615 Shares 208 Views
Jun 22, 2018
615 208
Ref : gsmarena
unicode
Xiaomi က Redmi 6 Pro ရဲ့ ဓါတ်ပုံများကို တရားဝင် ပြလိုက်ပြီ
Xiaomi Redmi 6 Pro ရဲ့ သတင်းအချက်အလက်များ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရှောင်မီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းကို ယခုလ ၂၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ အခုလည်း ဝီဘိုကနေပဲ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံများကို ပြသလိုက်ပါတယ်။
ဓါတ်ပုံများအရ သူ့ကို အရောင်စုံထုတ်လုပ်ပေးထားပါတယ်။ ရှုထောင့်မျိူးစုံကနေဖုန်းကိုပြသထားပါတယ်။ Notch ပါလာတာကိုလည်း တွေ့ရပါတယ်။ သူ့မှာ ၅.၈၄ လက်မ 19:9 Display တပ်ဆင်ထားပါတယ်။ သူဟာ Notch ပါတဲ့ ပထမဆုံး Redmi Phone ဖြစ်ပါတယ်။ အနောက်ဘက်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး micro USB Port ပါပါတယ်။
သူ့ကို တနင်္လာနေ့မှာ Xiaomi Mi Pad 4 နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ Xiaomi က ပြီးခဲ့တဲ့ တစ်ပတ်မှာ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းအသစ်များကို ကြေညာခဲ့ပေမယ့် Redmi 6 Pro တော့ မပါဝင်ခဲ့ပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့ကို မော်ဒယ်သုံးမျိုးထုတ်လုပ်ထားမှာဖြစ်ပါတယ်။ 2GB RAM+16GB Storage ၊ 3GB RAM+32GB Storage နဲ့ 4GB RAM+64GB Storage များ ဖြစ်ပါတယ်။
အနောက်ဘက်မှာ 12MP + 5MP ကင်မရာ ၂ လုံးတပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်မှာတော့ 5MP ကင်မရာကိုသာတပ်ဆင်ပေးထားနိုင်ပါတယ်။ Android 8.1 Oreo , 3900mAh Battery များ ထည့်သွင်းထားနိုင်ပါတယ်။ လာမယ့် မန်းဒေးကို ရင်ခုန်စောင့်မျှော်လိုက်ရအောင်နော်။
Ref : gsmarena
You may be interested
Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views
Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Ko Thuya - Oct 21, 2018
Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…
Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares0 views
Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Creepy Tyler - Oct 21, 2018
(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…
Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Android, ASUS, HUBS
0 shares0 views
Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Ko Thuya - Oct 21, 2018
Gaming Phone နယ်ပယ်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါပြီ။ Razer က ပထမဆုံး Gaming Phone ကို မိတ်ဆက်ပြီးနောက်မှာ အခြား ကုမ္ပဏီများကလည်း အားကျမခံ သူတို့ ကိုယ်ပိုင် Gaming Phone များကို ပွဲထုတ်လာကြပါတယ်။ အဲဒီအထဲမှာ Asus…
Leave a Comment
Most from this category