805 Shares 3436 Views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Jun 25, 2018
805 3436

[Zawgyi]

ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo NEX ရဲ႕ကင္မရာဘယ္လိုအလုပ္လုပ္သလဲဆိုတာသိဖို႔ တစ္စစီျဖဳတ္ၾကည့္ရင္းကေန အတြင္းပုိင္းမွာ ေနာက္ထပ္လွ်ိဳ႕ဝွက္ခ်က္ေတာ္ေတာ္မ်ားမ်ားကို ေတြ႔ခဲ့ရပါတယ္။

Vivo NEX teardown reveals many secrets

ပထမဆံုးထူးဆန္းတဲ့တစ္ခ်က္က ဖုန္းရဲ႕ေနာက္ေက်ာဘက္ကို ကပ္ထားတဲ့ေကာ္ေတြေပ်ာ့ေအာင္ အပူေပးတဲ့အခါမွာ ေနာက္ေက်ာဖံုးကြာမလာဘဲ Display အရင္ကြာလာတာပါ။ ေနာက္ေက်ာဖံုးကေတာ့ ဓားနဲ႔ေကာ္ထုတ္မွကြာထြက္လာတာေတြ႔ရပါတယ္။ ဒီလိုမ်ိဳးက Screen အစားထုိးျပင္ဆင္တဲ့သူေတြအတြက္ေတာ့ အဆင္ေျပလြယ္ကူေပမယ့္ အလြယ္တကူခြာလို႔ရႏုိင္တယ္ဆုိတာ ေနရာတုိင္းမွာေကာင္းတဲ့အခ်က္ေတာ့မဟုတ္ပါဘူး။

Vivo ရဲ႕ in-Display Fingerprint Sensor ကိုပထမဆံုးသံုးတာက Vivo X21 UD ဖုန္းေတြျဖစ္ျပီး အခုေတြ႔ရတဲ့ Sensor ကေတာ့ X21 UD နဲ႔မတူပါဘူး။ X21 UD မွာတုန္းက သတ္မွတ္ထားတဲ့ေနရာေလးမွာကိုပဲႏိွပ္ျပီး ေလာ့ခ္ဖြင့္ရေပမယ့္ ဒီ Vivo NEX မွာေတာ့ Screen ရဲ႕တစ္ဝက္လံုးက Fingerprint Sensor ျဖစ္ေနတဲ့အတြက္ ၂ခုကတူစရာအေၾကာင္းလည္းမရိွပါဘူး။

NEX ရဲ႕ ကင္မရာကို ထြက္လာဖို႔ျပန္ဝင္သြားဖို႔အတြက္ကေတာ့ Stepper ေမာ္တာေလးနဲ႔ထိန္းခ်ဳပ္ထားျပီး ေဘးမွာပါတဲ့ Spring (စပရင္) ေလးကေတာ့ အဝင္အထြက္ေခ်ာေမြ႔ဖို႔ အေထာက္အပံ့အေနနဲ႔ပဲပါလာတာပါ။ စပရင္က အဓိကလုပ္သြားတာမဟုတ္ပါဘူး။ ဒီလိုဝင္လိုက္ထြက္လိုက္နဲ႔ ၾကာၾကာခံပါ့မလားဆိုတာကေတာ့ အခ်ိန္ကပဲ စကားေျပာသြားပါလိမ့္မယ္။

ေနာက္တစ္ခုက Earpiece စပီကာမပါတဲ့အတြက္ Screen ကေန အသံထုတ္လႊတ္ေပးႏုိင္တဲ့ Vibrator ပါ။ Mi Mix ေတြတုန္းကနည္းပညာလိုမ်ိဳးကိုမွ မတူညီတဲ့ပစၥည္းေတြသံုးလိုက္တာပဲကြာသြားတာပါ။

Vivo NEX စမတ္ဖုန္းေလးက ေတာ္ေတာ္ေလးဆန္းသစ္တီထြင္ထားတယ္လို႔ေျပာလို႔ရေပမယ့္ အရင္သံုးခဲ့တာေတြထက္ ပိုေစ်းၾကီးတဲ့ပစၥည္းအစိတ္အပိုင္းေတြကို သံုးထားရတဲ့အတြက္ သံုးစြဲသူေတြဆီ ေစ်းၾကီးၾကီးနဲ႔ေရာက္လာႏုိင္ပါတယ္။ ဒါေတာ့ အားနည္းခ်က္လို႔ေျပာရမလားပါပဲ။ Vivo ကလည္း သူ႔ရဲ႕ဒီ Feature ေတြကိုကူးခ်ႏုိင္မယ့္သူက အနည္းငယ္ပဲရိွႏုိင္လိမ့္မယ္လို႔ တစ္ထစ္ခ်ယံုၾကည္ထားပါတယ္။

Source: SlashGear

[Unicode]

ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo NEX ရဲ့ကင်မရာဘယ်လိုအလုပ်လုပ်သလဲဆိုတာသိဖို့ တစ်စစီဖြုတ်ကြည့်ရင်းကနေ အတွင်းပိုင်းမှာ နောက်ထပ်လျှို့ဝှက်ချက်တော်တော်များများကို တွေ့ခဲ့ရပါတယ်။

Vivo NEX teardown reveals many secrets

ပထမဆုံးထူးဆန်းတဲ့တစ်ချက်က ဖုန်းရဲ့နောက်ကျောဘက်ကို ကပ်ထားတဲ့ကော်တွေပျော့အောင် အပူပေးတဲ့အခါမှာ နောက်ကျောဖုံးကွာမလာဘဲ Display အရင်ကွာလာတာပါ။ နောက်ကျောဖုံးကတော့ ဓားနဲ့ကော်ထုတ်မှကွာထွက်လာတာတွေ့ရပါတယ်။ ဒီလိုမျိုးက Screen အစားထိုးပြင်ဆင်တဲ့သူတွေအတွက်တော့ အဆင်ပြေလွယ်ကူပေမယ့် အလွယ်တကူခွာလို့ရနိုင်တယ်ဆိုတာ နေရာတိုင်းမှာကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။

Vivo ရဲ့ in-Display Fingerprint Sensor ကိုပထမဆုံးသုံးတာက Vivo X21 UD ဖုန်းတွေဖြစ်ပြီး အခုတွေ့ရတဲ့ Sensor ကတော့ X21 UD နဲ့မတူပါဘူး။ X21 UD မှာတုန်းက သတ်မှတ်ထားတဲ့နေရာလေးမှာကိုပဲနှိပ်ပြီး လော့ခ်ဖွင့်ရပေမယ့် ဒီ Vivo NEX မှာတော့ Screen ရဲ့တစ်ဝက်လုံးက Fingerprint Sensor ဖြစ်နေတဲ့အတွက် ၂ခုကတူစရာအကြောင်းလည်းမရှိပါဘူး။

NEX ရဲ့ ကင်မရာကို ထွက်လာဖို့ပြန်ဝင်သွားဖို့အတွက်ကတော့ Stepper မော်တာလေးနဲ့ထိန်းချုပ်ထားပြီး ဘေးမှာပါတဲ့ Spring (စပရင်) လေးကတော့ အဝင်အထွက်ချောမွေ့ဖို့ အထောက်အပံ့အနေနဲ့ပဲပါလာတာပါ။ စပရင်က အဓိကလုပ်သွားတာမဟုတ်ပါဘူး။ ဒီလိုဝင်လိုက်ထွက်လိုက်နဲ့ ကြာကြာခံပါ့မလားဆိုတာကတော့ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။

နောက်တစ်ခုက Earpiece စပီကာမပါတဲ့အတွက် Screen ကနေ အသံထုတ်လွှတ်ပေးနိုင်တဲ့ Vibrator ပါ။ Mi Mix တွေတုန်းကနည်းပညာလိုမျိုးကိုမှ မတူညီတဲ့ပစ္စည်းတွေသုံးလိုက်တာပဲကွာသွားတာပါ။

Vivo NEX စမတ်ဖုန်းလေးက တော်တော်လေးဆန်းသစ်တီထွင်ထားတယ်လို့ပြောလို့ရပေမယ့် အရင်သုံးခဲ့တာတွေထက် ပိုဈေးကြီးတဲ့ပစ္စည်းအစိတ်အပိုင်းတွေကို သုံးထားရတဲ့အတွက် သုံးစွဲသူတွေဆီ ဈေးကြီးကြီးနဲ့ရောက်လာနိုင်ပါတယ်။ ဒါတော့ အားနည်းချက်လို့ပြောရမလားပါပဲ။ Vivo ကလည်း သူ့ရဲ့ဒီ Feature တွေကိုကူးချနိုင်မယ့်သူက အနည်းငယ်ပဲရှိနိုင်လိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ထားပါတယ်။

Source: SlashGear

You may be interested

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ႕ 5T ကိုင္ေနသူေတြအတြက္ သတင္းေကာင္းပါ။ ဒီဖုန္းႏွစ္လုံးအတြက္ Android 9 Pie Oxygen OS Open Beta ေတြကို ထုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း OnePlus ဖိုရမ္မွာ ကုမၸဏီအဖြဲ႕ဝင္တေယာက္က တင္ထားပါတယ္။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ျပင္သစ္ အေရာင္းဆိုင္ Boulanger က စာရင္းတင္လိုက္ပါတယ္။ ဟြာေ၀းကေတာ့ တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ အခုေတာ့ ၀က္ဘ္စာမ်က္ႏွာကို ဖယ္ရွားလိုက္ေပမယ့္ သူ႔ရဲ႕ Specs မ်ားကို သိလိုက္ရပါတယ္။ သူ႔မွာ ၆.၂…

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ
Google, HUBS, NEWS
0 shares4 views

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ

Ko Thuya - Dec 12, 2018

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ လႊတ္ေတာ္က ဂူဂယ္လ္ရဲ႕ စီအီးအို ျဖစ္သူ Pichai ကို ဆင့္ေခၚ ေမးျမန္းလိုက္ပါတယ္။ Search Engine ရဲ႕…

Leave a Comment

Most from this category