256 Shares 131 Views


Jun 25, 2018
256 131





unicode

Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ

ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor 9i မှာလည်း ပါလာပါတယ်။

ဟွာဝေးက တန်ဖိုးနည်းနဲ့ တန်ဖိုးမြင့် ဖုန်းများ အပါအဝင် ဖုန်းအဟောင်းများမှာ ဒီနည်းပညာကို ထည့်သွင်းပေးတော့မှာ ဖြစ်တယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ Software Update ကနေ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Huawei Mate 10 Series များမှာလည်း Beta Version ကို စမ်းသပ် အသုံးပြုနိုင်ခဲ့ပါတယ်။

အခုတာ့ အဲဒီနည်းပညာကို Honor 10 မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ Pollen Club Official Forum မှာ စာရင်းပေးသွင်းပြီး Beta Version ကို စမ်းသပ် အသုံးပြုနိုင်ပါတယ်။ ဟွာဝေးက အဲဒီ နည်းပညာကို စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ့် အချိန်ဇယားကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီးပါပြီ။

ဇူလိုင်လမှာ P20, P20 Pro and Mate RS Porsche Design, nova 2S, Honor 10, MediaPad M5 Series များမှာ ရရှိတော့မှာပါ။ သြဂုတ်လမှာတော့ nova 3e, Enjoy 8 Plus, Enjoy 7S, Mate 10 Lite, Honor 9 Lite, Honor 7X စတဲ့ ဖုန်းများမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Mate 9 Series များက စက်တင်ဘာလမှာ ရရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ P10, P10 Plus and P10 Lite, Honor 9, Honor 8 Pro များမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလနဲ့ နောက်ပိုင်းမှာ အခြား ဟွာဝေး ဖုန်းများမှာ ရရှိမှာပါ။

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
45 shares15 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
177 shares41 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
641 shares164 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category