ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္
စမတ္ဖုန္းမ်ားဟာ လူေတြနဲ႔ အနီးဆံုးရွိတဲ့ ကိရိယာမ်ား ျဖစ္လာသလို သူ႔မွာ စြမ္းရည္မ်ား ပိုမိုမ်ားျပားေအာင္လည္း ထည့္သြင္းေပးေနၾကပါတယ္။ အခုလည္း စမတ္ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါမ်ား ဖြင့္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မယ့္ စံႏႈန္းတစ္ခုကို သတ္မွတ္လိုက္ပါတယ္။ Car Connectivity Consortium (CCC) က Digital Key Release 1.0 Specification ကို သတ္မွတ္လိုက္ပါၿပီ။
Apple နဲ႔ Samsung တို႔ဟာလည္း CCC အဖြဲ႕၀င္မ်ား ျဖစ္ၿပီး စံႏႈန္းအသစ္ကို ေထာက္ပံ့ဖို႔အတြက္ Bluetooth , NFC လို နည္းပညာမ်ားကို အသံုးျပဳဖို႔ ျပင္ဆင္ ေနၾကပါၿပီ။ CCC မွာ Audi, BMW, General Motors, Hyundai, Volkswagen တို႔လို နာမည္ႀကီး ကားကုမၸဏီမ်ားလည္း ပါ၀င္ထားပါတယ္။ ဒီနည္းပညာ အသစ္ကို အသံုးျပဳႏုိင္ဖို႔ သိပ္မလိုေတာ့ပါဘူး။
ဒီနည္းပညာမွာ ဒစ္ဂ်စ္တယ္ ေသာ့တစ္ခုကို စမတ္ဖုန္းထံကို လံုျခံဳစြာ ေဒါင္းလုပ္လုပ္ရမယ့္ အဆင့္ ပါ၀င္ပါတယ္။ စမတ္ဖုန္းမွ ဒစ္ဂ်စ္တယ္ ေသာ့ကို ကာကြယ္ဖို႔အတြက္ Trusted Security Manager ကိုလည္း အသံုးျပဳမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာ NFC ဆက္သြယ္မႈကေန ကားအား ထိန္းခ်ဳပ္မႈမ်ားကို ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။
ကား ထုတ္လုပ္သူမ်ားစြာကလည္း ကားေသာ့မ်ားအစား စမတ္ဖုန္းကို အစားထိုးမယ့္ နည္းပညာကို ေထာက္ခံထားၿပီး ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ ကားေသာ့မ်ား မလိုအပ္ေတာ့ဘဲ သင့္ရဲ႕ စမတ္ဖုန္းကိုသာ အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။
Ref : digitaltrends
unicode
ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital Key Release 1.0 Specification ကို သတ်မှတ်လိုက်ပါပြီ။
Apple နဲ့ Samsung တို့ဟာလည်း CCC အဖွဲ့ဝင်များ ဖြစ်ပြီး စံနှုန်းအသစ်ကို ထောက်ပံ့ဖို့အတွက် Bluetooth , NFC လို နည်းပညာများကို အသုံးပြုဖို့ ပြင်ဆင် နေကြပါပြီ။ CCC မှာ Audi, BMW, General Motors, Hyundai, Volkswagen တို့လို နာမည်ကြီး ကားကုမ္ပဏီများလည်း ပါဝင်ထားပါတယ်။ ဒီနည်းပညာ အသစ်ကို အသုံးပြုနိုင်ဖို့ သိပ်မလိုတော့ပါဘူး။
ဒီနည်းပညာမှာ ဒစ်ဂျစ်တယ် သော့တစ်ခုကို စမတ်ဖုန်းထံကို လုံခြုံစွာ ဒေါင်းလုပ်လုပ်ရမယ့် အဆင့် ပါဝင်ပါတယ်။ စမတ်ဖုန်းမှ ဒစ်ဂျစ်တယ် သော့ကို ကာကွယ်ဖို့အတွက် Trusted Security Manager ကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ NFC ဆက်သွယ်မှုကနေ ကားအား ထိန်းချုပ်မှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ကား ထုတ်လုပ်သူများစွာကလည်း ကားသော့များအစား စမတ်ဖုန်းကို အစားထိုးမယ့် နည်းပညာကို ထောက်ခံထားပြီး ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကားသော့များ မလိုအပ်တော့ဘဲ သင့်ရဲ့ စမတ်ဖုန်းကိုသာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : digitaltrends
You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
Ko Thuya - Feb 23, 2019Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Ko Thuya - Feb 23, 2019Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.