223 Shares 148 Views

New XPS 13 Laptop ကို ျမန္မာႏိုင္ငံမွာ မိတ္ဆက္လိုက္တဲ့ Dell

Jun 23, 2018
223 148

[Zawgyi]

Dell Myanmar အေနနဲ႔ New XPS 13 Laptop ကို ရန္ကုန္ၿမိဳ႕မွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ New XPS 13 Laptop ဟာဆိုရင္ InfinityEdge 4K Display ေတြကို အသုံးျပဳထားတဲ့အတြက္ ေတာက္ပၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ေတြကို ၾကည့္ရႈ႕ခံစားႏိုင္မွာပါ။ New XPS 13 Laptop ေတြကို Rose Gold, Alpine White, Gold နဲ႔ Silver ဆိုၿပီး အေရာင္ ၄မ်ိဴး ထုတ္လုပ္ထားပါတယ္။

မူလ ပထမ XPS 13 ကို စတင္မိတ္ဆက္ခဲ့တဲ့ အခ်ိန္ကေတာ့ Consumer Electronics Show (CES 2012) ျပပြဲမွာ ျဖစ္ပါတယ္။ New XPS 13 ကိုေတာ့ CES 2018 မွာ မိတ္ဆက္ခဲ့ၿပီး Innovation Award honoree ဆုကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ Laptop ျဖစ္ပါတယ္။ Dell အေနနဲ႔ Computer နဲ႔ Laptop ေတြကိုဘဲ ထုတ္လုပ္ေနတာ မဟုတ္ပါဘူး။ Computer နဲ႔ တြဲဖက္အသုံးျပဳႏိုင္မယ့္ White power cords, USB Type-A, USB Type-B, USB Type-C Adapter ေတြကိုလည္း ထုတ္လုပ္ပါေသးတယ္။

New XPS 13 ရဲ႕ ကိုယ္ထည္က ၁၃ လက္မရွိၿပီး Display မ်က္ႏွာျပင္ အက်ယ္ကေတာ့ ၁၁ လက္မရွိပါတယ္။ အထူ အေနနဲ႔ ၃.၄မီလီမီတာ ရွိၿပီး အေလးခ်ိန္က ၂.၇ေပါင္သာ ရွိတဲ့အတြက္ သယ္ေဆာင္ရ လြယ္ကူၿပီး သြားေလရာ ေဆာင္ထားလို႔ ရပါတယ္။ Operating System အပိုင္းအတြက္ Windows 10 ကို ထည့္သြင္းထားၿပီး Intel 8th Gen Quad-core processor ကို အသုံးျပဳထားပါတယ္။ SSDs 1TB ပါဝင္မွာ ျဖစ္ၿပီး FullHD သုံးပါက နာရီ ၂၀ ၾကာတဲ့အထိ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ UltraHD (4K) နဲ႔ သုံးမယ္ဆိုရင္ေတာ့ ၁၁ နာရီအထိ အသုံးျပဳႏိုင္ပါတယ္။ တကယ္လို႔ ႐ုပ္ထြက္ ပိုမိုေကာင္းမြန္တာကို လိုခ်င္ပါက UltraHD ကို ေျပာင္းလဲ အသုံးျပဳဖို႔ အႀကံေပးခ်င္ပါတယ္။ အခု XPS 13 2018 ေမာ္ဒယ္က အရင္ XPS 13 2015 ေမာ္ဒယ္ထက္ စြမ္းေဆာင္ရည္ပိုင္းမွာ ၂ဆ ပိုေကာင္းလာတယ္လို႔ သိရပါတယ္။

သုံးစြဲသူမ်ား အေနနဲ႔ Dell Power Manager ကေန balance of battery life, charging, thermals and acoustics နဲ႔ video rendering applications, advanced spreadsheets စတာေတြကို လုပ္ေဆာင္ဖို႔အတြက္ လိုအပ္သေလာက္သာ စြမ္းအားထုတ္ေပးမယ့္ Dynamic Power Mode အသုံးႏိုင္မွာ ျဖစ္ပါတယ္။ XPS 13 ဟာ ကမာၻ႔ ပထဦးဆုံး Thermal Engineering အတြက္ GORETM Thermal Insulation နဲ႔ ျပဳလုပ္ထားတဲ့ Laptop ျဖစ္ပါတယ္။ အပူေတြကို စြန္႔ထုတ္ဖို႔အတြက္ အဆင့္ျမင့္ သိပၸံနည္းပညာေတြမွာ သုံးတဲ့ Silica Aerogels ကို အသုံးျပဳထားပါတယ္။ သုံးစြဲသူမ်ားက အသံ၊ ထိေတြ႕မႈ၊ မ်က္ႏွာအေနအထား Password ေပးျခင္း၊ Biometric System ျဖင့္ Password ေပးျခင္းမ်ားကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ XPS 13 ရဲ႕ i7 ေငြေရာင္ ေမာ္ဒယ္က ကန္ေဒၚလာ ၁၆၀၉ ေဒၚလာ (ျမန္မာေငြ ၂၂သိန္း ဝန္းက်င္) ျဖစ္ၿပီးေတာ့ i5 ေ႐ႊေရာင္က ကန္ေဒၚလာ ၁၇၁၉ ေဒၚလာ (ျမန္မာေငြ ၂၄ သိန္း ဝန္းက်င္) ျဖစ္ပါတယ္။ အထဲမွာ ပါဝင္တဲ့ Specification ေတြအလိုက္ ေစ်းႏႈန္း ကြာျခားမႈ ရွိႏိုင္ပါတယ္။

[Unicode]

New XPS 13 Laptop ကို မြန်မာနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Dell

Dell Myanmar အနေနဲ့ New XPS 13 Laptop ကို ရန်ကုန်မြို့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ New XPS 13 Laptop ဟာဆိုရင် InfinityEdge 4K Display တွေကို အသုံးပြုထားတဲ့အတွက် တောက်ပကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို ကြည့်ရှု့ခံစားနိုင်မှာပါ။ New XPS 13 Laptop တွေကို Rose Gold, Alpine White, Gold နဲ့ Silver ဆိုပြီး အရောင် ၄မျိူး ထုတ်လုပ်ထားပါတယ်။

မူလ ပထမ XPS 13 ကို စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကတော့ Consumer Electronics Show (CES 2012) ပြပွဲမှာ ဖြစ်ပါတယ်။ New XPS 13 ကိုတော့ CES 2018 မှာ မိတ်ဆက်ခဲ့ပြီး Innovation Award honoree ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Laptop ဖြစ်ပါတယ်။ Dell အနေနဲ့ Computer နဲ့ Laptop တွေကိုဘဲ ထုတ်လုပ်နေတာ မဟုတ်ပါဘူး။ Computer နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် White power cords, USB Type-A, USB Type-B, USB Type-C Adapter တွေကိုလည်း ထုတ်လုပ်ပါသေးတယ်။

New XPS 13 ရဲ့ ကိုယ်ထည်က ၁၃ လက်မရှိပြီး Display မျက်နှာပြင် အကျယ်ကတော့ ၁၁ လက်မရှိပါတယ်။ အထူ အနေနဲ့ ၃.၄မီလီမီတာ ရှိပြီး အလေးချိန်က ၂.၇ပေါင်သာ ရှိတဲ့အတွက် သယ်ဆောင်ရ လွယ်ကူပြီး သွားလေရာ ဆောင်ထားလို့ ရပါတယ်။ Operating System အပိုင်းအတွက် Windows 10 ကို ထည့်သွင်းထားပြီး Intel 8th Gen Quad-core processor ကို အသုံးပြုထားပါတယ်။ SSDs 1TB ပါဝင်မှာ ဖြစ်ပြီး FullHD သုံးပါက နာရီ ၂၀ ကြာတဲ့အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ UltraHD (4K) နဲ့ သုံးမယ်ဆိုရင်တော့ ၁၁ နာရီအထိ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ရုပ်ထွက် ပိုမိုကောင်းမွန်တာကို လိုချင်ပါက UltraHD ကို ပြောင်းလဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ အခု XPS 13 2018 မော်ဒယ်က အရင် XPS 13 2015 မော်ဒယ်ထက် စွမ်းဆောင်ရည်ပိုင်းမှာ ၂ဆ ပိုကောင်းလာတယ်လို့ သိရပါတယ်။

သုံးစွဲသူများ အနေနဲ့ Dell Power Manager ကနေ balance of battery life, charging, thermals and acoustics နဲ့ video rendering applications, advanced spreadsheets စတာတွေကို လုပ်ဆောင်ဖို့အတွက် လိုအပ်သလောက်သာ စွမ်းအားထုတ်ပေးမယ့် Dynamic Power Mode အသုံးနိုင်မှာ ဖြစ်ပါတယ်။ XPS 13 ဟာ ကမ္ဘာ့ ပထဦးဆုံး Thermal Engineering အတွက် GORETM Thermal Insulation နဲ့ ပြုလုပ်ထားတဲ့ Laptop ဖြစ်ပါတယ်။ အပူတွေကို စွန့်ထုတ်ဖို့အတွက် အဆင့်မြင့် သိပ္ပံနည်းပညာတွေမှာ သုံးတဲ့ Silica Aerogels ကို အသုံးပြုထားပါတယ်။ သုံးစွဲသူများက အသံ၊ ထိတွေ့မှု၊ မျက်နှာအနေအထား Password ပေးခြင်း၊ Biometric System ဖြင့် Password ပေးခြင်းများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ XPS 13 ရဲ့ i7 ငွေရောင် မော်ဒယ်က ကန်ဒေါ်လာ ၁၆၀၉ ဒေါ်လာ (မြန်မာငွေ ၂၂သိန်း ဝန်းကျင်) ဖြစ်ပြီးတော့ i5 ရွှေရောင်က ကန်ဒေါ်လာ ၁၇၁၉ ဒေါ်လာ (မြန်မာငွေ ၂၄ သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ အထဲမှာ ပါဝင်တဲ့ Specification တွေအလိုက် စျေးနှုန်း ကွာခြားမှု ရှိနိုင်ပါတယ်။

You may be interested

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro သင္႔ရဲ႕တစ္ေန႔တာ လုပ္ေဆာင္ခ်က္ေတြထဲမွာ စိတ္ရႈပ္ရျပီး အေႏွာင့္အယွက္ေပးတာ တစ္ခုကိုေျပာပါဆိုရင္ ညမအိပ္ခင္ ဖုန္းအားသြင္းရတာမ်ိုဳး၊ စိတ္မခ်ရလို႔ မအိပ္ခင္ အားသြင္းထားတဲ့မီး ျပန္ပိတ္ရတာမ်ိဳး၊ ဖုန္းအားျပည္႔ေအာင္ ေစာင္႔ျပီးမွအိပ္ရတာမ်ိဳး၊ မနက္မိုးလင္းလို႔ အျပင္မသြားခင္…

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္
HUBS, LG, NEWS
0 shares0 views

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္

Ko Thuya - Dec 18, 2018

LG က CES 2018 မွာ စကၠဴလို ေခါက္လိပ္ႏုိင္တဲ့ တီဗီ နမူနာ ေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ အခုေတာ့ Bloomberg ရဲ႕ သတင္းအရင္းအျမစ္တစ္ခုက အဲဒီ တီဗီကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ၆၅ လက္မ OLED…

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့

Ko Thuya - Dec 18, 2018

စမတ္ဖုန္းမ်ားမွာ ေဒတာမ်ားကို ကာကြယ္ဖို႔ အတြက္ လက္ေဗြရာ အာရံုခံ နည္းပညာမ်ား ထည့္သြင္းလာၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပိုမို စိတ္ခ်ရတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို အသံုးျပဳလာၾကပါတယ္။ အဆင့္ျမင့္ မ်က္ႏွာအာရံုခံ နည္းပညာကို ပထမဆံုး အသံုးျပဳႏုိင္တဲ့ ကုမၸဏီက Apple ျဖစ္ပါတယ္။…

Leave a Comment

Most from this category