0 Shares 115 Views

စမတ္ဖုန္း စြဲလမ္းမႈကို ေလွ်ာ့ခ်ေပးမယ့္ App မ်ား

Jun 24, 2018
0 115

စမတ္ဖုန္းမ်ားဟာ လူေတြကို က႑ေပါင္းစံုကေန အေထာက္အကူျပဳလာၾကပါၿပီ။ ဒါေပမယ့္ စမတ္ဖုန္းမ်ားကို အလြန္အကြ်ံ စြဲလမ္းျခင္းေၾကာင့္ ေက်ာင္းသားမ်ားအတြက္ ပညာေရးကို ထိခိုက္ေစျခင္း၊ မိသားစု၀င္မ်ားအၾကားမွာ ဆက္ဆံေရး နည္းပါးလာျခင္း၊ အခ်ိန္မ်ား ကုန္ဆံုးျခင္း အပါအ၀င္ လူမႈေရး၊ စီးပြားေရး ျပႆနာမ်ားစြာကို ရင္ဆိုင္ရႏိုင္ပါတယ္။ အဲဒီအတြက္ စမတ္ဖုန္း အလြန္အကြ်ံ စြဲလမ္းမႈအား ကုစားေပးမယ့္ Android Apps မ်ားကို ဖန္တီးလာၾကပါတယ္။

၁။ Quality Time

Quality Time က သင့္ဖုန္းမွာ Apps မ်ား အသံုးျပဳမႈကို ေစာင့္ၾကည့္တိုင္းတာေပးပါတယ္။ App တစ္ခုခ်င္းစီကို အသံုးျပဳတဲ့ အခ်ိန္ကိုလည္း တြက္ခ်က္ေပးပါတယ္။ ေန႔စဥ္ ၊ အပတ္စဥ္ သင့္ရဲ႕ ဖုန္း အသံုးျပဳမႈကို အေသးစိတ္ ေလ့လာႏုိင္ပါတယ္။ အသံုးျပဳမႈ ကန္႔သတ္ ပိတ္ပင္ခ်င္တဲ့ Apps မ်ားအတြက္ သင္ကိုယ္တိုင္ စည္းမ်ဥ္းမ်ား ျပဌာန္းရမွာ ျဖစ္ပါတယ္။ ကန္႔သတ္ ပိတ္ပင္မယ့္ အခ်ိန္မ်ားကို Schedule ျပဳလုပ္ထားႏုိင္ပါတယ္။ Weekdays, Weekends မ်ားအတြက္ ပရိုဖုိင္မ်ား ျပဳလုပ္ထားႏုိင္ပါတယ္။ သူက Incoming Calls, Messages မ်ားကိုလညး္ ပိတ္ေပးထားႏိုင္ပါတယ္။ ကန္႔သတ္ထားခ်ိန္မ်ားမွာ အသံုးျပဳခြင့္ေပးထားမယ့္ Apps မ်ားကို သင္က ေရြးခ်ယ္ထားႏုိင္ပါတယ္။ သူ႔ကို အေကာင့္မလုပ္ဘဲနဲ႔ အသံုးျပဳႏုိင္ေပမယ့္ အေကာင့္ ျပဳလုပ္ထားရင္ သင့္ရဲ႕ ဖုန္း အသံုးျပဳမႈကို ၆ လအထိ ေလ့လာႏိုင္ပါတယ္။ သင့္ရဲ႕ ေဒတာမ်ားကို Cloud မွာ သိမ္းေပးထားတဲ့အတြက္ အျခား Device မ်ားကေနလည္း ရယူႏိုင္ပါတယ္။

Download

၂။ Offtime

Offtime ဟာ စမတ္ဖုန္း အလြန္အကြ်ံ စြဲလမ္းမႈအား ကုစားေပးမယ့္ Android Apps မ်ားထဲမွာ အေကာင္းဆံုးတစ္ခု ျဖစ္ပါတယ္။ သူက Facebook , WhatsApp အပါအ၀င္ သင္ စြဲလမ္းစြာ အသံုးျပဳတဲ့ Apps မ်ားကို Block လုပ္ေပးပါတယ္။ သူဟာ Google ရဲ႕ ၂၀၁၄ ခုႏွစ္ထုတ္ အေကာင္းဆံုး App ၁၀၀ စာရင္းထဲမွာ ပါ၀င္ခဲ့ပါတယ္။ သူက Calls, Notifications, SMS မ်ားကိုလည္း ပိတ္ေပးႏိုင္ပါတယ္။ သင့္ရဲ႕ ဖုန္းအသံုးျပဳမႈကို သူက တြက္ခ်က္ေပးႏိုင္တဲ့အတြက္ သင့္ကိုယ္သင္ ဆင္ျခင္ႏုိင္ေအာင္ သူက တြန္းအားေပးပါတယ္။

Download

၃။ AppBlock – Stay focused

AppBlock က သင့္ရဲ႕ ေက်ာင္းစာ၊ အလုပ္မ်ားအတြက္ သင့္ဖုန္းမွ အေႏွာင့္အယွက္ေပးမယ့္ Apps မ်ားကို ခဏတာ ပိတ္ပင္ေပးထားႏိုင္ပါတယ္။ မိဘမ်ားက ကေလးငယ္မ်ား စာလုပ္တဲ့ အခ်ိန္မ်ားမွာ သူသံုးေလ့ရွိတဲ့ Apps မ်ားကို ခဏတာ ပိတ္ထားႏုိင္ပါတယ္။ မိဘမ်ားက PIN Code ျဖင့္ AppBlock ဖြင့္ျခင္းအား ကာကြယ္ႏုိင္တဲ့အတြက္ ကေလးက AppBlock ထဲမွ ပိတ္ထားတာကို ျပင္ဆင္လို႔ မရပါဘူး။ မိသားစုမ်ားကလည္း အလုပ္အားရက္မ်ားမွာ မိသားစုကို အခ်ိန္ေပးႏိုင္ေအာင္ အလုပ္ကိစၥနဲ႔ပတ္သက္တဲ့ Apps မ်ားကို ပိတ္ထားႏုိင္ပါတယ္။ အလုပ္လုပ္တဲ့ ရက္မ်ားမွာ အလုပ္ကိစၥနဲ႔ မဆိုင္တဲ့ ေဖ်ာ္ေျဖေရး Apps မ်ားကို ပိတ္ထားႏုိင္ပါတယ္။ AppBlock မွာ အခ်ိန္ သတ္မွတ္ၿပီး ခဏတာ ပိတ္ထားႏုိင္သလို တစ္ေန႔လံုး ပိတ္ထားႏုိင္ပါတယ္။

Download

ref : techviral

unicode

စမတ်ဖုန်းများဟာ လူတွေကို ကဏ္ဍပေါင်းစုံကနေ အထောက်အကူပြုလာကြပါပြီ။ ဒါပေမယ့် စမတ်ဖုန်းများကို အလွန်အကျွံ စွဲလမ်းခြင်းကြောင့် ကျောင်းသားများအတွက် ပညာရေးကို ထိခိုက်စေခြင်း၊ မိသားစုဝင်များအကြားမှာ ဆက်ဆံရေး နည်းပါးလာခြင်း၊ အချိန်များ ကုန်ဆုံးခြင်း အပါအဝင် လူမှုရေး၊ စီးပွားရေး ပြဿနာများစွာကို ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်း အလွန်အကျွံ စွဲလမ်းမှုအား ကုစားပေးမယ့် Android Apps များကို ဖန်တီးလာကြပါတယ်။

၁။ Quality Time

Quality Time က သင့်ဖုန်းမှာ Apps များ အသုံးပြုမှုကို စောင့်ကြည့်တိုင်းတာပေးပါတယ်။ App တစ်ခုချင်းစီကို အသုံးပြုတဲ့ အချိန်ကိုလည်း တွက်ချက်ပေးပါတယ်။ နေ့စဉ် ၊ အပတ်စဉ် သင့်ရဲ့ ဖုန်း အသုံးပြုမှုကို အသေးစိတ် လေ့လာနိုင်ပါတယ်။ အသုံးပြုမှု ကန့်သတ် ပိတ်ပင်ချင်တဲ့ Apps များအတွက် သင်ကိုယ်တိုင် စည်းမျဉ်းများ ပြဌာန်းရမှာ ဖြစ်ပါတယ်။ ကန့်သတ် ပိတ်ပင်မယ့် အချိန်များကို Schedule ပြုလုပ်ထားနိုင်ပါတယ်။ Weekdays, Weekends များအတွက် ပရိုဖိုင်များ ပြုလုပ်ထားနိုင်ပါတယ်။ သူက Incoming Calls, Messages များကိုလည်း ပိတ်ပေးထားနိုင်ပါတယ်။ ကန့်သတ်ထားချိန်များမှာ အသုံးပြုခွင့်ပေးထားမယ့် Apps များကို သင်က ရွေးချယ်ထားနိုင်ပါတယ်။ သူ့ကို အကောင့်မလုပ်ဘဲနဲ့ အသုံးပြုနိုင်ပေမယ့် အကောင့် ပြုလုပ်ထားရင် သင့်ရဲ့ ဖုန်း အသုံးပြုမှုကို ၆ လအထိ လေ့လာနိုင်ပါတယ်။ သင့်ရဲ့ ဒေတာများကို Cloud မှာ သိမ်းပေးထားတဲ့အတွက် အခြား Device များကနေလည်း ရယူနိုင်ပါတယ်။

Download

၂။ Offtime

Offtime ဟာ စမတ်ဖုန်း အလွန်အကျွံ စွဲလမ်းမှုအား ကုစားပေးမယ့် Android Apps များထဲမှာ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ သူက Facebook , WhatsApp အပါအဝင် သင် စွဲလမ်းစွာ အသုံးပြုတဲ့ Apps များကို Block လုပ်ပေးပါတယ်။ သူဟာ Google ရဲ့ ၂၀၁၄ ခုနှစ်ထုတ် အကောင်းဆုံး App ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ သူက Calls, Notifications, SMS များကိုလည်း ပိတ်ပေးနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းအသုံးပြုမှုကို သူက တွက်ချက်ပေးနိုင်တဲ့အတွက် သင့်ကိုယ်သင် ဆင်ခြင်နိုင်အောင် သူက တွန်းအားပေးပါတယ်။

Download

၃။ AppBlock – Stay focused

AppBlock က သင့်ရဲ့ ကျောင်းစာ၊ အလုပ်များအတွက် သင့်ဖုန်းမှ အနှောင့်အယှက်ပေးမယ့် Apps များကို ခဏတာ ပိတ်ပင်ပေးထားနိုင်ပါတယ်။ မိဘများက ကလေးငယ်များ စာလုပ်တဲ့ အချိန်များမှာ သူသုံးလေ့ရှိတဲ့ Apps များကို ခဏတာ ပိတ်ထားနိုင်ပါတယ်။ မိဘများက PIN Code ဖြင့် AppBlock ဖွင့်ခြင်းအား ကာကွယ်နိုင်တဲ့အတွက် ကလေးက AppBlock ထဲမှ ပိတ်ထားတာကို ပြင်ဆင်လို့ မရပါဘူး။ မိသားစုများကလည်း အလုပ်အားရက်များမှာ မိသားစုကို အချိန်ပေးနိုင်အောင် အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ Apps များကို ပိတ်ထားနိုင်ပါတယ်။ အလုပ်လုပ်တဲ့ ရက်များမှာ အလုပ်ကိစ္စနဲ့ မဆိုင်တဲ့ ဖျော်ဖြေရေး Apps များကို ပိတ်ထားနိုင်ပါတယ်။ AppBlock မှာ အချိန် သတ်မှတ်ပြီး ခဏတာ ပိတ်ထားနိုင်သလို တစ်နေ့လုံး ပိတ်ထားနိုင်ပါတယ်။

Download

ref : techviral

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category