114 Shares 65 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jun 24, 2018
114 65

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Stair Steady

ေလွကားမ်ားဟာ သက္ႀကီး ရြယ္အိုမ်ား ၊ မသန္စြမ္းသူမ်ားအတြက္ေတာ့ အတားအဆီး တစ္ခု ျဖစ္ပါတယ္။ Stair Steady က အဲဒီ ျပႆနာကို ေျဖရွင္းေပးႏုိင္ပါတယ္။ သူ႔ကို ေလွကားလက္ရန္းမွာ ေရျပင္ညီ အေနအထားတပ္ဆင္ရမွာ ျဖစ္ပါတယ္။ သူဟာ လက္ကိုင္ဘားတန္း တစ္ခု ျဖစ္ၿပီး သူ႔ကို လက္ႏွစ္ဖက္ျဖင့္ ကိုင္တြယ္ျခင္းျဖင့္ ေလွကားကို အတက္၊ အဆင္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ သူ႔ကို သက္ႀကီးရြယ္အိုမ်ား သာမက ေလျဖတ္ထားသူမ်ား၊ ေျခ လက္ အဂၤါ မသန္စြမ္းသူမ်ားပါ အသံုးျပဳႏုိင္ပါတယ္။ သူ႔ကို Ruth Amos အမည္ရ အမ်ိဳးသမီးငယ္က အသက္ ၁၅ ႏွစ္အရြယ္မွာ တီထြင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ Young Engineer of Great Britain ဆုကို ရရွိခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ British Healthcare Trade Association က ေပးအပ္တဲ့ Best Established Product ကိုလည္း ရရွိထားပါတယ္။

TeamUnlimbited

ကေလးမ်ားဟာ သဘာ၀အရ ကစားရတာကို ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လက္တစ္ဖက္ ဆံုးရႈံးသြားတဲ့ ကေလးငယ္မ်ားအတြက္ေတာ့ အျခား ကေလးမ်ား နည္းတူ မကစားႏုိင္ေတာ့တဲ့အတြက္ ၀မ္းနည္းစရာ ေကာင္းလွပါတယ္။ ၿဗိတိန္မွ ပညာရွင္ႏွစ္ဦး ဖန္တီးထားတဲ့ TeamUnlimbited အမည္ရ လက္အတုက ဒီျပႆနာကို ေျဖရွင္းေပးပါတယ္။ လက္အတုကို 3D Printing နည္းပညာျဖင့္ ဖန္တီးထားပါတယ္။ လက္အတုဟာ လူႀကီး လက္အတုမ်ားလို မဟုတ္ဘဲ ကစားစရာ အရုပ္နဲ႔ တူေအာင္ ဖန္တီးထားတဲ့အတြက္ ကေလးငယ္မ်ား ႏွစ္သက္ၾကပါတယ္။ လက္အတုကို ၀တ္ဆင္ထားရင္ အရာ၀တၳဳမ်ားကို ကိုင္တြယ္ျခင္း၊ ေဘာလံုးပစ္ကစားျခင္းမ်ား အပါအ၀င္ အျခားအလုပ္မ်ားစြာကို ျပဳလုပ္ႏုိင္ပါတယ္။

Eargo

Eargo အမည္ရ နားၾကား အကူကိရိယာဟာ ေစ်းကြက္ထဲမွ အျခား နားၾကား အကူ ကိရိယာမ်ားထက္ ထူးျခားပါတယ္။ သူဟာ ကိုယ္ေယာင္ေဖ်ာက္ထားသလို ဖန္တီးထားတဲ့အတြက္ သူ႔ကို ၀တ္ဆင္ထားရင္ေတာင္ အျခားလူမ်ားက မျမင္ရေစပါဘူး။ ၀တ္ဆင္ရတာလည္း သက္ေတာင့္သက္သာရွိပါတယ္။ က်န္းမာေရးနယ္ပယ္မွာ အသံုးျပဳတဲ့ ဆီလီကြန္ကို အသံုးျပဳထားတဲ့အတြက္ ေဘးအႏၱရာယ္ ကင္းပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္တစ္ခုက ဘက္ထရီမ်ား လဲစရာ မလိုဘဲ ျပန္လည္ အားျဖည့္ႏုိင္ျခင္း ျဖစ္ပါတယ္။ ဘက္ထရီမ်ားဟာ တစ္ေန႔တာလံုး ေကာင္းေကာင္း အသံုးခံပါတယ္။ သူက အေ၀းတစ္ေနရာမွ မလိုလားအပ္တဲ့ ဆူညံသံမ်ားကိုလည္း ကာကြယ္ေပးပါတယ္။ သူ႔မွာ မတူညီတဲ့ Sound Profile ၄ ခု ပါတဲ့အတြက္ သင္နဲ႔ သင့္ေတာ္တာကို ေရြးခ်ယ္ႏုိင္ပါတယ္။

Ref : gigadgets

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Stair Steady

လှေကားများဟာ သက်ကြီး ရွယ်အိုများ ၊ မသန်စွမ်းသူများအတွက်တော့ အတားအဆီး တစ်ခု ဖြစ်ပါတယ်။ Stair Steady က အဲဒီ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ သူ့ကို လှေကားလက်ရန်းမှာ ရေပြင်ညီ အနေအထားတပ်ဆင်ရမှာ ဖြစ်ပါတယ်။ သူဟာ လက်ကိုင်ဘားတန်း တစ်ခု ဖြစ်ပြီး သူ့ကို လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ခြင်းဖြင့် လှေကားကို အတက်၊ အဆင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သူ့ကို သက်ကြီးရွယ်အိုများ သာမက လေဖြတ်ထားသူများ၊ ခြေ လက် အင်္ဂါ မသန်စွမ်းသူများပါ အသုံးပြုနိုင်ပါတယ်။ သူ့ကို Ruth Amos အမည်ရ အမျိုးသမီးငယ်က အသက် ၁၅ နှစ်အရွယ်မှာ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ Young Engineer of Great Britain ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ British Healthcare Trade Association က ပေးအပ်တဲ့ Best Established Product ကိုလည်း ရရှိထားပါတယ်။

TeamUnlimbited

ကလေးများဟာ သဘာဝအရ ကစားရတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်တစ်ဖက် ဆုံးရှုံးသွားတဲ့ ကလေးငယ်များအတွက်တော့ အခြား ကလေးများ နည်းတူ မကစားနိုင်တော့တဲ့အတွက် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ဗြိတိန်မှ ပညာရှင်နှစ်ဦး ဖန်တီးထားတဲ့ TeamUnlimbited အမည်ရ လက်အတုက ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။ လက်အတုကို 3D Printing နည်းပညာဖြင့် ဖန်တီးထားပါတယ်။ လက်အတုဟာ လူကြီး လက်အတုများလို မဟုတ်ဘဲ ကစားစရာ အရုပ်နဲ့ တူအောင် ဖန်တီးထားတဲ့အတွက် ကလေးငယ်များ နှစ်သက်ကြပါတယ်။ လက်အတုကို ဝတ်ဆင်ထားရင် အရာဝတ္ထုများကို ကိုင်တွယ်ခြင်း၊ ဘောလုံးပစ်ကစားခြင်းများ အပါအဝင် အခြားအလုပ်များစွာကို ပြုလုပ်နိုင်ပါတယ်။

Eargo

Eargo အမည်ရ နားကြား အကူကိရိယာဟာ ဈေးကွက်ထဲမှ အခြား နားကြား အကူ ကိရိယာများထက် ထူးခြားပါတယ်။ သူဟာ ကိုယ်ယောင်ဖျောက်ထားသလို ဖန်တီးထားတဲ့အတွက် သူ့ကို ဝတ်ဆင်ထားရင်တောင် အခြားလူများက မမြင်ရစေပါဘူး။ ဝတ်ဆင်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ အသုံးပြုတဲ့ ဆီလီကွန်ကို အသုံးပြုထားတဲ့အတွက် ဘေးအန္တရာယ် ကင်းပါတယ်။ သူ့ရဲ့ ထူးခြားချက်တစ်ခုက ဘက်ထရီများ လဲစရာ မလိုဘဲ ပြန်လည် အားဖြည့်နိုင်ခြင်း ဖြစ်ပါတယ်။ ဘက်ထရီများဟာ တစ်နေ့တာလုံး ကောင်းကောင်း အသုံးခံပါတယ်။ သူက အဝေးတစ်နေရာမှ မလိုလားအပ်တဲ့ ဆူညံသံများကိုလည်း ကာကွယ်ပေးပါတယ်။ သူ့မှာ မတူညီတဲ့ Sound Profile ၄ ခု ပါတဲ့အတွက် သင်နဲ့ သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။

Ref : gigadgets

You may be interested

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္

Ko Thuya - Jan 16, 2019

ကမာၻ႕ ပထမဆံုး ေရေပၚၿမိဳ႕ေတာ္ကို ပစိတ္ဖိတ္ သမုဒၵရာေပၚမွာ ၂၀၂၀ ခုနွစ္တြင္ တည္ေဆာက္မွာ ျဖစ္ပါတယ္။ ေရေပၚၿမိဳ႕ေတာ္မွာ ဟိုတယ္မ်ား၊ လူေနအိမ္မ်ား၊ စားေသာက္ဆိုင္မ်ား ပါရွိမွာ ျဖစ္ပါတယ္။ သူ႔ကို Seasteading Institute က တည္ေဆာက္မွာ ျဖစ္ပါတယ္။ စီမံကိန္းကို PayPal…

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ Realme က ယခုလ အေစာပိုင္းမွာ အလံုးေရ ၄ သန္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ အခုလည္း Realme 2 အလံုးေရ ၂ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

Leave a Comment

Most from this category