0 Shares 243 Views
Notch မပါ ဘောင်မဲ့ဒီဇိုင်းနဲ့မူပိုင်ခွင့်တင်ထားတဲ့ Samsung Galaxy ဖုန်းအသစ်
Jun 23, 2018
0 243
[Zawgyi]
Ref: Cnet
[Unicode]
Infinity Display ဖြစ်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြချိန်မှာ နောက်ထပ်ထပ်ထွက်လာမယ့် Screen ကြီးကြီးဖုန်းက ဘာဖြစ်နိုင်မလဲ??
Image result for Samsung's new Galaxy patent is a bezel-less, notch-free slice of the future
Samsung ကတော့ ဘာခလုတ်မှမပါ၊ ဘောင်မပါ၊ နားကြပ်ပေါက်မပါ လုံးဝ မျက်နှာပြင်ပြည့်ဖုန်းတစ်လုံးရဲ့ Concept ဒီဇိုင်းတစ်ခုကို မူပိုင်ခွင့်တင်လိုက်ပါပြီ။ မျက်နှာပြင်ပြည့်ဆိုတော့ ထိပ်ဖက် Notch ပါလာမလားစိုးရိမ်နေတဲ့သူတွေအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ပြောရမှာပါ။
မူပိုင်ခွင့်ကို အမေရိကန်မူပိုင်ခွင့်အမှတ်တံဆိပ်ရုံးမှာ ဒီတစ်ပတ်ကမှ တင်ထားတာပါ။ ဒီ Concept ဖုန်းရဲ့အောက်ဘက်နဲ့ ဘေးဘက်ဘောင်တွေက လုံးဝဘောင်မဲ့ဖြစ်သွားပြီး ထိပ်ဖက်မှာတော့ Notch မပါတဲ့ ဘောင်သေးသေးလေးတစ်ခုကို တွေ့ရပါတယ်။ Samsung ရဲ့ Note ဒီဇိုင်းပုံစံမျိုးဖြစ်ပြီး အနားသတ်တွေကလည်း ခုံးထားတဲ့အတွက် ပြောရရင် Note 8 နဲ့ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် Note 9 ဖုန်းတွေက သြဂုတ်လမှာထွက်တော့မှာဖြစ်လို့ လုံးဝဘောင်မဲ့ Infinity Display ကတော့ ဒီနှစ်အတွက် မှန်းလို့မရတော့ပါဘူး။
ဒီဇိုင်းပိုင်းကကြည့်ရင်တော့ ဒီနှစ် Note 8 မှာ Under Display Fingerprint Sensor မပါလို့ စိတ်ပျက်ခဲ့ကြတဲ့ Note Fan တွေအတွက် စိတ်တိုင်းကျစေနိုင်လောက်မယ့် ဖုန်းတစ်လုံးဖြစ်လာမယ်ထင်ပါတယ်။ တကယ်ထွက်လာရင်ပေါ့။ နားကြပ်ပေါက်မပါတာကတော့ သတင်းဆိုးလို့ပြောရမလားပါပဲ။ ဒါက Concept ဒီဇိုင်းကိုမူပိုင်ခွင့်တင်ထားတုန်းပဲရှိပါသေးတယ်။ နောင်မှာဘယ်လိုအပြောင်းအလဲတွေလာမလဲဆိုတာကတော့ Samsung ဆီကနေ နားစွင့်နေရဦးမှာပါ။
Ref: Cnet
You may be interested
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares9 views
အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
Ko Thuya - Jun 26, 2019
အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Ko Thuya - Jun 26, 2019
Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views
Gaming Smartphone ဖန်တီးနေတဲ့ Samsung
Ko Thuya - Jun 25, 2019
ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…
Leave a Comment
Most from this category