0 Shares 51 Views

၂၀၁၉ မွာ အာကာသခရီးသြားဖို႔ လက္မွတ္မ်ား ေရာင္းေပးေတာ့မယ့္ Blue Origin

Jun 24, 2018
0 51

အေမဇုန္ရဲ႕ သူေဌး ျဖစ္သူ Jeff Bezos တည္ေထာင္ထားတဲ့ ပုဂၢလိက အာကာသ ကုမၸဏီ Blue Origin က ၂၀၁၉ ခုႏွစ္မွာ လက္မွတ္မ်ားကို စတင္ ေရာင္းေပးေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ မၾကာခင္မွာ လူမ်ားအား အာကာသသို႔ပို႔ေဆာင္ေပးမႈကို စတင္ စမ္းသပ္ေတာ့မွာ ျဖစ္ပါတယ္။ လက္မွတ္ေစ်းႏႈန္းမ်ားကိုေတာ့ မသိရေသးပါဘူး။ လူတစ္ဦးလွ်င္ ေဒၚလာ ၅၀၀၀၀ ကေန ၂၅၀၀၀၀ အၾကားမွာ ရွိမယ္လို႔ ခန္႔မွန္းထားေၾကာင္း Blue Origin ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ ျဖစ္သူ Rob Meyerson က ေျပာပါတယ္။

Blue Origin က New Shepard အမည္ရ အာကာသယာဥ္ကို အသံုးျပဳမွာ ျဖစ ္ၿပီး လူေျခာက္ဦး လိုက္ပါ စီးနင္းႏုိင္ပါတယ္။ အာကာသယာဥ္ဟာ နာဆာရဲ႕ အာကာသယာဥ္ထက္ ၁၀ ဆ ပိုမို က်ယ္၀န္းပါတယ္။ ကမာၻ႕ေလထုနဲ႔ အာကာသအၾကားမွ Karman Line ကို ေက်ာ္သြားတာနဲ႔ ခရီးသည္မ်ားဟာ ထိုင္ခံုခါးပတ္မ်ားကို ျဖဳတ္ၿပီး ဆြဲငင္အားမဲ့တ့ဲ ခံစားမႈကို စတင္ ရရွိမွာ ျဖစ္ပါတယ္။ အဲဒီ လို္င္းဟာ ကမာၻေျမျပင္ရဲ႕ အထက္ မိုင္ ၆၀ သို႔မဟုတ္ ၃၂၈ ၀၈၀ ေပေလာက္မွာ ရွိပါတယ္။ အာကာသမွာ ဘယ္ႏွစ္ရက္ လည္ပတ္ရမလဲဆိုတာကို မသိရေသးပါဘူး။ ခရီးသည္မ်ားဟာ လည္ပတ္ၿပီးရင္ သဲကႏၱာရထဲကို ေလထီးျဖင့္ ျပန္လည္ ဆင္းသက္ရမွာ ျဖစ္ပါတယ္။

ဒီလို အာကာသ ခရီးစဥ္မ်ားကို စီစဥ္ေနတာ Blue Origin တစ္ခုထဲ မဟုတ္ပါဘူး။ Space X နဲ႔ Virgin Galatic တို႔လည္း ပါ၀င္ပါတယ္။ Virgin Galactic ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုကတည္းက အာကာသ ခရီးသြားလက္မွတ္မ်ားကို ေရာင္းခ်ေပးထားၿပီး ယခုအခ်ိန္အထိ ခရီးစဥ္ မစတင္ႏုိင္ေသးပါဘူး။ အဲဒီအတြက္ Blue Origin ရဲ႕ အာကာသခရီးစဥ္ဟာလည္း ၂၀၁၉ ခုႏွစ္အတြင္း ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gizmodo

umicode

၂၀၁၉ မှာ အာကာသခရီးသွားဖို့ လက်မှတ်များ ရောင်းပေးတော့မယ့် Blue Origin

အမေဇုန်ရဲ့ သူဌေး ဖြစ်သူ Jeff Bezos တည်ထောင်ထားတဲ့ ပုဂ္ဂလိက အာကာသ ကုမ္ပဏီ Blue Origin က ၂၀၁၉ ခုနှစ်မှာ လက်မှတ်များကို စတင် ရောင်းပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မကြာခင်မှာ လူများအား အာကာသသို့ပို့ဆောင်ပေးမှုကို စတင် စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။ လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀၀၀ ကနေ ၂၅၀၀၀၀ အကြားမှာ ရှိမယ်လို့ ခန့်မှန်းထားကြောင်း Blue Origin ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Rob Meyerson က ပြောပါတယ်။

Blue Origin က New Shepard အမည်ရ အာကာသယာဉ်ကို အသုံးပြုမှာ ဖြစ ်ပြီး လူခြောက်ဦး လိုက်ပါ စီးနင်းနိုင်ပါတယ်။ အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်ထက် ၁၀ ဆ ပိုမို ကျယ်ဝန်းပါတယ်။ ကမ္ဘာ့လေထုနဲ့ အာကာသအကြားမှ Karman Line ကို ကျော်သွားတာနဲ့ ခရီးသည်များဟာ ထိုင်ခုံခါးပတ်များကို ဖြုတ်ပြီး ဆွဲငင်အားမဲ့တဲ့ ခံစားမှုကို စတင် ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ လိုင်းဟာ ကမ္ဘာမြေပြင်ရဲ့ အထက် မိုင် ၆၀ သို့မဟုတ် ၃၂၈ ၀၈၀ ပေလောက်မှာ ရှိပါတယ်။ အာကာသမှာ ဘယ်နှစ်ရက် လည်ပတ်ရမလဲဆိုတာကို မသိရသေးပါဘူး။ ခရီးသည်များဟာ လည်ပတ်ပြီးရင် သဲကန္တာရထဲကို လေထီးဖြင့် ပြန်လည် ဆင်းသက်ရမှာ ဖြစ်ပါတယ်။

ဒီလို အာကာသ ခရီးစဉ်များကို စီစဉ်နေတာ Blue Origin တစ်ခုထဲ မဟုတ်ပါဘူး။ Space X နဲ့ Virgin Galatic တို့လည်း ပါဝင်ပါတယ်။ Virgin Galactic ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက အာကာသ ခရီးသွားလက်မှတ်များကို ရောင်းချပေးထားပြီး ယခုအချိန်အထိ ခရီးစဉ် မစတင်နိုင်သေးပါဘူး။ အဲဒီအတွက် Blue Origin ရဲ့ အာကာသခရီးစဉ်ဟာလည်း ၂၀၁၉ ခုနှစ်အတွင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmodo

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category