326 Shares 78 Views

GPU Turbo ပါဝင္တဲ့ OS ကို Update ျပဳလုပ္ႏိုင္ၿပီျဖစ္တဲ့ Huawei Mate 10 စီးရီးမ်ား

Jun 23, 2018
326 78

[Zawgyi]

Huawei အေနနဲ႔ Android 8.1 Oreo-based EMUI 8.1 Beta version ကို Mate 10, Mate 10 Pro နဲ႔ Porsche Design Mate 10 တို႔အတြက္ ထုတ္လုပ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ အခု ထြက္ရွိလာတဲ့ Beta version မွာ GPU Turbo နည္းပညာ ပါဝင္လာတာေၾကာင့္ Huawei Mate 10 စီးရီး ပိုင္ရွင္မ်ားအတြက္ေတာ့ သတင္းေကာင္းပါဘဲ။ စိတ္မေကာင္းစရာ တစ္ခုကေတာ့ ဒီ Version က တ႐ုတ္ႏိုင္ငံမွာဘဲ ရရွိေသးတာ ျဖစ္ပါတယ္။

Huawei က GPU Turbo နည္းပညာကို Honor Play မွာ စတင္ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ GPU Turbo ဆိုတာကေတာ့ စမတ္ဖုန္းေတြနဲ႔ ဂိမ္းေဆာ့တဲ့အခါမွာ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ရရွိေအာင္ ေထာက္ပံ့ေပးမယ့္ နည္းပညာ ျဖစ္ပါတယ္။ Huawei ရဲ႕ GPU Turbo နည္းပညာက GPU ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀% အထိ တိုးျမႇင့္ေပးႏိုင္ၿပီး CPU ရဲ႕ စြမ္းအင္ သုံးစြဲမႈကို ၃၀% အထိ ေလ်ာ့ခ်ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒီနည္းပညာက Huawei ဖုန္းေတြမွာ လိုမ်ိဴး Kirin Chipsets ေတြကို အသုံးျပဳထားတဲ့ Honor ဖုန္းေတြဆီကိုလည္း ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တန္ဖိုးျမင့္ဖုန္းမ်ားအျပင္ တန္ဖိုးနည္း ဖုန္းအသစ္မ်ားနဲ႔ ဖုန္းအေဟာင္းေတြမွာပါ ထည့္သြင္းေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Software Update ကေနတစ္ဆင့္ GPU Turbo နည္းပညာကို ထည့္သြင္းေပးမွာ ျဖစ္တဲ့အတြက္ Hardware အသစ္ေတြ လိုအပ္မွာ မဟုတ္ပါဘူး။

အခု ထြက္ရွိလာတဲ့ Android 8.0-based EMUI 8.1 Beta version ကို ႏိုင္ငံတကာအတြက္ ျဖန္႔ခ်ီသြားမယ့္ ေန႔ရက္ကိုေတာ့ အတိအက် မသိရေသးပါဘူး။ ေလာေလာဆယ္ တ႐ုတ္ႏိုင္ငံမွာ ရရွိေနၿပီ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း မၾကာခင္ ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Update ျပဳလုပ္ႏိုင္တဲ့ အခ်ိန္က်ရင္လည္း Mate 10 စီးရီး ပိုင္ရွင္ Gamer မ်ားအေနနဲ႔ အျမန္ဆုံး Update လုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

 

Ref:xda-developers

[Unicode]

GPU Turbo ပါဝင်တဲ့ OS ကို Update ပြုလုပ်နိုင်ပြီဖြစ်တဲ့ Huawei Mate 10 စီးရီးများ

Huawei အနေနဲ့ Android 8.1 Oreo-based EMUI 8.1 Beta version ကို Mate 10, Mate 10 Pro နဲ့ Porsche Design Mate 10 တို့အတွက် ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခု ထွက်ရှိလာတဲ့ Beta version မှာ GPU Turbo နည်းပညာ ပါဝင်လာတာကြောင့် Huawei Mate 10 စီးရီး ပိုင်ရှင်များအတွက်တော့ သတင်းကောင်းပါဘဲ။ စိတ်မကောင်းစရာ တစ်ခုကတော့ ဒီ Version က တရုတ်နိုင်ငံမှာဘဲ ရရှိသေးတာ ဖြစ်ပါတယ်။

Huawei က GPU Turbo နည်းပညာကို Honor Play မှာ စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ GPU Turbo ဆိုတာကတော့ စမတ်ဖုန်းတွေနဲ့ ဂိမ်းဆော့တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိအောင် ထောက်ပံ့ပေးမယ့် နည်းပညာ ဖြစ်ပါတယ်။ Huawei ရဲ့ GPU Turbo နည်းပညာက GPU ရဲ့ စွမ်းဆောင်ရည်ကို ၆၀% အထိ တိုးမြှင့်ပေးနိုင်ပြီး CPU ရဲ့ စွမ်းအင် သုံးစွဲမှုကို ၃၀% အထိ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာက Huawei ဖုန်းတွေမှာ လိုမျိူး Kirin Chipsets တွေကို အသုံးပြုထားတဲ့ Honor ဖုန်းတွေဆီကိုလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တန်ဖိုးမြင့်ဖုန်းများအပြင် တန်ဖိုးနည်း ဖုန်းအသစ်များနဲ့ ဖုန်းအဟောင်းတွေမှာပါ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Software Update ကနေတစ်ဆင့် GPU Turbo နည်းပညာကို ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် Hardware အသစ်တွေ လိုအပ်မှာ မဟုတ်ပါဘူး။

အခု ထွက်ရှိလာတဲ့ Android 8.0-based EMUI 8.1 Beta version ကို နိုင်ငံတကာအတွက် ဖြန့်ချီသွားမယ့် နေ့ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ လောလောဆယ် တရုတ်နိုင်ငံမှာ ရရှိနေပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မကြာခင် ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Update ပြုလုပ်နိုင်တဲ့ အချိန်ကျရင်လည်း Mate 10 စီးရီး ပိုင်ရှင် Gamer များအနေနဲ့ အမြန်ဆုံး Update လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

Ref:xda-developers

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category