314 Shares 144 Views


Jun 22, 2018
314 144





Ref : gsmarena

unicode

၆.၂ လက်မ မျက်နှာပြင်နဲ့ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ LG Stylo 4 ကို မိတ်ဆက်ပြီ

LG က အမေရိကန်မှာ စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့အမည်မှာ Stylo 4 ဖြစ်ပြီး 1.8GHz Octa-Core Snapdragon 450 SoC ထည့်သွင်းထားပါတယ်။ ၆.၂ လက်မ 2160x1080p Display တပ်ဆင်ထားပါတယ်။ 2GB RAM , 32GB Internal Storage များပါပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။ Stylus Pen လို့ အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Android 8.1 Oreo မောင်းနှင်ထားပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။

Software Features များအနေနဲ့ ဒစ်ဂျစ်တယ် ဘောပင်ကို ဖုန်းကနေ ဆွဲထုတ်လိုက်တာနဲ့ စာတန်းရေးနိုင်တဲ့ Screen Off Memo ပါပါတယ်။ စကရင်ကို On လုပ်ဖို့ မလိုတော့ပါဘူး။ ဗီဒီယိုများမှ အစိတ်အပိုင်းများကို GIF အဖြစ် ပြောင်းပေးနိုင်တဲ့ GIF Capture ပါလာပါတယ်။ NFC ဆက်သွယ်မှုလည်း ထည့်ထားပါတယ်။ Google Lens လိုမျိုး Qlens စွမ်းရည် ပါပါတယ်။

Stylo 4 ဟာ RAM ပိုမို ထည့်ထားတဲ့ LG Q Stylus a ရဲ့ မော်ဒယ်ကွဲတစ်ခု ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို MetroPCS ကနေ ၁၇၉ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

Ref : gsmarena

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category