[Zawgyi]
[Unicode]
တန်ဖိုး အနည်းဆုံး Flagship စမတ်ဖုန်း (သို့မဟုတ်) Mi 8
၅သိန်း ဝန်းကျင်ထဲက Mid-range စမတ်ဖုန်း တစ်လုံးလောက် ဝယ်ဖို့ စဥ်းစားနေတာလား ?
မဝယ်သေးပါနဲ့။ ၁သိန်းခွဲလောက် ထပ်စိုက်ပြီး Flagship စမတ်ဖုန်းကို ဝယ်ကိုင်လိုက်ပါ။ ကိုယ့်မှာ မရှိတော့ရင် သူများဆီက ချေးပြီး ဝယ်လိုက်ပါ။ ပြီးမှ ပြန်ဆပ်ချင်ဆပ် မဆပ်ချင်နေပေါ့။
ကျွန်တော် ဒီတပတ် Phone for you ကဏ္ဍအတွက် ရွေးချယ်ပေးချင်တဲ့ စမတ်ဖုန်းကတော့ Flagship စမတ်ဖုန်းတွေထဲကမှ စျေးအနည်းဆုံး စမတ်ဖုန်းလေးဘဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်….Mi 8 ပါ။ Flagship စမတ်ဖုန်းကို ဝယ်ကိုင်ဖို့ စဥ်းစားနေတဲ့ သူတွေထက် ၅သိန်း ဝန်းကျင် Mid-range စမတ်ဖုန်းကို ဝယ်ကိုင်မယ့် သူတွေအတွက် ရည်ရွယ်ပြီး ရွေးချယ်ပေးရခြင်း ဖြစ်ပါတယ်။
Xiaomi Mi 8 ရဲ့ Specification တွေက ၁၀ သိန်းကျော်၊ ၁၀ သိန်း ဝန်းကျင် ပေးနေရတဲ့ Flagship စမတ်ဖုန်းတွေရဲ့ Specification တွေနဲ့ အတူတူပါဘဲ။ ကွာလဲ မတိမ်း မယိမ်းပေါ့။ ကင်မရာ သုံးလုံး ပါတယ်တို့၊ Display Resolution ပိုမြင့်တယ်တို့တော့ လိုက်မယှဥ်နဲ့ ပေါ့ဗျာ။ သေချာတာကတော့ Xiaomi Mi 8 မှာ Snapdragon 845, Adreno 630 GPU, RAM 6GB, ROM 128GB, Rear Camera 12+12MP နဲ့ Front Camera 20MP တွေပါဝင်မှာပါ။ ဒီ Specs တွေနဲ့ ပြုလုပ်ထားတဲ့ ဖုန်းတစ်လုံးကို ကိုယ့်မှာ ၆သိန်းခွဲ ရိုရုံနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Xiaomi ရဲ့ Flagship စမတ်ဖုန်းတွေက ဘာလို့ ဒီလောက်တောင် စျေးနည်းနေရတာလဲ ဆိုတာ စဥ်းစားစရာ အချက် ဖြစ်လာပါပြီ။ ရှင်းပါတယ်။ Xiaomi က Marketing အပိုင်းမှာ သုံးရမယ့်ငွေတွေကို မသုံးဘဲ စမတ်ဖုန်းကို စျေးလျော့ပြီး ရောင်းလိုက်လို့ ဖြစ်ပါတယ်။ Xiaomi လိုမျိူး စမတ်ဖုန်းတွေကို စျေးလျော့ရောင်းတဲ့ ကုမ္ပဏီ တစ်ခု ရှိပါသေးတယ်။ OnePlus ပါ။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ OnePlus 6 ရဲ့ RAM 6GB, ROM 64GB ပါဝင်တဲ့ မော်ဒယ်ကလည်း တန်ဖိုးငွေ ၆၉၀၀၀၀ ကျပ်သာ ရှိပါတယ်။ တကယ်လို့ OnePlus 6 ရဲ့ RAM 6GB, ROM 64GB မော်ဒယ်ဟာ ၆သိန်းခွဲဘဲ ရှိမယ်ဆိုရင် OnePlus 6 ကို ရွေးချယ်မိမှာ အမှန်ပါဘဲ။
You may be interested
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Most from this category
Xiaomi Mi 9 ရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.