0 Shares 73 Views
Jun 25, 2018
0 73
[Zawgyi]
OxygenOS 5.1.8 နဲ့ ပတ်သတ်ပြီး OnePlus forum မှာ OnePlus 6 ပိုင်ရှင်တော်တော်များများ ပြောဆိုနေကြတဲ့ စကားများက “OS Update လုပ်ပြီးသွားတဲ့အခါမှာ ဖုန်းဘက်ထရီဟာ အရင်ကထက် ပိုစားလာပါတယ်” တချို့ OnePlus 6 ပိုင်ရှင်များကတော့ “OS Update လုပ်ပြီးသွားလည်း ထူးထူးခြားခြား ပြောင်းလဲလာတာမျိုးတွေ မရှိပါဘူး၊ ဘက်ထရီအား ပိုစားတာမျိုးလည်း မကြုံတွေ့ရပါဘူး” လို့ ပြောဆိုနေကြပါတယ်။
Ref:phonearena
[Unicode]
OnePlus 6 အတွက် OxygenOS 5.1.8 Update မှာ ဘက်ထရီအား ပိုစားတဲ့ ပြဿနာ ပါဝင်လာ
OnePlus ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက မိတ်ဆက်ခဲ့တဲ့ OnePlus 6 အတွက် Oxygen OS Update ကို မကြာသေးမီက ထုတ်ပေးခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ OxygenOS 5.1.8 မှာ ဘက်ထရီအား ပိုကုန်စေတဲ့ Bug ပါဝင်လာတယ်လို့ သိရပါတယ်။ OS Update လုပ်ပြီးသွားတဲ့ OnePlus 6 ပိုင်ရှင်များအနေနဲ့ ဒီလိုမျိူး ပြဿနာကို ကြုံတွေ့နိုင်တဲ့ အလားအလာ များစွာ ရှိပါတယ်။ ဒါပေမယ့်လည်း ဘက်ထရီ ပြဿနာက OS Update လုပ်တဲ့ လူတိုင်းမှာ မဖြစ်ဘူးလို့ သိရပါတယ်။
OxygenOS 5.1.8 နဲ့ ပတ်သတ်ပြီး OnePlus forum မှာ OnePlus 6 ပိုင်ရှင်တော်တော်များများ ပြောဆိုနေကြတဲ့ စကားများက “OS Update လုပ်ပြီးသွားတဲ့အခါမှာ ဖုန်းဘက်ထရီဟာ အရင်ကထက် ပိုစားလာပါတယ်” တချိူ့ OnePlus 6 ပိုင်ရှင်များကတော့ “OS Update လုပ်ပြီးသွားလည်း ထူးထူးခြားခြား ပြောင်းလဲလာတာမျိူးတွေ မရှိပါဘူး၊ ဘက်ထရီအား ပိုစားတာမျိူးလည်း မကြုံတွေ့ရပါဘူး” လို့ ပြောဆိုနေကြပါတယ်။
OnePlus ကုမ္ပဏီကတော့ ဘက်ထရီ ပြဿနာနဲ့ ပတ်သတ်ပြီး ပြန်လည် တုန့်ပြန်ခြင်း မရှိသေးပါဘူး။ တကယ်လို့ ဘက်ထရီ ပြဿနာက OS Update ကြောင့် ဖြစ်တာမှန်ရင်တော့ နောက်ထပ် Oxygen OS Update ကို မကြာခင် မြင်တွေ့ရနိုင်ပါတယ်။ OnePlus 6 ပိုင်ရှင်များအနေနဲ့ Oxygen OS 5.1.8 ကို Update မလုပ်ရသေးဘူး ဆိုရင်တော့ OnePlus ဘက်မှ ဘက်ထရီ ပြဿနာအတွက် ဖြေရှင်းချက် ထုတ်ပေးတဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ လိုအပ်ပါလိမ့်မယ်။
Ref:phonearena
You may be interested
Xiaomi က အိန္ဒိယမှာ မုတ်ဆိတ်ရိတ်စက်ကို ရောင်းချ
Gadgets, HUBS, NEWS
0 shares0 views
Xiaomi က အိန္ဒိယမှာ မုတ်ဆိတ်ရိတ်စက်ကို ရောင်းချ
Ko Thuya - Jun 26, 2019
Xiaomi က အိန္ဒိယမှာ စမတ်ဖုန်း ၊ တက်ဘလက်နဲ့ တီဗီများကိုသာ ရောင်းချတာ မဟုတ်ပါဘူး။ အီလက်ထရောနစ် ကိရိယာမျိုးစုံကို ရောင်းချပေးနေပါတယ်။ အခုလည်း Mi Beard Trimmer ကို ကြေညာလိုက်ပါတယ်။ အိန္ဒိယမှ အမျိုးသားများ နှစ်သက်တဲ့ Stainless-steel Blades…
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares16 views
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
Ko Thuya - Jun 26, 2019
အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares11 views
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Ko Thuya - Jun 26, 2019
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…
Leave a Comment
Most from this category