470 Shares 153 Views
Jun 25, 2018
470 153
Ref : techradar
unicode
Samsung Galaxy S10 မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါမည်
Samsung Galaxy S10 ကို မြင်ရဖို့ အစောကြီးလိုပါသေးတယ်။ ဒါပေမယ့် သူ့ကို ဆမ်ဆောင်းက စတင် ဖန်တီးဖု့ိ ပြင်ဆင်နေပါပြီ။ အခု တောင်ကိုရီးယားက ထွက်လာတဲ့သတင်းအရ သူ့မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါလာမယ်လို့ သိရပါတယ်။ စကရင် အရွယ်အစား နှစ်မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမှာပါ။
လက်ရှိ ဂလက်ဆီ ဖုန်းများမှာ ထည့်သွင်းထားတဲ့ မျက်လုံး အာရုံခံ နည်းပညာတော့ မပါတော့ဘူးလို့ သိရပါတယ်။ အဲဒီအစား လက်ဗွေရာနဲ့ သုံးဖက်မြင် မျက်နှာ အာရုံခံ နည်းပညာများ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Apple iPhone X မှာလို မျက်နှာအာရုံခံ နည်းပညာဖြစ်ပါတယ်။ ဆမ်ဆောင်းက အဲဒီ Biometric နည်းပညာများကို ဖန်တီးနေတာ ကြာပြီ ဖြစ်ပါတယ်။
စကရင် အရွယ်အစားများ အနေနဲ့ ၅.၈ လက်မနဲ့ ၆.၃ လက်မတို့ကို ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Galaxy S10 နဲ့ Galaxy S10 Plus များမှာ အသီးသီး ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Galaxy S9 နဲ့ Galaxy S9 Plus များမှာတော့ ၅.၈ လက်မနဲ့ ၆.၂ လက်မ မျက်နှာပြင်များ ထည့်သွင်းပေးထားကြတာ ဖြစ်ပါတယ်။
Galaxy S10 Series များကို မြင်ရဖို့ လများစွာ လိုသေးပေမယ့် သူတို့ရဲ့ သတင်းအချက်အလက်များဟာ သိပ်မကြာခင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီသတင်းများထဲမှ တစ်ခုက ဖုန်း အသစ်များမှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမယ်လို့ ဖြစ်ပါတယ်။ ဒါဟာ ဟွာဝေးရဲ့ အနောက်ကင်မရာ သုံးလုံးတပ် ဖုန်းများကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။
Ref : techradar
You may be interested
အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views
အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Ko Thuya - Sep 26, 2018
အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…
ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views
ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
Creepy Tyler - Sep 26, 2018
ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…
DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views
DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Ko Thuya - Sep 26, 2018
Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…
Leave a Comment
Most from this category