0 Shares 177 Views

iPhone အတြက္ အေကာင္းဆံုး စီးပြားေရးလုပ္ငန္းသံုး App မ်ား

Jun 22, 2018
0 177

စမတ္ဖုန္းမ်ားဟာ အိတ္ေဆာင္ ကြန္ျပဴတာငယ္ေလးမ်ားလို စြမ္းရည္ျမင့္မားလာၾကပါၿပီ။ Apple iPhone အတြက္ App Store မွာ စီးပြားေရး လုပ္ငန္းသံုး Apps မ်ားစြာကို ရယူ အသံုးျပဳႏုိင္ပါတယ္။ အဲဒီအထဲကမွ အေကာင္းဆံုး Business Apps မ်ားကို ေဖာ္ျပလိုက္ပါတယ္။

၁။ Microsoft Office

Microsoft က iPhone , iPad မ်ားအတြက္ Office Suite ကို ဖန္တီးေပးထားၿပီး Word, Excel , PowerPoint တို႔ကို ဖန္တီးျခင္း၊ Edit ျပဳလုပ္ျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။ အေစာပိုင္းတုန္းကေတာ့ Office 365 ၀ယ္ယူထားသူမ်ားကသာ Edit ျပဳလုပ္ျခင္းလို အလုပ္မ်ားကို ျပဳလုပ္ႏုိင္ျခင္း ျဖစ္ေပမယ့္ အခုေတာ့ အခမဲ့ အသံုးျပဳနုိင္ပါၿပီ။ iPhone ကေန ျပဳလုပ္ထားတဲ့ စာရြက္စာတမ္းမ်ားကို Cloud ကေန Sync လုပ္ေပးတဲ့အတြက္ Windows PC, Mac မ်ားကေန အသံုးျပဳႏိုင္ပါတယ္။ Microsoft Office ဟာ Apple iWork Suite ထက္ေတာင္ ပိုမို ေကာင္းမြန္ပါတယ္။

၂။ Adobe Acrobat Reader

အလုပ္ကိစၥမ်ားအတြက္ iPhone မွာ PDF Reader မ်ားဟာ မရွိမျဖစ္ လိုအပ္ပါတယ္။ အဲဒီအထဲမွာ Adobe Acrobat Reader App က အေကာင္းဆံုး ျဖစ္ပါတယ္။ သူ႔ကို အခမဲ့ အသံုးျပဳႏုိင္ၿပီး PDF ဖိုင္မ်ားကို Edit ျပဳလုပ္ႏိုင္ပါတယ္။ သူ႔ကို Adobe အေကာင့္နဲ႔ တြဲဖက္ အသံုးျပဳရင္ ကြဲျပားတဲ့ ေဖာ္မက္မ်ားကို ေျပာင္းလဲေပးျခင္းလို စြမ္းေဆာင္ခ်က္ အပိုမ်ားကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Apple က Mail လို App အမ်ားစုမွာ PDF Reader မ်ားကို ပံ့ပိုးေပးထားပါတယ္။ ဒါေပမယ့္ PDF မ်ားကို ဖန္တီးျခင္း၊ Edit လုပ္ျခင္းမ်ားအတြက္ Adobe Acrobat Reader က ပိုမို အသံုး၀င္ပါတယ္။

၃။ Genius Scan

Genius Scan က ပံုႏွိပ္စာရြက္စာတမ္းမ်ားကို ဖုန္းကင္မရာကေန ဓါတ္ပံု ရိုက္ကူးၿပီး PDF ဖိုင္ အျဖစ္ ထုတ္လုပ္ေပးႏုိင္ပါတယ္။ သူ႔မွာ ကင္မရာ အေနအထား၊ ကင္မရာ မီးအလင္းေရာင္တို႔ကို ခ်ိန္ညွိႏိုင္ၿပီး အရွင္းလင္းဆံုး PDF ဖိုင္ကို ဖန္တီးေပးႏုိင္ပါတယ္။ ဖန္တီးထားတဲ့ PDF ဖိုင္ကို သူငယ္ခ်င္း ၊ လုပ္ေဖာ္ကိုင္ဖက္မ်ားထံ Messaging App , Email မ်ားကေန ေပးပို႔ႏုိင္သလို Dropbox, Evernote, Google Drive တို႔မွာလည္း သိမ္းဆည္းႏိုင္ပါတယ္။ သူ႔မွာ PDF ဖိုင္မ်ားကို Tags မ်ား၊ ေခါင္းစီးမ်ားျဖင့္ သိမ္းဆည္းထားႏိုင္တဲ့အတြက္ ရွာေဖြရတာ လြယ္ကူပါတယ္။

၄။ Gmail

Gmail ဟာ အသံုးျပဳသူ ၁ ဘီလီယမ္ ရွိတဲ့ ကမာၻ႕ လူသံုးအမ်ားဆံုး အီးေမး ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ Apple က Mail App ကို ဖန္တီးထားေပမယ့္ Gmail က စြမ္းရည္ ပိုမို ျမင့္မားပါတယ္။ Gmail ကို အသံုးျပဳျခင္းျဖင့္ Docs, Calendar တို႔လို Google ၀န္ေဆာင္မႈမ်ားကိုပါ တြဲဖက္ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Gmail မွာ Tag , Label , Category စတဲ့ စြမ္းေဆာင္ခ်က္မ်ားလည္း ပါပါတယ္။

၅။ Slack

Slack ကို ေန႔စဥ္ အသံုးျပဳသူ ၃ သန္းေက်ာ္ရွိၿပီး စီးပြားေရး လုပ္ငန္းမ်ားအတြက္ အထူး ဖန္တီးထားတဲ့ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ Slack မွာ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ စကားေျပာျခင္း၊ ဖုိင္မ်ား မွ်ေ၀ျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။ သင့္ရဲ႕ Device အားလံုးမွာ Chat , Files မ်ားကို Sync လုပ္ေပးႏုိင္ပါတယ္။ သူ႔မွာ စီမံကိန္း အလိုက္ Chat Group မ်ားကို ဖန္တီးထားႏုိင္ပါတယ္။

၆။ Pocket

အင္တာနက္မွ သတင္း၊ ေဆာင္းပါးမ်ား၊ ဗီဒီယိုမ်ားကို Offline ၾကည့္ရႈႏိုင္ျခင္းဟာလည္း အလုပ္ကိစၥမ်ားအတြက္ လိုအပ္ပါတယ္။ Pocket က အဲဒီ အလုပ္မ်ားကို ျပဳလုပ္ေပးႏုိင္တဲ့ အခမဲ့ iOS App ျဖစ္ပါတယ္။ သူ႔မွာ သိမ္းဆည္းထားတဲ့ အရာမ်ားကို သင့္ရဲ႕ Device မ်ားအၾကားမွာ Sync လုပ္ေပးႏိုင္ပါတယ္။ သတင္း၊ ေဆာင္းပါးမ်ားကို Tag မ်ားျဖင့္ သိမ္းထားႏုိင္တဲ့အတြက္ ရွာေဖြရတာ လြယ္ကူပါတယ္။

ref : techradar

unicode

iPhone အတွက် အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး App များ

စမတ်ဖုန်းများဟာ အိတ်ဆောင် ကွန်ပြူတာငယ်လေးများလို စွမ်းရည်မြင့်မားလာကြပါပြီ။ Apple iPhone အတွက် App Store မှာ စီးပွားရေး လုပ်ငန်းသုံး Apps များစွာကို ရယူ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး Business Apps များကို ဖော်ပြလိုက်ပါတယ်။

၁။ Microsoft Office

Microsoft က iPhone , iPad များအတွက် Office Suite ကို ဖန်တီးပေးထားပြီး Word, Excel , PowerPoint တို့ကို ဖန်တီးခြင်း၊ Edit ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အစောပိုင်းတုန်းကတော့ Office 365 ဝယ်ယူထားသူများကသာ Edit ပြုလုပ်ခြင်းလို အလုပ်များကို ပြုလုပ်နိုင်ခြင်း ဖြစ်ပေမယ့် အခုတော့ အခမဲ့ အသုံးပြုနိုင်ပါပြီ။ iPhone ကနေ ပြုလုပ်ထားတဲ့ စာရွက်စာတမ်းများကို Cloud ကနေ Sync လုပ်ပေးတဲ့အတွက် Windows PC, Mac များကနေ အသုံးပြုနိုင်ပါတယ်။ Microsoft Office ဟာ Apple iWork Suite ထက်တောင် ပိုမို ကောင်းမွန်ပါတယ်။

၂။ Adobe Acrobat Reader

အလုပ်ကိစ္စများအတွက် iPhone မှာ PDF Reader များဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီအထဲမှာ Adobe Acrobat Reader App က အကောင်းဆုံး ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပြီး PDF ဖိုင်များကို Edit ပြုလုပ်နိုင်ပါတယ်။ သူ့ကို Adobe အကောင့်နဲ့ တွဲဖက် အသုံးပြုရင် ကွဲပြားတဲ့ ဖော်မက်များကို ပြောင်းလဲပေးခြင်းလို စွမ်းဆောင်ချက် အပိုများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple က Mail လို App အများစုမှာ PDF Reader များကို ပံ့ပိုးပေးထားပါတယ်။ ဒါပေမယ့် PDF များကို ဖန်တီးခြင်း၊ Edit လုပ်ခြင်းများအတွက် Adobe Acrobat Reader က ပိုမို အသုံးဝင်ပါတယ်။

၃။ Genius Scan

Genius Scan က ပုံနှိပ်စာရွက်စာတမ်းများကို ဖုန်းကင်မရာကနေ ဓါတ်ပုံ ရိုက်ကူးပြီး PDF ဖိုင် အဖြစ် ထုတ်လုပ်ပေးနိုင်ပါတယ်။ သူ့မှာ ကင်မရာ အနေအထား၊ ကင်မရာ မီးအလင်းရောင်တို့ကို ချိန်ညှိနိုင်ပြီး အရှင်းလင်းဆုံး PDF ဖိုင်ကို ဖန်တီးပေးနိုင်ပါတယ်။ ဖန်တီးထားတဲ့ PDF ဖိုင်ကို သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်များထံ Messaging App , Email များကနေ ပေးပို့နိုင်သလို Dropbox, Evernote, Google Drive တို့မှာလည်း သိမ်းဆည်းနိုင်ပါတယ်။ သူ့မှာ PDF ဖိုင်များကို Tags များ၊ ခေါင်းစီးများဖြင့် သိမ်းဆည်းထားနိုင်တဲ့အတွက် ရှာဖွေရတာ လွယ်ကူပါတယ်။

၄။ Gmail

Gmail ဟာ အသုံးပြုသူ ၁ ဘီလီယမ် ရှိတဲ့ ကမ္ဘာ့ လူသုံးအများဆုံး အီးမေး ဝန်ဆောင်မှု ဖြစ်ပါတယ်။ Apple က Mail App ကို ဖန်တီးထားပေမယ့် Gmail က စွမ်းရည် ပိုမို မြင့်မားပါတယ်။ Gmail ကို အသုံးပြုခြင်းဖြင့် Docs, Calendar တို့လို Google ဝန်ဆောင်မှုများကိုပါ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Gmail မှာ Tag , Label , Category စတဲ့ စွမ်းဆောင်ချက်များလည်း ပါပါတယ်။

၅။ Slack

Slack ကို နေ့စဉ် အသုံးပြုသူ ၃ သန်းကျော်ရှိပြီး စီးပွားရေး လုပ်ငန်းများအတွက် အထူး ဖန်တီးထားတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Slack မှာ လုပ်ဖော်ကိုင်ဖက်များနဲ့ စကားပြောခြင်း၊ ဖိုင်များ မျှဝေခြင်းများကို ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ Device အားလုံးမှာ Chat , Files များကို Sync လုပ်ပေးနိုင်ပါတယ်။ သူ့မှာ စီမံကိန်း အလိုက် Chat Group များကို ဖန်တီးထားနိုင်ပါတယ်။

၆။ Pocket

အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ ဗီဒီယိုများကို Offline ကြည့်ရှုနိုင်ခြင်းဟာလည်း အလုပ်ကိစ္စများအတွက် လိုအပ်ပါတယ်။ Pocket က အဲဒီ အလုပ်များကို ပြုလုပ်ပေးနိုင်တဲ့ အခမဲ့ iOS App ဖြစ်ပါတယ်။ သူ့မှာ သိမ်းဆည်းထားတဲ့ အရာများကို သင့်ရဲ့ Device များအကြားမှာ Sync လုပ်ပေးနိုင်ပါတယ်။ သတင်း၊ ဆောင်းပါးများကို Tag များဖြင့် သိမ်းထားနိုင်တဲ့အတွက် ရှာဖွေရတာ လွယ်ကူပါတယ်။

ref : techradar

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category