0 Shares 3026 Views

Xiaomi Mi Pad 4 ရဲ႕ ေၾကာ္ညာ ဓါတ္ပံု ထြက္ေပၚလာ

Jun 24, 2018
0 3026

Xiaomi Mi Pad 4 ကို ၂၅ ရက္ေန႔မွာ Redmi 6 Pro နဲ႔ အတူ မိတ္ဆက္မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း အြန္လိုင္းမွာ မ်ားစြာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း သူ႔ရဲ႕ ေၾကာ္ညာ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။

ဓါတ္ပံုမ်ားအရ သူ႔ရဲ႕ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ပါးလႊာပါတယ္။ သူဟာ အရြယ္အစား က်စ္လစ္တဲ့ တက္ဘလက္ ျဖစ္ၿပီး ၈ လက္မ မ်က္ႏွာျပင္ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 16:10 ျဖစ္ပါတယ္။ သူ႔မွာ Qualcomm Snapdragon 660 Chipset ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနၿပီး စြမ္းေဆာင္ရည္သင့္ အမ်ိဳးအစား ျဖစ္ပါတယ္။

သူ႔မွာ 6000mAh Battery ထည့္သြင္းထားတဲ့အတြက္ ဘက္ထရီ သက္တမ္း အလြန္ ေကာင္းမြန္မွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 13 Megapixel Camera နဲ႔ အေရွ႕ဘက္မွာ 5 Megapixel Camera မ်ားပါလာႏုိင္ပါတယ္။ အေရွ႕ကင္မရာမွာ ဥာဏ္ရည္တု နည္းပညာက ေထာက္ပံ့ထားတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာ ပါပါတယ္။

အေျခခံေမာ္ဒယ္ ျဖစ္တဲ့ 4GB RAM , 64GB Storage ကို တရုတ္ယြမ္ ၁၄၉၉ ျဖင့္ ေရာင္းခ်ႏုိင္ၿပီး ၂၃၀ ေဒၚလာ ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ သူ႔မွာ ၀ိုင္ဖိုင္ဆက္သြယ္မႈသာ ပါပါတယ္။ 6GB RAM , 128GB Storage ကို ယြမ္ ၁၉၉၉ ျဖင့္ ေရာင္းခ်ႏုိင္ၿပီး ၃၀၈ ေဒၚလာ က်သင့္ပါတယ္။ သူ႔မွာ LTE ဆက္သြယ္မႈ ပါပါတယ္။

Ref : gsmarena

unicode

Xiaomi Mi Pad 4 ရဲ့ ကြော်ညာ ဓါတ်ပုံ ထွက်ပေါ်လာ

Xiaomi Mi Pad 4 ကို ၂၅ ရက်နေ့မှာ Redmi 6 Pro နဲ့ အတူ မိတ်ဆက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း အွန်လိုင်းမှာ များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ကြော်ညာ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံများအရ သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ ပါးလွှာပါတယ်။ သူဟာ အရွယ်အစား ကျစ်လစ်တဲ့ တက်ဘလက် ဖြစ်ပြီး ၈ လက်မ မျက်နှာပြင်ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 660 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပြီး စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။

သူ့မှာ 6000mAh Battery ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera များပါလာနိုင်ပါတယ်။ အရှေ့ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာက ထောက်ပံ့ထားတဲ့ မျက်နှာ အာရုံခံ နည်းပညာ ပါပါတယ်။

အခြေခံမော်ဒယ် ဖြစ်တဲ့ 4GB RAM , 64GB Storage ကို တရုတ်ယွမ် ၁၄၉၉ ဖြင့် ရောင်းချနိုင်ပြီး ၂၃၀ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ သူ့မှာ ဝိုင်ဖိုင်ဆက်သွယ်မှုသာ ပါပါတယ်။ 6GB RAM , 128GB Storage ကို ယွမ် ၁၉၉၉ ဖြင့် ရောင်းချနိုင်ပြီး ၃၀၈ ဒေါ်လာ ကျသင့်ပါတယ်။ သူ့မှာ LTE ဆက်သွယ်မှု ပါပါတယ်။

Ref : gsmarena

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category