

Emergency SOS ကို Enable လုပ်နည်း။

Emergency SOS ကို သင့် iPhone မှာ အလိုအလျှောက် Activate လုပ်ပေးထားပါတယ်။ သူ့မှာ Auto Call အမည်ရ စွမ်းဆောင်ချက် အပိုပါပါတယ်။ သူက ပါဝါခလုတ်ကို ၅ ကြိမ်နှိပ်ရင် အရေးပေါ် ဖုန်းနံပါတ်များကို ခေါ်နိုင်မယ့် Option ကို ပြသပေးပါတယ်။ ဒီစွမ်းဆောင်ချက်ကို သုံးဖို့ Settings> Emergency SOS ထဲသွားပြီး Auto Call မှာ On ပေးပါ။

iPhone အဟောင်းမှ ဒေတာများကို ကူးပြောင်းခြင်း။

သင့် iPhone အဟောင်းကို iOS 11 ကို အဆင့်မြှင့်လိုက်ရင် ဖုန်းအဟောင်းမှ ဒေတာများကို ဖုန်းအသစ်သို့ လျှင်မြန်စွာ ကူးပြောင်းနိုင်တဲ့ Quick Setup စွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။ ဖုန်းအဟောင်းမှ ကင်မရာကို ဖုန်းအသစ်ကို ချိန်ရွယ်ပါ။ ဒါဆိုရင် ဖုန်း ၂ လုံးဟာ ဆက်သွယ်ကြမှာပါ။ ဖုန်းအသစ်မှာ ဖုန်းအဟောင်းရဲ့ Passcode ကို ထည့်ပေးတာနဲ့ ဒေတာများကို လျှင်မြန်စွာ ကူးပြောင်းပေးမှာပါ။ အဲဒီအတွက် ဖုန်းအသစ်မှာ Passwords များ ရိုက်ထည့်ခြင်း၊ Apple IDs ကို Setup လုပ်ခြင်းများ ပြုလုပ်စရာ မလိုတော့ပါဘူး။

ref : digitaltrends

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category